မဖြစ်မနေသိထားသင်တဲ့ အူအတက်ပေါက်ခါနီး ရှေ့ပြေးလက္ခဏာများ

Health
မဖြစ်မနေသိထားသင်တဲ့ အူအတက်ပေါက်ခါနီး ရှေ့ပြေးလက္ခဏာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဖြစ်မနေသိထားသင်တဲ့ အူအတက်ပေါက်ခါနီး ရှေ့ပြေးလက္ခဏာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မဖြစ်မနေသိထားသင်တဲ့ အူအတက်ပေါက်ခါနီး ရှေ့ပြေးလက္ခဏာများ

အူအတက်ပေါက်ခါနီး တွေ့ရှိရတဲ့ ရောဂါလက္ခဏာများကတော့

ခါတိုင်းထက် ပို၍ဆိုးရွားစွာ ဗိုက်အောင့်ခြင်း

အူအတက်ရောင်ခြင်းကြောင့် ခံစားရတဲ့ နာကျင်မှုဟာ လွန်စွာဆိုးရွားကာ ချက်နားတစ်ဝိုက်မှတဆင့် ညာဘက်ဝမ်းဗိုက် အောက်ပိုင်းထိ ပျံ့နှံ့နိုင်ပါတယ် ။ဒီလိုနာကျင်မှုဟာ အူအတက် ပေါက်တော့မယ်လို့ ဆိုလိုတာ မဟုတ်ပေမယ့် သေချာစေဖို့အတွက် ကွန်ပျူတာဓာတ်မှန်ကဲ့သို့ စစ်ဆေးမှုမျိုးကိုမူ ပြုလုပ်သင့်ပါတယ် ။

အူအတက်ရောင်တဲ့ လူနာတွေမှာ မတူညီတဲ့ မသက်မသာဖြစ်မှုတွေ အမျိုးမျိုးရှိ တတ်ကြပါတယ် ။လမ်းလျှောက်ခြင်း၊ ချောင်းဆိုးခြင်း၊ ကားပေါ်တက်ခြင်းစတဲ့ လှုပ်လှုပ်ရှားရှား အပြုအမူတွေကြောင့် နာကျင်တဲ့ ဝေဒနာကို ခံစားရပါက ဝမ်းဗိုက်တပြင်လုံးဟာ ရောင်ရမ်းနေလို့ပဲ ဖြစ်ပါတယ် ။ ၎င်းအခြေအနေသည် အူအတက်ပေါက် လုဆဲဆဲ (သို့) ပေါက်ပြီးတာ ဖြစ်နိုင်ပါတယ် ။

ပျို့အန်ခြင်းနှင့် အစားအသောက်ပျက်ခြင်း

အူအတက်ရောင်တဲ့သူတိုင်း ဒီလိုရောဂါ လက္ခဏာတွေ ခံစားရတာမဟုတ်ပါဘူး ။ ဒါပေမယ့် ဗိုက်အောင့်ခြင်းအပြင် အထက်ပါ လက္ခဏာတွေ ခံစားနေရပြီဆိုပါက စစ်ဆေးမှုတွေကို ပြုလုပ်သင့်ပါတယ် ။အူအတက်ရောင်ရမ်းခြင်းဟာ တစ်ခါတစ်ရံမှာ အူလမ်းကြောင်းနဲ့ အာရုံကြောစနစ်တွေကို အကျိုးသက်ရောက်မှု ရှိစေနိုင်တာကြောင့် ပျို့အန်ခြင်းတွေ ခံစားရစေတာဖြစ်ပါတယ် ။

ပုံမှန်ထက်ပို၍ ဆီးခဏခဏသွားခြင်း

အချို့သူတွေမှာ အူအတက်သည် ဆီးခုံရိုးအောက်နားမှာ တည်ရှိနိုင်တာကြောင့် ဆီးအိမ်နဲ့ ကပ်နေလေ့ရှိပါတယ် ။ ဆီးအိမ်ဟာ ရောင်ရမ်းနေတဲ့ အူအတက်နဲ့ ထိတွေ့မိတာကြောင့် သွားဆွသလိုဖြစ်ပြီး ရောင်ရမ်းလာပါတော့တယ် ။အကျိုးဆက်အနေနဲ့ မကြာခဏ ဆီးသွားချင်စိတ်ဖြစ်လာပြီး ဆီးသွားတဲ့အခါမှာလည်း အလွန်နာကျင်ပါတယ် ။ ဒါဟာ ဆီးလမ်းကြောင်း ပိုးဝင်တာရဲ့ အချက်ပေးလက္ခဏာ ဖြစ်နိုင်ပေမယ့်လည်း အခြားရောဂါ လက္ခဏာတွေနဲ့ တွဲနေပါက အူအတက်ရောင်တာ ပိုဖြစ်နိုင်ပါတယ် ။

အဖျားကြီးပြီး ချမ်းတုန်ခြင်း

ကိုယ်အပူချိန်မြင့်တက်၍ ချမ်းတုန်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့တစ်နေရာမှာ ရောင်ရမ်းမှုတစ်ခုခု ရှိနေတာကို ဆိုလိုပါတယ် ။ အူအတက်ရောင်တဲ့အခါမှာ တုံ့ပြန်တဲ့အနေနဲ့ခန္ဓာကိုယ်ဟာ ဓာတုပစ္စည်းအများအပြား ထုတ်လုပ်၍ အချက်ပေးကာ တိုက်ခိုက်ဖို့ ဆဲလ်တွေကို ထိုနေရာသို့ ရောက်အောင် ခေါ်ဆောင်ပါတယ် ။ဤနည်းအားဖြင့် နာကျင်မှုဝေဒနာအပြင် ဖျားနာခြင်း၊ ချမ်းတုန်ခြင်းတို့ကို ခံစားစေရစေတာဖြစ်ပါတယ် ။ ဒါကြောင့် ဗိုက်အောင့်တာ အပြင် အဖျားပါကြီးပါက ဆရာဝန်နဲ့ ချက်ချင်း သွားရောက်ပြသ သင့်ပါတယ် ။

စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်ခြင်း

သတိလစ် မေ့မြောတာတွေ၊ စိတ်ဂယောင် ချောက်ခြားတွေ ဖြစ်လာပါက ရောဂါပိုးတွေဟာ သွေးထဲရောက်လာတဲ့ လက္ခဏာဖြစ်ပြီး သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ် ။အဲလိုဖြစ်ရတာဟာ ဦးနှောက်ထဲမှာ တစ်စုံတစ်ရာ မှားယွင်းနေလို့မဟုတ်ဘဲ ရောဂါပိုးတွေ ပိုမိုပျံ့နှံ့လာပြီး အောက်ဆီဂျင် အပါအဝင် အခြား ခန္ဓာကိုယ် အရင်းအမြစ်တွေကို သုံးစွဲလိုက်တာကြောင့် ဦးနှောက်ဟာ လုံလောက်စွာ မရတော့ဘဲ ကောင်းစွာ အလုပ်မလုပ်နိုင်တော့တာဖြစ်ပါတယ် ။ဒါကြောင့် တစ်စုံတစ်ယောက်ဟာ စိတ်ခံစားမှုအခြေအနေ ပြောင်းလဲလာပြီဟု အထင်ရှိပါက ( အူအတက်ရောင်တာဖြစ်စေ၊ အခြားအခြေအနေတစ်ခုခုကြောင့်ဖြစ်စေ ) အမြန်ဆုံး အကူအညီ ရယူသင့်ပါတယ် ။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။