အဏုကြည့်ကိရိယာနဲ့သာ ကြည့်ရှုလို့ရနိုင်တဲ့ သေးငယ်တဲ့ပန်းပုတွေကို တီထွင်တဲ့ ပန်းပုပညာရှင်

Celebrity International News
အဏုကြည့်ကိရိယာနဲ့သာ ကြည့်ရှုလို့ရနိုင်တဲ့ သေးငယ်တဲ့ပန်းပုတွေကို တီထွင်တဲ့ ပန်းပုပညာရှင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဏုကြည့်ကိရိယာနဲ့သာ ကြည့်ရှုလို့ရနိုင်တဲ့ သေးငယ်တဲ့ပန်းပုတွေကို တီထွင်တဲ့ ပန်းပုပညာရှင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဏုကြည့်ကိရိယာနဲ့သာ ကြည့်ရှုလို့ရနိုင်တဲ့ သေးငယ်တဲ့ပန်းပုတွေကို တီထွင်တဲ့ ပန်းပုပညာရှင်

ဝီလ်လာဒ် ဝီဂန်က အဏုကြည့်ကိရိယာနဲ့သာ ကြည့်ရှုလို့ရနိုင်တဲ့ သေးငယ်လွန်းတဲ့ သူ့ရဲ့ပန်းပုတွေကြောင့် လူသိများတဲ့ ပန်းပုပညာရှင်တစ်ယောက်ပါ။ သူ့ရဲ့ပန်းပုပြပွဲအသစ် “Miniature Masterpieces”ကတော့ အပ်ပေါက်အတွင်း ဖန်တီးထားတဲ့ ပန်းပုရုပ်ပေါင်း ၂၀ ပါဝင်ပါတယ်။ အခမဲ့ပြပွဲဖြစ်ပြီး အင်္ဂလန်နိုင်ငံ၊ နော့်တင်ဂမ်မြို့ရှိ Wollaton Hall မှာ လက်ရှိ ပြသနေပါတယ်။

ဝီဂန်ရဲ့သေးငယ်လွန်းတဲ့ပန်းပုတွေက မယုံနိုင်လောက်အောင် အသေးစိတ်ကျပါတယ်။ သူက ဒီပန်းပုရုပ်တွေကို ဖန်တီးဖို့အတွက် အဏုကြည့်ကိရိယာကို အသုံးပြုရပါတယ်။ ဒါမှ သူ ဖန်တီးနေတဲ့အရာကို ကောင်းကောင်းမြင်ရမှာမို့ပါ။ ဒါတွေကို ပုံဖော်ဖန်တီးဖို့အတွက် hypodermic ဆေးထိုးအပ်ကိုလည်းအသုံးပြုပါတယ်။ သူ အခုလို ပန်းပုပညာရှင်ဖြစ်လာတာက သူ့မိခင်ရဲ့လွှမ်းမိုးမှုကြောင့်ပါ။ ငယ်စဉ်ကလေးဘဝတုန်းက သူဟာ စာရေးစာဖတ်ရာမှာ အခက်အခဲတွေ့ခဲ့တယ်။ နောက်တော့ အော်တစ်ဇင်နဲ့ စာဖတ်ခက်ရောဂါဖြစ်လာခဲ့တယ်။

ဒါပေမဲ့ အဲ့ဒီလိုဖြစ်နေတဲ့အချိန် သူဟာ ပန်းပုတွေထုလုပ်ရင်းနဲ့ စိတ်သက်သာမှုရခဲ့တယ်။ သူ့အမေကလည်း သူ့ရဲ့ပန်းပုတွေအပေါ် စိတ်ဝင်စားခဲ့တယ်။ သူ့ရဲ့ကိုယ်ပိုင်နည်းနဲ့ ပိုပြီးတော့ သေးငယ်တဲ့ပန်းပုတွေကို ဖန်တီးဖို့ သူ့အမေက သူ့ကို တွန်းအားပေးခဲ့တယ်။ ၁၉၉၅ ခုနှစ်မှာ သူ့အမေ မသေဆုံးခင် “အရာဝတ္ထုတွေကို ပိုပြီးသေးသေးလုပ်လေ…မင်းရဲ့နာမည်ပိုကြီးလာလေလေဖြစ်မယ်”ဆိုပြီး အကြံပေးသွားခဲ့တာပါ။

သူ့ရဲ့လက်ရာတွေက ကမ္ဘာကြီးရဲ့ထူးခြားတဲ့ရှုထောင့်ကို ဂုဏ်ပြုပါတယ်။ ဒေသတွင်းကျောင်းတွေဆီ ယူဆောင်သွားမယ့် Disappearing World အမည်ရတဲ့ ပန်းပုစုစည်းမှုက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လှုံ့ဆော်ပေးပြီး ဇီဝမျိုးစုံမျိုးကွဲတွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို မီးမောင်းထိုးပြနိုင်ဖို့ သူ မျှော်လင့်ထားပါတယ်။ “Miniature Masterpieces” မှာပါဝင်တဲ့ ပန်းပုရုပ်အသစ် ၄ ခုက Disappearing World ပန်းပုစုစည်းမှုရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။

ပန်းပုပြပွဲမှာ ‘Mona Lisa”လို နာမည်ကြီးပန်းချီကားတွေရဲ့အသေးစားဖန်တီးမှုအပါအဝင် ဝီဂန်ရဲ့နာမည်အကြီးဆုံးလက်ရာတချို့လည်းပါဝင်ပါတယ်။ ဒီလက်ရာတွေက ပန်းပုပညာရှင်အဖြစ် ဝီဂန်ရဲ့ကျွမ်းကျင်မှုအတွက် သက်သေပါပဲ။ ဒီသေးငယ်တဲ့ပန်းပုတွေကို ဖန်တီးရတာ မလွယ်ပါဘူး။ ဖန်တီးရင်း သတိလက်လွတ်ဖြစ်ပြီး အမှားလုပ်မိတာက လုပ်နေတာကို အဆုံးသတ်ပစ်လိုက်ရနိုင်ပါတယ်။ ဖုန်းပြောရင်း သူ့ရဲ့ရုပ်ထုတွေထဲက တစ်ခုကို မတော်တဆ နှာခေါင်းနဲ့ရှုသွင်းမိတဲ့အချိန်မှာ သိခဲ့ရတာပါ။ ဒီလိုအမှားမျိုးမဖြစ်ဖို့ ရုပ်ထုမဖန်တီးခင် အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ရပါတယ်။

သူ့ရဲ့အလုပ်နဲ့ပတ်သက်ပြီး စိတ်ဖိစီးတာနဲ့ အခက်အခဲတွေရှိပေမဲ့ အခြားသူတွေရဲ့ကောင်းတဲ့တုံ့ပြန်ချက်တွေကြောင့် သူ ပျော်ရွှင်ရပါတယ်။ ဝီဂန်က အသေးဆုံးလက်လုပ်ရုပ်တုအတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းကိုလည်း ကိုင်ဆောင်ထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။