ထင်ပေါ်ပြီးဆွဲဆောင်မှုရှိလွန်းတဲ့ အင်္ကျီမျိုးကို ရဲရဲတင်းတင်းဝတ်ဆင်သွားခဲ့တဲ့ BLACKPINK Jennie

Celebrity International News
ထင်ပေါ်ပြီးဆွဲဆောင်မှုရှိလွန်းတဲ့ အင်္ကျီမျိုးကို ရဲရဲတင်းတင်းဝတ်ဆင်သွားခဲ့တဲ့ BLACKPINK Jennie

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထင်ပေါ်ပြီးဆွဲဆောင်မှုရှိလွန်းတဲ့ အင်္ကျီမျိုးကို ရဲရဲတင်းတင်းဝတ်ဆင်သွားခဲ့တဲ့ BLACKPINK Jennie ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထင်ပေါ်ပြီးဆွဲဆောင်မှုရှိလွန်းတဲ့ အင်္ကျီမျိုးကို ရဲရဲတင်းတင်းဝတ်ဆင်သွားခဲ့တဲ့ BLACKPINK Jennie

BLACKPINK ဟာ Coachella 2023 အတွက် သူတို့ရဲ့ ဒုတိယမြောက် ဖျော်ဖြေမှုကို ပြီးမြောက်ခဲ့ပြီး ပရိသတ်တို့ကို လွှမ်းမိုးချုပ်ကိုင်သွားခဲ့ကာ ထိပ်တန်း မိန်းကလေးအဖွဲ့အဖြစ် သူတို့ရဲ့ သမိုင်းကြောင်းကို ဆက်လက်ဖန်တီးသွားခဲ့ပြန်ပါပြီ။

BLACKPINK သည် “Pink Venom”၊ “How You Like That” တို့ အပါအဝင် BLINK တို့ကို စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းသွားခဲ့တဲ့ သီချင်း ၁၈ ပုဒ်ဖြင့် ဖျော်ဖြေသွားခဲ့ပြီး ဒီတစ်ခေါက်မှာလည်း ထူးထူးခြားခြားပဲ အဖွဲ့ဝင်တွေရဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် ဖျော်ဖြေမှုတွေဟာ ပိုပြီးရင်သပ်ရှုမောဖွယ်ကောင်းနေခဲ့ပါတယ်။

ဖျော်ဖြေမှုကို အာရုံစိုက်နေတဲ့ ကင်မရာများ နီးကပ်လာတာနဲ့အမျှ BLACKPINK အဖွဲ့ဝင် Jennie ရဲ့ အမိုက်စား ဝတ်စားဆင်ယင်မှုကို netizens တွေက ပါးစပ်အဟောင်းသားဖြစ်ခဲ့ကြရပြီး သူမရဲ့ ရဲရင့်ပြီး ဆွဲဆောင်မှုရှိတဲ့ အင်္ကျီအတွက်လည်း Jennie ဟာ social media တွေထက်မှာ လျင်မြန်စွာ အာရုံစိုက်ခံခဲ့ရပါတယ်။

Coachella ရဲ့ အဓိကစင်မြင့်ကို အဖွဲ့ဝင်များနဲ့အတူ လွှမ်းမိုးချုပ်ကိုင်နေခဲ့ရင်း Jennie က သူမရဲ့ ယုံကြည်ချက်ပြင်းထန်မှုနဲ့ ရဲရင့်တဲ့ အသွင်အပြင်တို့ကို ဖော်ထုတ်သွားခဲ့ရာမှာ ဖျော်ဖြေမှုအပြီး hashtag အများအပြားဖြင့် trending ဖြစ်သွားခဲ့ပြီး Coachella ဒုတိယအပတ်အတွက် အာရုံအစိုက်ခံရဆုံး BLACKPINK အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

Jennie ဟာ အခုလို ဆက်စီဖြစ်လွန်းတဲ့ outfits နဲ့အတူ အံ့အားသင့်ဖွယ်ရာ ထိပ်တန်း visual နဲ့ performance တို့ကို ပြသသွားနိုင်ခဲ့တဲ့အတွက်လည်း netizens တို့ရဲ့ သဘောကျနှစ်ခြိုက်မှုနဲ့ ချီးကျူးမှုတွေကို ရရှိထားခဲ့ပါတယ်။

ရေးသားသူ – Superstar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။