သင့်ကို ဉာဏ်ကောင်းစေသော အစားအစာများ

Health
သင့်ကို ဉာဏ်ကောင်းစေသော အစားအစာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင့်ကို ဉာဏ်ကောင်းစေသော အစားအစာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင့်ကို ဉာဏ်ကောင်းစေသော အစားအစာများ

စာဖတ်သူများ ကျန်းမာစွာ စားသောက်နေထိုင်နိုင်ရန် နှင့် ဉာဏ်ရည်တိုးစေရန် စာသုံးသင့်သော အစားအစာများအား လေ့လာနိုင်ရန် အောက်ပါအတိုင်း စုစည်းတင်ဆက် ပေးလိုက်ပါသည်။

ဆာမွန်ငါး

ဆာမွန်ငါးတွင် ပါဝင်သော omega-3 fatty acids သည် ဦးနှောက် စွမ်းဆောင်မှုအတွက် အရေးပါလှသည်။ လေ့လာစမ်းသပ်မှုများအရ omega-3 ဓာတ်သည် ပင်ပန်းနွမ်းလျခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း၊ စိတ်ဂယောက်ဂယက်ဖြစ်ခြင်း များကို လျော့နည်းပေးနိုင်ကြောင်း တွေ့ရသည်။ ထိုအရေးပါသော omega-3 fatty acids ဓာတ်ကို ခန္ဓာကိုယ်မှ အလုံအလောက် မထုတ်ပေးသောကြောင့် အစားအသောက်များဖြင့် ဖြည့်စွက်ပေးရန် အရေးပါလှသည်။ တတ်ကျွမ်းသူများမှ မွေးမြူရေး ဆာမွန်ငါးများထက် သဘာဝ ဆာမွန်ငါးများကို စားသုံးလျှင် omega-3 ဓာတ်ပိုမို များပြားသည်။ ဆာမွန်ငါး အစားထိုးအနေဖြင့် တူနာငါးများကိုလဲ စားသုံးနိုင်ပါသည်။

ထောပတ်သီး

ထောပတ်သီးသည် ပျစ်ပျစ်နှစ်နှစ် နှင့် အရသာရှိရုံသာမက ဦးနှောက်စွမ်းရည်ကိုလည်း မြှင့်တင်ပေးပါသည်။ လေ့လာစမ်းသပ်မှုများအရ ထောပတ်သီးတွင် ပါဝင်သည့် monounsaturated farry acids သည် ဦးနှောက်သွေးကြောများကို ကျန်းမာစေပါသည်။ ထောပတ်သီး တစ်ခါစားသုံးတိုင်း ဗီတာမင် အမျိုး ၂၀ပါဝင်သည်။ ထောပတ်သီးတွင် ကယ်လိုရီ ပါဝင်မှု များပြားခြင်းကြောင့် တစ်ဝက်လောက်သာနေ့စဥ် စားသုံးအစားအစာများ နှင့် တွဲဖက်စားလျှင် လုံလောက်သည် ဟုဆိုသည်။

အစေ့အစံများ

အစေ့အစံများသည် ဗီတာမင် E နှင့် omega-3 fatty acids ကြွယ်ဝစွာပါဝင်သည်။ အစေ့အစံများသည် အထွေထွေကျမ်းမာရေးအတွက် များစွာ အထောက်အကူပြုသည်။ အထူးသဖြင့် သစ်ကြားသီး (walnuts) တစ်ခုထဲပင်လျှင် ဗီတာမင် E, omega-3 fatty acids နှင့် ဗီတာမင် B6 တို့ပါဝင်ခြင်း အတွက်ကြောင့် serotonin နှင့် norepinephrine အစရှိသော ဓာတ်များသည် ဦနှောက်သို့ အချက်ပေး လုပ်ဆောင်ချက်များ အတွက်များစွာ အထောက်အကူ ပြုသည်။

ဒေါက်ခွရွက်၊ ပန်းပွင့်စိမ်း နှင့် အစိမ်းရောင်အရွက်များ
Green vegetables and dark leafy food background as a healthy eating concept of fresh garden produce organically grown as a symbol of health as kale swiss chard spinach collards broccoli and cabbage.

အစိမ်းရင့်ရောင် အရွက်များသည် အဟာရ အရင်းအမြစ်များဖြစ်သည်။ လေ့လာစမ်းသပ်ချက် များတွင် ဒေါက်ခွရွက် နှင့် ပန်းပွင့်စိမ်း များသည် အသက်အရွယ် အိုမင်းရင့်ရော်မှု ဆိုင်ရာ ရောဂါများမှ ကာကွယ်ပေးနိုင်သည်။ ထို့အပြင် သူတို့နှစ်မျိုးစလုံးတွင် ခန္တာကိုယ်အတွင်း အောက်စီဂျင် ပို့ဆောင်ပေးခြင်းတွင် အဓိကကျသော ရေဓာတ်ပါဝင် မှုများသည်။

ဘယ်ရီသီးများ

လေ့လာစမ်းသပ်ချက် များတွင် ဘယ်ရီသီးများ များများစားသုံးခြင်းက ဦးနှောက်စွမ်းရည် နှင့် သက်ဆိုင်သော ရောဂါများကို အတန်အသင့် ကာကွယ်ပေးနိုင်သည် ကို တွေ့ရှိရသည်။ ဘယ်ရီသီးများတွင်ပါဝင်သော antioxidant ဓာတ်သည် အသက်ကြီးရွယ်အိုများတွင် ဖြစ်လေ့ရှိသော မှတ်ဉာဏ် အားနည်းခြင်း နှင့် စိတ်မတည်ခြင်း လက္ခဏာများကို သက်သာစေနိုင်ကြောင်းတွေ့ရှိရသည်။ ထို့အပြင် ဘယ်ရီသီးများတွင် ကယ်လိုရီ ပါဝင်မှုနည်းပါးသောကြောင့် နေ့စဥ်စားသုံးရန် သင့်တော်ပေသည်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။