ချန်ပီယံခါးပတ်စိန်ခေါ်ခွင့် မပေးချင်တဲ့ ရိုင်နီယာကို ဒဲ့ပြောလိုက်တဲ့ အောင်လအန်ဆန်

Celebrity Sports
ချန်ပီယံခါးပတ်စိန်ခေါ်ခွင့် မပေးချင်တဲ့ ရိုင်နီယာကို ဒဲ့ပြောလိုက်တဲ့ အောင်လအန်ဆန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချန်ပီယံခါးပတ်စိန်ခေါ်ခွင့် မပေးချင်တဲ့ ရိုင်နီယာကို ဒဲ့ပြောလိုက်တဲ့ အောင်လအန်ဆန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချန်ပီယံခါးပတ်စိန်ခေါ်ခွင့် မပေးချင်တဲ့ ရိုင်နီယာကို ဒဲ့ပြောလိုက်တဲ့ အောင်လအန်ဆန်း

လက်ရှိမစ်ဒယ်ဝိတ်တန်းခါးပတ်ကို လက်ဝယ်ပိုင်ဆိုင်ထားခဲ့သော နယ်သာလန်ဖိုက်တာကြီး ရိုင်နီယာဒီရိုက်ဒါကတော့ မစ်ဒယ်ဝိတ်ခါးပတ်ကာကွယ်ပွဲ ထိုးဖို့အတွက် စိတ်ကူးမရှိသေးကြောင်းနှင့် အကာ်၍ ထိုးသတ်ရမည်ဆိုရင်လဲ သူ့ရဲ့နောက်ပြိုင်ဘက်ဟာ အောင်လမဟုတ်ဘဲ ဖန်ဝေါင်းနဲ့သာ ထိုးသတ်ချင်ကြောင်း ယခုလ အစောပိုင်းမှာကတည်းက ဖွင့်ဟထားပြီးဖြစ်သည်။

အဆိုပါ ရိုင်နီယာရဲ့ပြောကြားချက်တွေကို ကချင်သားကြီးက – ” သူက လက်ရှိ ချန်ပီယံဆိုတော့ ပြိုင်ဘက်ကို ရွေးချယ်ခွင့်မရှိပါဘူး။ စိန်ခေါ်လာသူရှိရင် သူက ထိုးပေးရမှာလေ။ ကျွန်တော်နဲ့ဖန်ဝေါင်း နှစ်ဦးစလုံးက သူနဲ့ရင်ဆိုင်ခဲ့ဖူးသူတွေပါ။ ကျွန်တော်နဲ့က နှစ်ကြိမ်ပေါ့။ “

” လက်တလောမှာ ကျွန်တော့်ခေါင်းထဲမှာ ရှိတာက ဖန်ဝေါင်းနဲ့ပွဲအတွက်ပါဘဲ။ ဒါပြီးရင် ရိုင်နီယာ ဆီသွားမှာပေါ့။ ရိုင်နီယာ အဆင်သင့်ဖြစ်ဖြစ် မဖြစ်ဖြစ် ကျွန်တော်က သူ့ရဲ့ခါးပတ်ကို စိန်ခေါ်သွားမှာပါ။ ” ဟု ထုတ်ဖော်ဖွင့်ဟပြောကြားသွားခဲ့တာ ဖြစ်ပါတယ်

ရေးသားသူ –MM News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။