ခင်ပွန်းဖြစ်သူရဲ့ သားသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း အိမ်တက်ပွဲကြီးကျင်းပခဲ့တဲ့ ပိုးကြာဖြူခင် တို့မိသားစု

Celebrity
ခင်ပွန်းဖြစ်သူရဲ့ သားသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း အိမ်တက်ပွဲကြီးကျင်းပခဲ့တဲ့ ပိုးကြာဖြူခင် တို့မိသားစု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခင်ပွန်းဖြစ်သူရဲ့ သားသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း အိမ်တက်ပွဲကြီးကျင်းပခဲ့တဲ့ ပိုးကြာဖြူခင် တို့မိသားစု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူရဲ့ သားသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း အိမ်တက်ပွဲကြီးကျင်းပခဲ့တဲ့ ပိုးကြာဖြူခင် တို့မိသားစု

မင်းသမီးချော ပိုးကြာဖြူခင် ကတော့ နာမည်ကြီး သရုပ်ဆောင် တစ်ယောက်ပီပီ ပရိသတ်တွေရဲ့ စောင့် ကြည့်ခြင်းကို ခံရသူတစ်ယောက် ဖြစ်ပါတယ်။ ပိုးကြာ ဖြူခင်ဟာ သူမရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးလည်း ဝေဖန်မှုတွေရရှိခဲ့ပြီး မိန်းမကွယ်လွန်တာ (၇) လကျော် သာရှိသေးတဲ့ မုဆိုးဖို ကလေးသုံးယောက် အဖေကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့တာကြောင့် အားလုံး ရဲ့ အပြစ်တင်ခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။

ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ပိုးကြာဖြူခင်ဟာ သူမ ရဲ့ အိမ်ထောင်ရေးကို အကောင်းဆုံး တည်ဆောက်ထား ပြီး ခင်ပွန်းသည်ရဲ့ကလေးတွေ ကိုလည်း သူမရဲ့ သွေးသားရင်းတွေလို ပြုစုစောင့်ရှောက် ပေးနေတာပဲ ဖြစ်ပါတယ်။ မနေ့က ဧပြီလ (၂၉) ရက်နေ့မှာတော့ ပိုး ကြာဖြူခင်ဟာ သူမတို့ဇနီးမောင်နှံရဲ့ အိမ်သစ်တက်ပွဲ အခမ်းအနား ကို ခင်မင်ရတဲ့ မိတ်ဆွေတွေဖိတ်ကြားပြီး မိသားစုစုံလင်စွာနဲ့ ကျင်းပခဲ့တာကို အခုလိုပဲတွေ့ရပါ တယ်။

ပိုးကြာဖြူခင် တို့ ဇနီးမောင်နှံ ကတော့ သားတွေ သမီး တွေ သိုက်သိုက်ဝန်းဝန်း နဲ့ အိမ်တက်ပွဲမင်္ဂလာ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုး ကြာဖြူခင်တစ်ယောက် ရွေးချယ်ထားတဲ့ ဘဝခရီးလမ်း မှာ အခုလိုပဲ ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။