သင့်ကိုနတ်ကောင်းနတ်မြတ်တွေစောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် ( ၅ ) ချက်

Astrology
သင့်ကိုနတ်ကောင်းနတ်မြတ်တွေစောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် ( ၅ ) ချက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင့်ကိုနတ်ကောင်းနတ်မြတ်တွေစောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် ( ၅ ) ချက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင့်ကိုနတ်ကောင်းနတ်မြတ်တွေစောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် ( ၅ ) ချက်

တစ်ချို့လူတွေဟာသူတို့ရဲ့မွေးရာပါကံလို့ပြောရမလား ၊ထူးခြားချက်လို့ပဲပြောရမလား နတ်ကောင်းနတ်မြတ်တွေရဲ့စောင့်ရှောက်ခြင်းကိုအမြဲခံရလေ့ရှိပါတယ် ။ သင့်ကိုနတ်ကောင်းနတ်မြတ်တွေစောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် ( ၅)ချက် ရှိပါတယ် ။
တကယ်လို့ဒီအရာလေးတွေကို သင်အမြဲမြဲလိုလိုကြုံတွေ့နေရတယ်ဆိုရင်တော့ သင်ဟာမမြင်ရတဲ့နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကိုခံရသူပဲဖြစ်ပါတယ်။

(၁) ငှက်မွေးလေးကျလာတယ်

တကယ်လို့သင့်အနားလေးမှာ ငှက်မွှေးလေးဝဲနေတယ် ၊ဒါမှမဟုတ်
သင့်အပေါ်ကိုကျလာတယ်ဆိုရင် ဒါဟာနတ်ကောင်းနတ်မြတ်တွေရဲ့သင်္ကေတ ဖြစ်ပါတယ်။ သင့်ဘေးမှာသူတို့အမြဲရှိတယ်ဆိုတာကို ပြောပြချင်လို့ဖြစ်ပြီး သူတို့ဟာ
သင့်ကိုချစ်ခင်တယ် မစတယ်ဆိုတာကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ် ။ အထူးသဖြင့်သမရိုးကျနေရာတွေမဟုတ်တဲ့ ဧည့်ခန်း အိပ်ခန်းလိုနေရာမျိုးတွေမှာ တွေ့တယ်ဆိုရင်တော့ ပိုလို့တောင်သေချာနေပါတယ် ။

( ၂ ) ၁၁ : ၁၁ နာရီ

၁၁ :၁၁ နာရီကိုမကြာခဏတွေ့ဖူးလား ဒါဟာနတ်ကောင်းနတ်မြတ်တွေရဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။ ဒီဂဏန်းလေးကိုတွေ့ပြီဆိုရင် သင်ကံကောင်းတော့မယ်ဆိုတာ အသေအချာပါပဲ။

( ၃ ) တိမ်ပုံသဏ္ဍာန်များ

ကောင်းကင်ကိုအမှတ်တမဲ့မော့ကြည့်လိုက်လို့ တိမ်ရဲ့ပုံသဏ္ဍာန်လေးကထူးခြားနေတယ်ဆိုရင် သင့်ကိုလုပ်ဆောင်ဖို့ညွှန်ပေးနေတာဖြစ်နိုင်ပါတယ်။ ဥပမာ အသည်းပုံတိမ်လေးကိုမြင်ရင် အချစ်ရေးနဲ့ပက်သက်ပြီးကံကောင်းမယ် ၊ဒါမှမဟုတ် တခုခုလုက်သင့်တယ်ဆိုတာမျိုးပေါ့ ။

( ၄ ) ခံစားချက်

သင်ဟာတယောက်တည်းဖြစ်နေရင်တောင် ဘေးနားမှာအဖော်တယောက်ယောက်ရှိနေသလို အမြဲခံစားရမှာပါ။ လုံခြုံပြီးအလိုလိုပျော်နေတဲ့ခံစားချက်ကိုခံစားရမှာပါ။ စိတ်ကြည်လင်ပြီး စိတ်ခွန်အားတွေကို တွေ့မြင်ရသမျှအရာတွေဆီကနေရရှိမှာဖြစ်ပါတယ်

ဒါဆိုရင်တော့ နတ်ကောင်းနတ်မြတ်တွေက သင့်ကိုအားပေးချစ်ခင်နေတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။

( ၅ ) မွှေးရနံ့

နတ်ကောင်းနတ်မြတ်တွေဟာ မွှေးရနံ့နဲ့လည်းအချက်ပြတတ်ပါတယ် ။ဥပမာ ပန်းရနံ့သင်းသင်းလေး ဒါမှမဟုတ် ချောကလက်ရနံ့လို စားချင်စရာလေး ၊ချိုမြိန်တဲ့ရနံ့လေးတွေနဲ့ သူတို့သင့်ကိုစောင့်ရှောက်နေကြောင်း အသိပေးတတ်ပါတယ် ။

နောက်ပြီး ရေမွှေးနံ့လိုမျိုး ၊သင်းပျံတဲ့ရနံ့တွေက သူတို့သင့်ကိုချစ်ခင်တယ် စောင့်ရှောက်နေတယ်ဆိုတာ ပြောပြနေတာပဲဖြစ်ပါတယ် ။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။