ပြဿဒါးနေ့ဟူသည်

Astrology
ပြဿဒါးနေ့ဟူသည်

ကျွန်တော်တို့ မြန်မာလူမျိုး ဗေဒင်ယုံကြည်ကြသူတွေအနေနဲ့ “ပြဿဒါးရက်”ကို အထူးရှောင်ကြဥ်ကြပါတယ် ။ ကြောက်လည်း ကြောက်ကြပါတယ် ။ ( တချို့ဆိုရင် “တနင်္လာနေ့”ကိုတောင် အမြဲရှောင်ကြတာတွေ့ရပါတယ် ။ တစ်ကြိမ်တစ်ခါတည်းနဲ့လုပ်ငန်းကိစ္စ အဝဝ မပြီးမပြတ် ဖြစ်စေတတ်လို့…တဲ့ ။ အနောက်နိုင်ငံသားတွေ အင်္ဂလိပ်ရက် (13)ရက် နဲ့ သောကြာနေ့ တစ်ထပ်ထည်းကျရောက်တာကို ရှောင်ကြသလို ၊ ကြောက်ကြသလိုမျိုး ရယ်ပေါ့ ။ )

ကျွန်တော် အခုတစ်ခါ ဝေမျှပေးချင်တာက တနင်္လာနေ့ အကြောင်း မဟုတ်ပါဘူး ။ ပြဿဒါးနေ့အကြောင်း ဖြစ်ပါတယ် ။

ပြဿဒါးနေ့ဆိုတာက အများသူငါ သိထားကြသလိုတစ်မျိုး တစ်စားထည်း မဟုတ်ပါဘူး ။ ပြဿဒါးအမျိုးအစား (၃)မျိုးရှိပါတယ် ။

အဲဒီ အမျိုးအစားတွေကတော့…
(က)နတ်ပြည်ပြဿဒါး
(ခ)နဂါးပြည်ပြဿဒါး
(ဂ)လူ့ပြည်ပြဿဒါး

နတ်ပြည်ပြဿဒါး

နတ်ပြည်ပြဿဒါးရက် ဆိုတာကတော့ မြန်မာလတစ်လရဲ့”တနင်္ဂနေနေ့ ၊ အင်္ဂါနေ့ ၊ကြာသပတေးနေ့”တွေမှာ ပြဿဒါး ကျရောက်တဲ့နေ့တွေပါ ။
အဲဒီလို နတ်ပြည်ပြဿဒါးနေ့တွေမှာ “ရှင်ပြု ၊ရဟန်းခံ ၊ ဘာသာရေး ၊ အလှူအတန်း ၊ ကျောင်း ၊သိမ် ၊ ထီးတင်” စတဲ့ ကိစ္စတွေအတွက် မလုပ်ကိုင်သင့်ပါဘူး ။ တခြား လောကီမင်္ဂလာကိစ္စတွေအတွက်တော့ ရှောင်ကြဥ်စရာ မလိုအပ်ပါဘူး ။

နဂါးပြည်ပြဿဒါး

နဂါးပြည်ပြဿဒါးရက် ဆိုတာကတော့ မြန်မာလတစ်လရဲ့”သောကြာနေ့ ၊ စနေနေ့” တွေမှာပြဿဒါး ကျရောက်တဲ့ နေ့တွေပါ ။

အဲဒီလို နဂါးပြည်ပြဿဒါးနေ့တွေမှာ “အိမ် ၊ ခြံ၊မြေ ၊ အဆောက်အဦး ၊ဆိုင်ခန်း ၊ တိုက်တာ ၊ လူနေအခန်းတွေ”ကို ရောင်းဝယ်ခြင်း ရှောင်ကြဥ်ကြရပါမယ် ။ တခြားလောကီရေးရာ ကိစ္စတွေအတွက်တော့ ရှောင်ကြဥ်စရာ မလိုအပ်ပါဘူး ။

လူ့ပြည်ပြဿဒါး

လူ့ပြည်ပြဿဒါးရက်ခဆိုတာကတော့ မြန်မာလတစ်လရဲ့”တနင်္လာနေ့ ၊ ဗုဒ္ဓဟူးနေ့”နေ့တွေမှာပြဿဒါး ကျရောက်တဲ့ နေ့တွေပါ ။

အဲဒီလို လူ့ပြည်ပြဿဒါးနေ့တွေမှာလုပ်ငန်းကိုင်ငန်းကိစ္စ အဝဝ ၊ ခရီးသွားလာမှုကိစ္စ ၊စီးပွါးရေးကိစ္စ အပါအဝင် လောကီရေးရာ အစုစုမှာမပြုလုပ်သင့်ပါဘူး ။ အခက်အခဲ အထစ်အငေါ့မျိုးစုံ တွေနဲ့သာ ကြုံတွေ့ရတတ်ပါတယ် ။

တစ်လက်စတည်း မြန်မာ့ရိုးရာ ဗေဒင်ကျမ်းထဲက(မူသေ)ပြဿဒါးနေ့ ရွေးချယ်နည်းကိုပါ ပူးတွဲဖော်ပြ ပေးလိုက်ပါတယ် ။

တန်ခူး ၊ဝါခေါင် ၊ နတ်တော်လတွေမှာ~စနေနေ့ ၊ ကြာသပတေးနေ့တွေဟာ #ပြဿဒါးနေ့”ဖြစ်ပါတယ် ။

ကဆုန် ၊ တော်သလင်း ၊ ပြာသိုလတွေမှာ~သောကြာနေ့ ၊ ဗုဒ္ဓဟူးနေ့တွေဟာ #ပြဿဒါးနေ့ ဖြစ်ပါတယ် ။

နယုန် ၊ သီတင်းကျွတ် ၊ တပိုတွဲလတွေမှာ ~တနင်္ဂနွေနေ့ ၊ တနင်္လာနေ့တွေဟာ #ပြဿဒါးနေ့ ဖြစ်ပါတယ် ။

ဝါဆို ၊တန်ဆောင်မုန်း ၊ တပေါင်းလတွေမှာ~အင်္ဂါနေ့ ၊ ရာဟုနေ့တွေဟာ #ပြဿဒါးနေ့ ဖြစ်ပါတယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။