ဆေးဘက်ဝင်တဲ့ ကြောင်လျှာပင်နဲ့ ကြောင်လျှာသီး

Health
ဆေးဘက်ဝင်တဲ့ ကြောင်လျှာပင်နဲ့ ကြောင်လျှာသီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆေးဘက်ဝင်တဲ့ ကြောင်လျှာပင်နဲ့ ကြောင်လျှာသီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆေးဘက်ဝင်တဲ့ ကြောင်လျှာပင်နဲ့ ကြောင်လျှာသီး

ကြောင်လျှာပင်နဲ့ ကြောင်လျှာသီးဟာ ဒီလောက်အထိဆေးဖက်ဝင်မှန်း ခုမှသိတော့တယ်ဒီတစ်ခါမှာတော့ ကြောင်လျှာပင်နဲ့ ပတ်သက်တဲ့ ဆေးနည်းလေးတွေကိုမျှဝေပေးချင်ပါတယ်။

(၁) ကြောင်လျှာ အခေါက်အမှုန့်ပြု၍ ချင်း (ဂျင်း) ရည် ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုး ရောဂါ ပျောက်၏။

(၂) အခေါက်မှုန့်ကို ရေနွေးတွင်၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေ ရောဂါပျောက်၏။

(၃) ကြောင်လျှာခေါက်ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်းပေးသော် ခံတွင်းခြောက်ကွဲ နာပျောက် ပါတယ်။

(၄) သားဖွားပြီး နာကျင်ကိုက်ခဲသည့် ရောဂါ၊ခေါင်းတစ်ခြမ်း ကိုက်ရောဂါများ အတွက်လည်း ကြောင်လျှာခေါက်ကို သုံးနိုင် သေးသည်။

(၅) အမြစ်ခေါက်ကို အဆစ် အမျစ် ရောဂါ ၊ဖျားရောဂါ ၊ ဝမ်းဖော၊ဝမ်းရောင်၊ဝမ်းကိုက်ရောဂါများ အတွက်အသုံးပြု၏။

(၆) ကြောင်လျှာရွက် ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏။

(၇) ကြောင်လျှာရွက်ပြုတ်တို့ စားက ဝမ်းမီးကောင်း၏။ နားအူ နားကိုက်ကောင်း၏။

(၈)ကြောင်လျှာအသီးကို ပြုတ်၍ လည်းကောင်း၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊လည်ပင်းကြီးရောဂါ၊သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သော ရောဂါ ပျောက်သည်။

(၉) ကြောင်လျှာသီးနှင့် ကြက်သားရော ချက်စားပါက ပန်းနာရင်ကြပ် ရောဂါပျောက်၏။

(၁၀) ကြောင်လျှာသီးနှင့်ငါးရံ့ဖြင့် ချက်စားပါက ကာလဝမ်းရောဂါ ပျောက်၏။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါ ပျောက်၏။

(၁၁) ကြောင်လျှာသီး နှင့် ပုစွန်ချက်စားက နှလုံးလေရိုက်ရောဂါ ၊နှလုံးတုန်၊ရင်တုန်ရောဂါပျောက်၏။

(၁၂) ကြောင်လျှာသီးနှင့် ငါးသလောက်ချက်စားက အဖောရောဂါကိုကျစေ၍ လူကိုဝဖြိုးစေပြီး နှလုံးအားနည်းခြင်းကို ပျောက်စေသည်။

(၁၃) ကြောင်လျှာသီး နှင့် ငါးမြွေထိုးချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။

(၁၄) ကြောင်လျှှာ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင်မန်းလိုက်ခြင်း ပျောက်ကင်းသည်။

(၁၅) ကြောင်လျှာသီးကို (၇) ရက် နှစ်ခါစားသော် သုတ်ခွန်အား တိုးပွားစေ၏၊ဒေါသသုံးပါးကို ငြိမ်းစေ၏။

(၁၆) ကြောင်လျှာ အခေါက်အမြစ်တို့ကို သွေးလိမ်းသော် လေဖြတ်လေငန်း တခြမ်းthay၊ တပိုင်းthay၊ သွေးမလျှောက် လေမလျှောက်၊ ထုံနာကျင်နာ၊ ချိနဲ့သောသူများ သက်သာပျောက်ကင်း၏။

(၁၇) ကြောင်လျှာခေါက် ၆ ရွေးသား၊ချင်းခြောက် ၆ ဆရွးသား၊ထန်းလျက် ၁၂ ရွေးသားတို့ကိုရော၍ အလုံး သုံးလုံးရအောင်လုံး၍ နံနက် နေ့ ည ဒသမှုပြုတ်ရည်နှင့် သောက်သော်သား ဖွားမီးယပ်ရောဂါဖြစ်သည့် အမျိုး သမီးများသားဖွားပြီးနောက် ၄ – ၅ – ၆ ရက်တိုင်အောင် ကြောက်မက်ဖွယ် ကောင်းသည့် ကိုက်ခဲနာကျင်ခြင်းတို့ကို အံ့သြဖွယ် ကောင်းအောင် ပျောက်ကင်းသည်။

(၁၈) ကြောင်လျှာခေါက်ကို အမှုန့်ပြု၍ ချင်း (ဂျင်း) သတ္ထုရည်နှင့်လည်းကောင်း၊ ပျားရည်နှင့်လည်းကောင်း၊ ရောစပ်၍လျက်စားသော် ပန်းနာ ချောင်းဆိုး ရောဂါသည် ပျောက်ကင်း ၏။

(၁၉) ကြောင်လျှာခေါက်ရေနှင့် စပ်၍ နွားနို့၊ပဲစင်းငုံရွက် သတ္ထုရည်ရောပြီး ရှူပေးခဲ့သော် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏။

(၂၀) ကြောင်လျှာ အခေါက်မှုန့်ကို ရေနွေးတွင် နှစ်နာရီကြာမျှ စိမ်၍ စစ်ပြီးနောက်တစ်ကြိမ်လျှင် ၁ ကျပ်သားမျှ နံနက်ည သောက်ခဲ့သော် ဝမ်းမီးနုံ့ခြင်း ကြောင့်ဖြစ်သော အစာမကြေရောဂါ ပျောက်ကင်း၏။

(၂၁) ကြောင်လျှာရွက် သတ္ထုရည်ကို တိုက်သော်ဘိန်းဆိပ်သင့်သူများ သက်သာပျောက်ကင်းသည်။

(၂၂) ကြောင်လျှာရွက်ကို သို့မဟုတ် ကြောင်လျှာခေါက်ကို ရေနှင့်စိမ်၍ ၎င်းရေကို ပလုတ်ကျင်းပေးခဲ့သော် ခံတွင်းခြောက်ကွဲနာ ပျောက်ကင်း၏။

(၂၃) ကြောင်လျှာပွင့်ကို သုတ်စားခြင်း၊ ရေနွေးဖျော တို့ပြုတ်စားခြင်း ဖြင့် နှုတ်မမြိန်နာအတွက် ပျောက်ကင်း၏။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။