သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ် စေဖို့ လွယ်ကူတဲ့ သွေးကျဲစေမဲ့နည်းလမ်းများ

Health Knowledge
သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ် စေဖို့ လွယ်ကူတဲ့ သွေးကျဲစေမဲ့နည်းလမ်းများ

အခုတလောမှာကြုံတွေ့နေကြရတာက သွေးခဲပြီး အသက်အန္တရယ်
ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။သွေးမခဲအောင်ဆိုပြီးသွေးကျဲဆေးတွေသောက်
ကြရတယ်။ ဒါကြောင့်သွေးကျဲဆေးဈေးတွေ မိုးပေါ်ရောက်သွားတယ်။လူအများမေးကြတာကသဘာဝနည်းနဲ့သွေးကျဲအောင်လုပ်လို့မရဘူးလားတဲ့။ရပါတယ်။
သဘာဝနည်းနဲ့သွေးကျဲအောင်လုပ်တဲ့နည်းကိုအခုပြောပြပါမယ်။သွေးကျဲဆေးလိုပဲသဘာဝမှာသွေးကျဲအောင်လုပ်ပေးနိုင်တာကတော့ကြက်သွန်ဖြူဖြစ်ပါတယ်။

ကြက်သွန်ဖြူဟာ သွေးကျဲဆေးထက်အများကြီးပိုကောင်းပါတယ်။ပြီးတော့ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ပုလိပ်ရောဂါကိုလည်းကြက်သွန်ဖြူနဲ့ပဲအနိုင်ယူခဲ့ကြတာဖြစ်တယ်။ထမင်းစားရင် ကြက်သွန်ဖြူသုံးလေးတက်လောက်စားပေးသင့်တယ်။

သဘာဝမှာသွေးမခဲအောင်လုပ်ပေးနိုင်တာတစ်ခုရှိပါသေးတယ်။အဲဒါကတော့နနွင်းဖြစ်ပါတယ်။နနွင်းကဆီနဲ့ဖျော်သောက်မှအူတွေကနေစုပ်ယူနိုင်တာဖြစ်တယ်။အခုလိုအခါမှာ ဇွန်းသေးနဲ့မနက်တစ်ဇွန်းညနေတစ်စွန်းသောက်သင့်တယ်။

နောက်တစ်ခုကတော့သံလွင်ဆီဖြစ်တယ်။ဆံချည်မျှင်သွေးကြောလေးတွေအတွင်းထဲအထိရှင်းလင်းပေးနိုင်တာကမ္ဘာပေါ်မှာသံလွင်ဆီတစ်မျိုးပဲရှိတယ်။နနွင်းဖျော်သောက်ရာမှာသံလွင်ဆီနဲ့ပဲဖျော်သောက်ကြပေါ့။သွေးခဲတဲ့သူတွေရဲ့သွေးဟာပျစ်နေလေ့ရှိတယ်။

သွေးခဲခြင်းရခြင်းကသွေးပျစ်နေလို့။သွေးပျစ်ရတာကရေသောက်နည်းလို့။ရေများများသောက်မှသွေးကကျဲလာတာဖြစ်တယ်။ဒါကြောင့်တစ်နေ့ကိုရေ၄လီတာလောက်သောက်ရမယ်ရေ ခပ်နွေးနွေးသောက်တာအကောင်းဆုံးပဲ။

သွေးပျစ်တဲ့သူတွေဟာအချဉ်ကြောက်ကြသူတွေများတယ်။အချဉ်ဓါတ်စားပေးရင်သွေးကျဲတယ်။ဒါကြောင့်သံပရာရည်ချဉ်ချဉ်လေးသောက်ပေးဖို့ကောင်းတယ်။အနောက်နိုင်ငံကတွေကတော့သွေးကျဲဖို့ကီဝီသီးတွေစားလေ့ရှိပါတယ်။အခုမြန်မာပြည်မှာတော့ကင်ပွန်းချဉ်ဟင်းချိုသောက်ပြီးအဆင်ပြေနေကြပါတယ်။သွေးထဲမှာရောနေတဲ့အရည်ကြည်တစ်မျိုးရှိပါတယ်။အဲဒါကိုသွေးသည်းခြေလို့ခေါ်ပါတယ်။သွေးသည်းခြေနည်းနေရင်လည်း သွေးကပျစ်တတ်တယ်။

သွေးသည်းခြေဓါတ်အားကောင်းဖို့အတွက်ကတော့အခါးကြွယ်ဝတဲ့ကြောင်ရှာ၊ခွေးတောက်၊ငရုတ်ခါး၊ဆင်တုံးမနွယ်၊ရဲယို၊ဒန့်ဒလွန်တွေစားပေးသင့်တယ်။အခါးစားမှလည်း ဝါယောအားကောင်းပြီးသွေးလည်ပတ်မှုမှန်မှာဖြစ်တယ်။အထိုင်များအအိပ်များရင်သွေးလေးပြီးသွေးခဲတတ်တယ်။

ဒါကြောင့် လမ်းလျှောက်ပေးရမယ်။လမ်းလျှောက်လို့ခြေသလုံးကြွက်သားတွေ
ညှစ်တော့မှသွေးကနှလုံးကိုတွန်းအားနဲ့ရောက်တာဖြစ်တယ်။ခြေသလုံး၂ခုဟာ ဒုတိယနှလုံးတွေဖြစ်တယ်။ခပ်ဖြေးဖြေးလျှောက်ပေါ့။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။