အမေ့ဗိုက်ထဲမှာတုန်းကအခြေအနေတွေကို မှတ်မိနေတဲ့ဆိုတဲ့ သရုပ်ဆောင် Nicolas Cage
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမေ့ဗိုက်ထဲမှာတုန်းကအခြေအနေတွေကို မှတ်မိနေတဲ့ဆိုတဲ့ သရုပ်ဆောင် Nicolas Cage ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
အမေ့ဗိုက်ထဲမှာတုန်းကအခြေအနေတွေကို မှတ်မိနေတဲ့ဆိုတဲ့ သရုပ်ဆောင် Nicolas Cage
Ghost Rider, National Treasure, Face/Off, Con Air စတဲ့ ဇာတ်လမ်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Nicolas Cage ဟာ ၎င်းမမွေးခင် အမေ့ဗိုက်ထဲမှာတုန်းက အခြေအနေတွေကို မှတ်မိနေပါတယ်လို့ပြောလာပါတယ်။
ပြီးခဲ့တဲ့အပတ်ကပြသခဲ့တဲ့ The Late Show With Stephen Colbert အစီအစဥ်မှာ Nicolas Cage က မိခင်ဗိုက်ထဲမှာရှိနေစဥ်ကအခြေအနေတွေကိုမှတ်မိနေကြောင်း အခုလိုပြောပြလာပါတယ်။
“တစ်ခါတစ်ရံ သားအိမ်ထဲမှာလျှောက်သွားနိုင်ပြီးတော့ အမှောင်ထဲ မျက်နှာ ဒါမှမဟုတ် တစ်ခုခုကိုမြင်နေရသလိုခံစားရတယ်။ သားအိမ်ထဲမှာတုန်းက အသံတုန်ခါမှုတွေ ကျွန်တော့်ကိုဖြတ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်လည်း သားအိမ်ထဲမှာမရှိတော့ပါဘူး”
အခုချိန်မှာတော့ Nicolas Cage ရဲ့ ဒရာကူလာရုပ်ရှင် Renfield ဟာ Rotten Tomoatoes မှာ Critics Score 57% နဲ့ Audience Score 79% အထိ ရရှိထားပြီးအခြေအနေကောင်းနေပါတယ်။
ယေဘုယျသုံးသပ်ချက်တွေကတော့ Nicolas Cage ရဲ့ ဒရာကူလာဟာ ပုံစံသစ်တစ်မျိုးနဲ့ဖောက်ထွက်ထားတယ်၊ ဇာတ်အိမ်မကောင်းပေမယ့် ကြည့်ရတာအဆင်ပြေတယ်၊ သွေးထွက်သံယိုများတယ်၊ ကြောက်စရာကောင်းသလို ရယ်လဲရယ်ရတယ် စသဖြင့်တွေ့ရပါတယ်။
ရေးသားသူ – Myanmar Varient Entertainment
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။