မြန်မာနိုင်ငံကိုဝင်ရောက်မယ့် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးအကြောင်း

Local News
မြန်မာနိုင်ငံကိုဝင်ရောက်မယ့် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာနိုင်ငံကိုဝင်ရောက်မယ့် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုဝင်ရောက်မယ့် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးအကြောင်း

မိုးလေဝသ ပညာရှင် ဦးဝင်းနိုင် ပြောကြားတဲ့ မြန်မာနိုင်ငံကို ဝင်ရောက်မယ့် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးရဲ့ စတင်ရာနဲ့ လမ်းကြောင်း ခန့်မှန်းချက်ကို ဖော်ပြပေးလိုက်ပါတယ်

(၁) မေလ ၉ ရက် နံနက် ၄ နာရီ လေဖိအားနည်းရပ်ဝန်း စဖြစ်

(၂) မေလ ၁၀ ရက် ညနေ ၄ နာရီ မုန်တိုင်းငယ်

(၃) မေလ ၁၁ ရက် ညနေ ၆ နာရီခွဲ ဆိုင်ကလုန်းမုန်တိုင်း

(၄) မေလ ၁၂ ရက် နံနက် ၆ နာရီ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း

(၅) မေလ ၁၂ ရက် ညနေ ၅ နာရီ အရှေ့မြောက်ဘက်သို့ ချိုးကွေ့ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်

(၆) မေလ ၁၃ ရက် ညနေ ၆ နာရီ ရခိုင်ကမ်းရိုးတန်းအား ကျောက်ဖြူနှင့်သံတွဲကြား တောင်ကုတ်မြို့အနီးမှ ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်ရန်စတင်၊ လေတိုက်နှုန်း ရေပြင်ညီလေ ၁၂၀ ခန့်ဖြင့်ဝင်နိုင် (Wind gust ၁၅၄ မိုင်နှုန်းအထိရှိတာတွေ့ရလို့ စူပါဆိုင်ကလုန်းမုန်တိုင်းကြီးအဆင့်ရောက်မယ်လို့ ခန့်မှန်း)

(၇) မေလ ၁၃ ရက် ည သန်းခေါင် ၁၂ နာရီခွဲ ကုန်းတွင်းသို့ စတင်ဝင်ရောက်

(၈) မေလ ၁၄ ရက် နံနက် ၆ နာရီခွဲ မုန်တိုင်းအရှေ့ခြမ်းကုန်းတွင်းသို့ဝင်ရောက်ပြီးဖြစ်

(၉) မေလ ၁၄ ရက် ည သန်းခေါင် ၁၂ နာရီခွဲ မုန်တိုင်းဗဟို ကမ်းခြေကို ကျော်ဖြတ်ဝင်ရောက်ပြီးဖြစ်

(၁၀) မေလ ၁၄ ရက် နံနက် ၆ နာရီ မုန်တိုင်းအတွင်းစက်ဝန်းအားလုံးကုန်းတွင်းဝင်ရောက်ပြီးဖြစ်

(၁၁) မေလ ၁၄ ရက် နေ့လည် ၁ နာရီ ကုန်းတွင်းမုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား

(၁၂) မေလ ၁၄ ရက် ည ၉ နာရီ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း

(၁၃) မေလ ၁၅ ရက် နံနက် ၆ နာရီခွဲ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် မြန်မာနိုင်ငံ အရှေ့မြောက်နယ်နိမိတ်ကျော်ဖြတ်ပြီး တရုတ်နိုင်ငံတွင်းသို့ရောက်ရှိပြီး နောက်အားပျော့ပျက်ပြယ်မည်ခန့်မှန်း၊ တကယ်ဖြစ်လာမဲ့ အချိန်ကို ဆက်စောင့်ကြတာပေါ့။

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။