ဗီယက်နမ်မှာ အပူချိန် စံချိန်သစ်တင်၊ ထိုင်းနဲ့ မြန်မာမှာလည်း အပူချိန်မြင့်တက်

International News Local News
ဗီယက်နမ်မှာ အပူချိန် စံချိန်သစ်တင်၊ ထိုင်းနဲ့ မြန်မာမှာလည်း အပူချိန်မြင့်တက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗီယက်နမ်မှာ အပူချိန် စံချိန်သစ်တင်၊ ထိုင်းနဲ့ မြန်မာမှာလည်း အပူချိန်မြင့်တက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဗီယက်နမ်မှာ အပူချိန် စံချိန်သစ်တင်၊ ထိုင်းနဲ့ မြန်မာမှာလည်း အပူချိန်မြင့်တက်

ဗီယက်နမ်နိုင်ငံမှာ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် သိပ်မကြာခင် အပူချိန် စံချိန်သစ် ထပ်တင်ဖွယ်ရှိတယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဗီယက်နမ်နိုင်ငံမြောက်ပိုင်း သန်ဟွာပြည်နယ်မှာ အပူချိန် စံချိန်သစ်တင်ခဲ့တာပါ။

အပူချိန်မြင့်မားလွန်းတဲ့အတွက် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်ပြည်နယ်မှ တောင်သူတွေကတော့ တတ်နိုင်သမျှ အစောဆုံး ယာထဲဆင်းကြပြီး နံနက် ၁၀ နာရီဆိုတာနဲ့ အလုပ်သိမ်းကြပါတယ်။

အာဆီယံနိုင်ငံတွေအနက် ထိုင်း၊ မြန်မာနိုင်ငံတွေမှာလည်း အပူချိန်မြင့်တက်လျက် ရှိပါတယ်။ ထိုင်းနိုင်ငံ အနောက်ပိုင်း မက်ခ်ခရိုင်မှာ အပူချိန် ၄၄.၆ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ပြီး ယခင်စံချိန်နဲ့ တူညီသွားခဲ့ပါတယ်။

မြန်မာနိုင်ငံ အရှေ့ပိုင်းမှာတော့ အပူချိန် ၄၃.၈ ဒီဂရီစင်တီဂရိတ် ရှိခဲ့ပြီး ဆယ်စုနှစ်အတွင်း အမြင့်မားဆုံး အပူချိန်အထိ ရောက်ရှိခဲ့ပါတယ်။ ထိုင်း၊ မြန်မာနိုင်ငံတွေမှာ မုတ်သုံမိုးမရွာခင် ပူနွေးတဲ့ ရာသီဥတု ကြုံလေ့ရှိပေမဲ့ လက်ရှိအပူချိန် မြင့်မားမှုက သိသိသာသာ မြင့်မားနေတာပါ။

ကမ္ဘာ့အပူချိန်ဟာ စက်မှုခေတ် စတင်ချိန်ကထက် ၁.၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့ပြီး ကာဗွန်ထုတ်လွှတ်မှုကို သိသိသာသာ လျှော့ချနိုင်ခြင်းမရှိဘူးဆိုရင် အပူချိန် ဆက်လက်မြင့်တက်နေမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာလည်း ၁၉၆၀ ပြည့်နှစ်နောက်ပိုင်း အမြင့်မားဆုံး အပူချိန်နဲ့ ကြုံတွေ့နေပါတယ်။ အိန္ဒိယနိုင်ငံ ဒေသတချို့မှာလည်း ပုံမှန်ထက် ၃ ဒီဂရီ သို့ ၄ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်မြင့်တက်နေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။