တန်ခူးလအတွက် (၇)ရက် သားသမီးများ ပြုလုပ်ရန် အကောင်းဆုံး ယတြာ

Astrology
တန်ခူးလအတွက် (၇)ရက် သားသမီးများ ပြုလုပ်ရန် အကောင်းဆုံး ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တန်ခူးလအတွက် (၇)ရက် သားသမီးများ ပြုလုပ်ရန် အကောင်းဆုံး ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တန်ခူးလအတွက် (၇)ရက် သားသမီးများ ပြုလုပ်ရန် အကောင်းဆုံး ယတြာ

ယတြာလေးက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး၊ ငွေကြေးကိစ္စ၊ လာဘ်လာဘ ပွင့်လိုလျှင် စသည့် အစစအရာရာ အဆင်ပြေချင် သူများအတွက် ဖြစ်သည်။ ဤယတြာကို မိမိ၏ နေအိမ် အိမ်ဘုရားတွင် ပြုလုပ်ရမည် ဖြစ်သည်။

ပြုလုပ်ရမည့်နည်း

ပြုလုပ်ရမည့် နည်းကတော့ ပန်းကန်ပြား သုံးချပ်တွင် (တိုက်ပန်းကန်ပြား ဒါမှမဟုတ် ကြွေပန်းကန်ပြား ကြိုက်ရာအရွယ်အစားနှင့် သုံးချပ်)

ပဲထမင်း၊ ဒံပေါက် ဒါမှမဟုတ် နံပြား ကြိုက်ရာ တစ်မျိုးကို ထည့်၍ အိမ်ဘုရားတွင် လှူပါ။ ဘေးတွင် သောက်တော်ရေ သုံးခွက်၊ အမွှေးတိုင် သုံးတိုင်နှင့် ဖယောင်းတိုင် သုံးတိုင် တို့ကို ထွန်း၍ လိုရာကို ဆုတောင်းပါ။

ပြုလုပ်ရမည့် အချိန်

မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း လှူရပါမည်။ ပြုလုပ်မည့်သူများ ဆရာမ ပေးထားသော အချိန်တွင် အဆင်မပြေလျှင် မနက်ပိုင်း ကြိုက်ရာအချိန် ပြုလုပ်ပြီး နေ့လည် ၁၂မကျော်ရပဲ ပြုလုပ်ရမည် ဖြစ်သည်။ နေ့တိုင်း လှူနိုင်ရင် ပိုကောင်းပါတယ်။ မလွယ်ရင် မိမိ မွေးနေ့ အပတ်တိုင်း လှူပေးပါ။

နေ့လည် ၁၂ကျော်လျှင် ကြိုက်ရာအချိန် အိမ်ဘုရားတွင် တင်၍ ကပ်လှူထားသော ဆွမ်းတော်ကို စွန့်၍ အောက်တွင် ဖော်ပြထားသော သီရိအရပ်၌ မျက်နှာမူပြီး စွန့်ထားသော ဆွမ်းတော်ကို စားရမည် ဖြစ်သည်။ ကိုယ်ကိုယ်တိုင် မစားချင်လျှင်လဲ သူများကို ကျွေးလဲ ရပါသည်။ ကိုယ်ကိုယ်တိုင် စားလျှင် ပိုကောင်းသည်။

(၇)ရက် သားသမီးများအတွက် သီရိအရပ်များဖြစ်သော အရပ် မျက်နှာများ

တနင်္ဂနွေ သားသမီးများ – မြောက်အရပ်
တနင်္လာ သားသမီးများ – အရှေ့မြောက်အရပ်
အင်္ဂါ သားသမီးများ – အရှေ့အရပ်
ဗုဒ္ဓဟူး သားသမီးများ – အရှေ့တောင်အရပ်
ကြာသပတေး သားသမီးများ – အနောက်တောင်အရပ်
သောကြာ သားသမီးများ – အနောက်မြောက်အရပ်
စနေ သားသမီးများ – တောင်အရပ်

မိမိမွေးနေ့အလိုက် အရပ်ကို မျက်နှာမူပြီး ဆွမ်းတော်ကို စားပြီး အောက်တွင် ပုံနှင့်တကွ ဖော်ပြထားသော “လာဘ်ဖွင့် ဂါထာတော်”ကို နေ့စဉ် မိမိမွေးနေ့ အရပ်လိုက် မျက်နှာမူပြီး (၁၈)ခေါက် ဒါမှမဟုတ် (၂၇)ခေါက် ရွတ်၍ လိုရာ ဆုတောင်းပါ။

ဤဂါထာကို နေ့စဉ် မိမိမွေးနေ့ အရပ်၌ မျက်နှာမူပြီး ရွတ်ပေးလျှင် မိမိ၏ လိုရာဆုတောင်းကို ပြည့်စေပါသည်။

မှတ်ချက်။ ။ မည်သည့် နေ့သားသမီးမဆို ပြုလုပ်လို့ရသည်။ ရာဟုနှင့် ဗုဒ္ဓဟူး သားသမီးတို့သည် အတူတူပဲ ဖြစ်သည်။ အမျိုးသမီးများ အနေဖြင့် အထက်ပါ ယတြာကို ဓမ္မတာရာသီ လာလျှင် ပြုလုပ်လို့ မရပါ။ ရာသီလာတဲ့ ရက်မှ စ၍ (၇)ရက်မြှောက်နေ့ ရောက်လျှင် ဤယတြာကို ပြုလုပ်လို့ ရမှာ ဖြစ်သည်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။