Marvel ရုပ်ရှင်တွေထဲ စကားလုံးသုံးလုံးပဲပြောပြီး ဒေါ်လာသန်းနဲ့ချီ သရုပ်ဆောင်ကြေးရရှိခဲ့တဲ့ ဗင် ဒီဇယ်လ်

Celebrity International News
Marvel ရုပ်ရှင်တွေထဲ စကားလုံးသုံးလုံးပဲပြောပြီး ဒေါ်လာသန်းနဲ့ချီ သရုပ်ဆောင်ကြေးရရှိခဲ့တဲ့ ဗင် ဒီဇယ်လ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Marvel ရုပ်ရှင်တွေထဲ စကားလုံးသုံးလုံးပဲပြောပြီး ဒေါ်လာသန်းနဲ့ချီ သရုပ်ဆောင်ကြေးရရှိခဲ့တဲ့ ဗင် ဒီဇယ်လ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Marvel ရုပ်ရှင်တွေထဲ စကားလုံးသုံးလုံးပဲပြောပြီး ဒေါ်လာသန်းနဲ့ချီ သရုပ်ဆောင်ကြေးရရှိခဲ့တဲ့ ဗင် ဒီဇယ်လ်

မင်းသားကြီး ဗင် ဒီဇယ်လ်ဟာ Marvel ရုပ်ရှင်တွေမှာ စကားလုံးသုံးလုံးပဲပြောပြီး အသံသရုပ်ဆောင်ခဲ့ပေမယ့် သရုပ်ဆောင်ကြေး ကန်ဒေါ်လာ ၅၄ သန်းရရှိခဲ့ပါတယ်။

Marvel ရုပ်ရှင် ၆ ကားမှာ ဗင် ဒီဇယ်လ်ဟာ ‘Groot’ ဇာတ်ကောင်နေရာကို အသံသရုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ချစ်စဖွယ် ‘Groot’ ဇာတ်ကောင်လေးဟာ ရုပ်ရှင်တွေထဲမှာ I am Groot ဆိုတဲ့ စကားလုံးသုံးလုံးကိုပဲ ပြောတတ်ပေမယ့် သူ့ရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ကမ္ဘာတစ်ဝန်း ပရိသတ်တွေက ‘Groot’ ဇာတ်ကောင်လေးကို အချစ်ပိုပြီး အားပေးခဲ့ပါတယ်။နောက်ပိုင်းမှာ ‘Groot’ ဇာတ်ကောင်ကို ဗလတောင့်တောင့်နဲ့ မင်းသားကြီး ဗင် ဒီဇယ်လ် သရုပ်ဆောင်ထားကြောင်း သိရှိခဲ့တဲ့အခါမှာ ပရိသတ်တေွ ပိုလို့အံ့အားသင့်ခဲ့ကြပါတယ်။

ဗင် ဒီဇယ်လ်အနေနဲ့ စကားလုံးသုံးလုံးပဲပြောပြီး အသံသရုပ်ဆောင်ခဲ့ပေမယ့် ‘Groot’ ဇာတ်ကောင်ဟာ အလွန်တရာ လူကြိုက်များပြီး ကမ္ဘာတစ်ဝန်း အောင်မြင်ခဲ့တာကြောင့် သရုပ်ဆောင်ကြေး ဒေါ်လာသန်းနဲ့ချီ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ရေးသားသူ – Opinion Leaders

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။