သမီးလေးကို အချက်(၃)ချက်နဲ့ အဓိကထားဆုံးမဖြစ်တယ်ဆိုတဲ့ အဆိုတော် စန္ဒီမြင့်လွင်

Celebrity Local News
သမီးလေးကို အချက်(၃)ချက်နဲ့ အဓိကထားဆုံးမဖြစ်တယ်ဆိုတဲ့ အဆိုတော် စန္ဒီမြင့်လွင်

အဆိုတော်စန္ဒီမြင့်လွင်ကတော့ သူမရဲ့တေးသီချင်းတွေက အထူးသဖြင့်လူငယ်လူလတ်ပိုင်းတွေမှ ရေပန်းစားကျော်ကြားခဲ့တဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ အိမ်ထောင်ကျသွားပြီး မိသားစုနဲ့ ဘဝကိုအေးအေးချမ်းချမ်းလေးဖြတ်သန်းနေတာမို့ အနုပညာအလုပ်တွေကို ရံဖန်ရံခါသာလုပ်လေ့ရှိတာတွေ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ ပရိသတ်တွေကတော့ အခုချိန်ထိ အားပေးနေကြဆဲပဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ သူမရဲ့သမီးလေးကို အချက်၃ချက်နဲ့ သေချာလေးဆုံးမဖြစ်ကြောင်းကို လူမှုကွန်ယက်ကနေတစ်ဆင့်ပြန်လည်ဝေမျှပေးလာတာပဲဖြစ်ပါတယ်။
“ထရက်ရှာရေ ရော့ ဒီအရုပ် လေးကလေ မေမေ မနေ့ညက သီချင်းသွားဆိုတော့ မေမေ့ပရိတ်သတ်ညီမလေးတစ်ယောက်က ထရက်ရှာလေးကိုပေးပေးပါတဲ့


မေမေလဲအရမ်းပျော်သွားတာပေါ့ မေမေသီချင်းဆိုလို့ရတဲ့အရုပ်လေ ဟိုးငယ်ငယ်ကထဲကရတဲ့အရုပ်တွေကအစမေမေကခုချိန်ထိသိမ်းထားတုန်း ခုကျမေမေ့သမီးလေးအထိပါချစ်ပီးပေးပေးပါဆိုတော့အတိုင်းမသိပျော်တာပေါ့ ဒီဒီကတော့လေ ကလေးဘယ်လိုထိန်းလဲ သားသမီးဘယ်လိုပညာတွေတက်အောင်ဘာတွေလုပ် ဘယ်လိုတွေ အကောင်းဆုံးဖြစ်အောင်သင်ကြားလဲဆိုတာတွေ ဒီဒီသေချာမသင်တတ်ပါဘူး
၃ချက်ပဲအဓိကထားနေ့တိုင်းပြောပြဖြစ်ပါတယ်

၁/ ကျေးဇူးတင်တတ်ရမယ်

၂/တန်ဖိုးထားတတ်ရမယ် (ဘယ်အရာမဆိုသေးသေးကြီးကြီးတန်ဖိုးထားတတ်ရမယ် သက်ရှိ/သက်မဲ့)

၃/ အသိအမှတ်ပြုတတ်ရမယ်(ကိုယ့်ကိုကူညီပေးတဲ့သူတိုင်း ကိုကျေးဇူးမတင်တတ်ရင်တောင် ဪသူ့ငါကိုအချိန်တွေပေးပီးကူညီခဲ့တာပဲလို့ အသိအမှတ်ပြုတတ်ရပါမယ်)

သမီးရေ အဲ့၃ချက်ပဲအဓိကထားသင်ပါတယ် ကျန်တာတွေကတော့မေ့သမီးကိုလောကကြီးကသင်သွားပါလိမ့်မယ်
ချစ်တဲ့မေမေဒီး ” ဆိုပြီး သူမရဲ့ သမီးလေးကိုဆုံးမလေ့ရှိတဲ့ ပုံစံကိုပရိသတ်ကြီးကိုပြောပြပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။