တစ်လမ်းတည်း နေကြသူများ

International News Knowledge
တစ်လမ်းတည်း နေကြသူများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်လမ်းတည်း နေကြသူများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်လမ်းတည်း နေကြသူများ

ပိုလန်နိုင်ငံ ခရာကောမြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၀ လောက် အကွာမှာတော့ ဆူလိုဆိုဝါဆိုတဲ့ ရွာလေးတစ်ရွာ ရှိပါတယ်။ ဒီရွာလေး တည်ရှိလာတဲ့ နှစ်တွေ အတော်ကြာပါပြီ။ ဒါပေမဲ့ မကြာသေးခင်ကမှ လူမှုကွန်ရက်ပေါ်က ဓာတ်ပုံ၊ ဗီဒီယိုတွေကြောင့် နာမည်ကြီးလာတာပါ။

ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာ အရောင်အသွေးစုံ လယ်ယာစိုက်ခင်းတွေကို မျက်စိတစ်ဆုံးမြင်ရပြီး အိမ်အများစုကတော့ လမ်းတစ်လမ်းတည်းပေါ်မှာပဲ တည်ဆောက်ထားကြတာပါ။ အဲဒီလမ်းမကြီးက ၉ ကီလိုမီတာ ရှည်လျားပါတယ်။ ၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းအရ ဆူလိုဆိုဝါရွာရဲ့ လူဦးရေအနက် ၅.၈ ပုံ၊ ၁ ပုံက အဲဒီလမ်းပေါ်မှာပဲ နေကြတယ်လို့ သိရပါတယ်။ တချို့တွေကတော့ ဒီရွာလေးကို အီတလီကျေးလက်က ရှုမျှော်ခင်းတွေ မျှော်မဆုံးအောင်ရှိတဲ့ တက်စ်ကာနီဒေသနဲ့ ခိုင်းနှိုင်းတင်စားကြပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။