စောင်နဲ့ပတ်ပြီး ရေကန်ထဲပစ်ချခံထားရတဲ့ တောင်ကိုရီးယား livestreamer ရဲ့ ရုပ်အလောင်းကို ကမ္ဘောဒီးယားမှာ တွေ့ရှိ

International News
စောင်နဲ့ပတ်ပြီး ရေကန်ထဲပစ်ချခံထားရတဲ့ တောင်ကိုရီးယား livestreamer ရဲ့ ရုပ်အလောင်းကို ကမ္ဘောဒီးယားမှာ တွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စောင်နဲ့ပတ်ပြီး ရေကန်ထဲပစ်ချခံထားရတဲ့ တောင်ကိုရီးယား livestreamer ရဲ့ ရုပ်အလောင်းကို ကမ္ဘောဒီးယားမှာ တွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စောင်နဲ့ပတ်ပြီး ရေကန်ထဲပစ်ချခံထားရတဲ့ တောင်ကိုရီးယား livestreamer ရဲ့ ရုပ်အလောင်းကို ကမ္ဘောဒီးယားမှာ တွေ့ရှိ

စောင်နဲ့ပတ်ပြီး ရေကန်ထဲ ပစ်ချခံထားရတဲ့ တောင်ကိုရီးယားထိပ်တန်း livestreamer တစ်ယောက်ရဲ့ ရုပ်အလောင်းကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ တွေ့ရှိခဲ့ပါတယ်။ အသက် ၃၀ ဝန်းကျင်ရှိတဲ့ ဗြောင်အာယောင်းဟာ လူမှုကွန်ရက်ပေါ်မှာ follower ၂ သိန်းခွဲကျော်ရှိတဲ့ livestreamer တစ်ယောက်ပါ။ ဇွန်လ ၆ ရက်က ဖနွမ်းပင်မြို့အနီးက ရေကန်ထဲမှာ စောင်အနီနဲ့ပတ်ပြီး ပစ်ချခံထားရတဲ့ သူ့ရဲ့ ရုပ်အလောင်းကို ရွာသားတွေက တွေ့ခဲ့တာပါ။

ဗြောင်အာယောင်းဟာ တရုတ်လင်မယားနှစ်ဦး ဖွင့်ထားတဲ့ ဆေးရုံမှာ ဆေးကုသမှုခံယူဖို့ အသိတစ်ဦးနဲ့အတူ ကမ္ဘောဒီးယားနိုင်ငံကို လာခဲ့တာပါ။ ဗြောင်အာယောင်းရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် တရုတ်လင်မယားကို ဖမ်းဆီးထားပါတယ်။ သူတို့ဟာ အပြစ်ပေးမခံရစေဖို့ အလောင်းဖျောက်ခဲ့တာလို့ သံသယရှိခံနေရပါတယ်။ ဗြောင်အာယောင်းဟာ သူတို့ဆေးရုံမှာ ကုသမှု ခံယူခဲ့ပြီးနောက် ဇွန်လ ၄ ရက်နေ့မှာ thayဆုံးခဲ့တာလို့ တရုတ်လင်မယားက ဆိုပါတယ်။

ဗြောင်အာယောင်း thayဆုံးရတဲ့အကြောင်းရင်းကို သိရအောင် thayမှုthayခင်း စစ်ဆေးဖို့ လိုအပ်တယ်လို့ ကမ္ဘောဒီးယားအာဏာပိုင်တွေက ဆိုပါတယ်။ ဒါပေမဲ့ ကျန်ရစ်သူ မိသားစုကတော့ ဈာပနအခမ်းအနားလုပ်ရမှာဖြစ်လို့ thayမှုthayခင်းစစ်ဆေးဖို့ ငြင်းဆန်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။