“နမောလေးစင်း အကြွေးကင်း၊ နမောလေးချက် စီးပွားတက်” ပုတီးစိပ်နည်း

Astrology
“နမောလေးစင်း အကြွေးကင်း၊ နမောလေးချက် စီးပွားတက်” ပုတီးစိပ်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “နမောလေးစင်း အကြွေးကင်း၊ နမောလေးချက် စီးပွားတက်” ပုတီးစိပ်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“နမောလေးစင်း အကြွေးကင်း၊ နမောလေးချက် စီးပွားတက်” ပုတီးစိပ်နည်း

“နမော တဿ ဘဂဝတော အရဟတော သမ္ဗာသမ္ဗုဒ္ဓဿ”
နမောတဿ အစချီထား၍ ကောင်းကျိုးလိုရာ ပြီးစေသတည်း။ ကျမ်းဦးအစ နမောတဿ အကျိုးသွားက ကြီးလှသည်။

နမော သာတာဂီရိနတ်မင်းကြီး ရွတ်ဆို၏။ တဿ အသူရိန်နတ်မင်း ရွတ်ဆို၏။ ဘဂဝတော စတုမဟာရာဇ် နတ်မင်းကြီး ၄ ပါး ရွတ်ဆို၏။ အရဟတော သိကြားမင်း ရွတ်ဆို၏။ သမ္မာသမ္ဗုဒ္ဓဿ ဗြဟ္မာမင်း ရွတ်ဆို၏။ နမော တဿ ဘဂဝတော အရဟတော သမ္ဗာသမ္ဗုဒ္ဓဿ ကို နတ်မင်းကြီးများ အသီးသီးစောင့်ကြ၏။

ထိုသို့ တန်ခိုးဂုဏ်ကြီးသော နမော တဿ ဘဂဝတော အရဟတော သမ္ဗာသမ္ဗုဒ္ဓဿ ကိုပူဇော်ပြီး အဆောင်ပြုလိုလျှင် နမောအား ရွှေရောင်ဖြင့် ရေး၍ လည်းကောင်း၊တဿ ကို ငွေရောင်ဖြင့်လည်းကောင်း၊ဘဂဝတောကို ဖလ်ရောင်ဖြင့်လည်းကောင်း၊အရဟတော ကို မြရောင်ဖြင့်လည်းကောင်း၊သမ္ဗာသမ္ဗုဒ္ဓဿ ကို ပတ္တမြားရောင်ဖြင့် ရေး၍ မိမိတို့၏ အိမ်၊ ဆိုင် အလုပ်ခန်း၊ဌာနများတွင် ချိတ်ဆွဲခြင်းအားဖြင့် လွန်စွာ ဘေးကင်း၏။လွန်စွာ လာဘ်ရွှင်၏။လွန်စွာ ကျန်းမာရေး ကောင်း၏။ လိုအင်ဆန္ဒများ ပြည့်စုံစေ၏။ အကျိုးအားမှာ အထူးဆိုစရာ မရှိချေ။ဆောင်ရုံကာမျှဖြင့် လိုအင်ဆန္ဒများ ပြည့်စုံလိမ့်မည်။

ထို့ပြင်လည်း”နမောလေးပိုင်း လာဘ်တွေဝိုင်း နမောလေးစင်း အကြွေးကင်း” ဟူသော ပုတီးစိပ်နည်းဖြင့် အဓိဌာန်ပြု၍ ပုတီးစိပ်ပါကလည်း လာဘ်လာဘများ ပေါများစေပါသည်။

၁။ နမောတဿ ဘဂဝတော ဟု့ ရွတ်ဆိုပြီး
– ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပုတီး တစ်လုံးချ
– ဓမ္မံ သရဏံ ဂစ္ဆာမိ ။
– သံဃံ သရဏံ ဂစ္ဆာမိ ။

၂။ နမောတဿ အရဟတော ဟု့ ရွတ်ဆိုပြီး
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပုတီးတစ်လုံးချ
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။

၃။ နမောတဿ သမ္မာသမ္ဗုဒ္ဓဿ ဟု့ ရွတ်ဆိုပြီး
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပုတီးတစ်လုံးချ
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။

၄။ နမောတဿ ဘဂဝတော အရဟတော
သမ္မာသမ္ဗုဒ္ဓဿ ဟု့ ရွတ် ဆိုပြီး
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပုတီးတစ်လုံးချ
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။

အထက်ပါ အတိုင်း စိပ်သွားပါက (၉) ခေါက် ပြည့် လျှင် (၁၀၈) လုံး ပုတီးပတ် တစ်ပတ် ကွက်တိ ဖြစ်ပါသည် ။ ကွက်တိ မဖြစ်ပါက ၎င်း ပုတီးပတ် ကို ပြန်စိပ်ရပါမည် ။ မိမိတို့ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ် အစွမ်းကုန် အလုပ်လုပ်ပါလျက် လုပ်ငန်း မအောင်မမြင် ဖြစ်နေပါလျှင် မိမိကံညံ့နေသည်ကို သတိပြု၍ ကံကောင်းလာအောင် ‘ နမောလေးချက် စီးပွားတက် ’ အဆိုအရ ဤ နမောလေးချက်ကို (၁၀၈)လုံး ပုတီးကုံးဖြင့် နေ့စဥ် ပုတီးတစ်ပတ်, တစ်ပတ် အဓိဋ္ဌာန်ဝတ်ဖြင့် ပူဇော်ကြပါ။ အဓိဌာန်ကတော့ (၇)ရက် ၊ (၉)ရက် ၊ (၁၈)ရက် ၊ (၂၇)ရက် စသဖြင့် မိမိတတ်နိုင်သလောက် အဓိဌာန်ပြုပါလေ။

ရေးသားသူ – လင်းညှို့တာရာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။