နေအိမ် ၁.၅ သန်းကို စွမ်းအင်ပေးမယ့် ဂိုဘီသဲကန္တာရထဲမှ ဆိုလာစက်ရုံ

International News
နေအိမ် ၁.၅ သန်းကို စွမ်းအင်ပေးမယ့် ဂိုဘီသဲကန္တာရထဲမှ ဆိုလာစက်ရုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေအိမ် ၁.၅ သန်းကို စွမ်းအင်ပေးမယ့် ဂိုဘီသဲကန္တာရထဲမှ ဆိုလာစက်ရုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေအိမ် ၁.၅ သန်းကို စွမ်းအင်ပေးမယ့် ဂိုဘီသဲကန္တာရထဲမှ ဆိုလာစက်ရုံ

ဂိုဘီသဲကန္တာရထဲမှာ တည်ဆောက်ထားတဲ့ ဧရာမဆိုလာ စက်ရုံကြီးကနေ တစ်နှစ်ကို ၁.၈ ဘီလျံ ကီလိုဝပ်အထိ စွမ်းအင်ထုတ်လုပ်ပေးနိုင်စွမ်းရှိပြီး နေအိမ်ပေါင်း ၁.၅ သန်းကို စွမ်းအင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ နင်ရှားဟွေ ဆိုလာစက်ရုံဟာ ဂိုဘီ၊ တန်ဂါ၊ တာကလာမာကန်သဲကန္တာရတွေလို အနောက်ပိုင်းဒေသတွေမှာ တည်ဆောက်မယ့် ဧရာမ ပြည့်ဖြိုးမြဲစွမ်းအင်စက်ရုံကြီးတွေထဲက ပထမဆုံးတစ်ခုပါ။

တရုတ်အစိုးရဟာ ၂၀၂၆ ခုနှစ်ကျရင် သဲကန္တာရထဲမှာ ဆိုလာစွမ်းအင်၊ လေစွမ်းအင်တွေကနေ ၁၀၀ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ ပြည့်ဖြိုးမြဲစွမ်းအင်စက်ရုံတွေ တည်ဆောက်သွားဖို့ ၅ နှစ်စီမံကိန်း ချမှတ်လုပ်ဆောင်နေတာပါ။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ် ပထမ ၃ လပတ်နဲ့ နှိုင်းယှဉ်ရင် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်နိုင်မှု ၈၆.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ကီလိုဝပ် ၄၇.၄ သန်းအထိ ထုတ်လုပ်နိုင်ခဲ့တယ်လို့ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။