မိုခါ ကြောင့် အရေးပေါ်အခြေအနေဖြစ်သွားတဲ့ ရခိုင်ပြည်နယ်

Local News
မိုခါ ကြောင့် အရေးပေါ်အခြေအနေဖြစ်သွားတဲ့ ရခိုင်ပြည်နယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိုခါ ကြောင့် အရေးပေါ်အခြေအနေဖြစ်သွားတဲ့ ရခိုင်ပြည်နယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိုခါ ကြောင့် အရေးပေါ်အခြေအနေဖြစ်သွားတဲ့ ရခိုင်ပြည်နယ်

သာယာလှပတဲ့ ရခိုင်ကမ်းရိုးတန်းက စစ်တွေမြို့လေးဟာ မေလ ၁၄ ရက်မှာ ဖျက်အားပြင်းမိုခါ မုန်တိုင်းရဲ့ဝါးမြိုခြင်းဒဏ်ကို ခံခဲ့ရပြီး မြို့ဟာ မမှတ်မိနိုင်လောက်အောင် ပျက်စီးသွားခဲ့ရပါတယ်။

လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ နှုန်းနဲ့ တိုက်ခတ်ခဲ့လို့ အိမ်ထဲမှာ နာရီနဲ့ချီ ပုန်းခိုခဲ့ရတဲ့မြို့ခံတွေဟာ မုန်တိုင်းစဲပြီးလို့ အိမ်ပြင်ထွက်လာတဲ့အခါ နေရာတိုင်းမှာအပျက်အစီးတွေ လက်ညှိုးထိုးမလွဲဖြစ်နေခဲ့တာပါ။

ဒါပေမဲ့ ဒီအခြေအနေကိုကြုံခဲ့ရတာ စစ်တွေတစ်မြို့တည်းမဟုတ်ဘဲ ရခိုင်ပြည်နယ်(မြောက်ပိုင်း)က မြို့နယ်တွေ အကုန်လုံးနီးပါးပဲ ဖြစ်ပြီး ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ မြို့တွေအဖြစ် စစ်ကောင်စီက ကြေညာခဲ့ရပါတယ်။

‘’ဒီတစ်ခါမthayရင် ဘယ်တော့မှ မthayတော့ဘူးလို့ကို ထင်ခဲ့ရတဲ့အထိ မုန်တိုင်းက ကြောက်စရာကောင်းခဲ့တယ်’’ လို့ စစ်တွေမြို့ခံ စာရေးဆရာ‌ ဝေဟင်အောင်က သူ့အတွေ့အကြုံကို ပြန်ပြောပါတယ်။မိုခါမုန်တိုင်းကြောင့် စစ်တွေမှာ အနည်းဆုံး ငါးဦး thayဆုံး ၊ကျန်မြို့နယ်တွေမှာ thayဆုံးသူရှိပြီး thayဆုံးသူအရေအတွက် ထပ်တိုးလာနိုင်

ဖျက်အားပြင်း မိုခါ

ဓာတ်တိုင်တွေနေရာအနှံ့ပြိုလဲ

ဆိုင်ကလုန်းမုန်တိုင်းတွေနဲ့ ယဉ်ပါးခဲ့တဲ့ စစ်တွေမြို့ခံတွေက ဒီမုန်တိုင်းဟာ သူတို့ကြုံခဲ့သမျှထဲမှာ ဖျက်အားအပြင်းဆုံးမုန်တိုင်းလို့ ပြန်ပြောပြကြပါတယ်။

၂၀၁၀ တုန်းက ကြုံခဲ့တဲ့ ဂီရိ မုန်တိုင်းနဲ့ အချက်အလက်တွေအရ လေတိုက်နှုန်းမကွာလှပေမယ့် မိုခါမုန်တိုင်းက အပျက်အစီး ပိုများခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

‘’အဓိကကတော့ လေကြမ်းတာပဲ။ အိမ်ဘယ်အချိန်ပွင့်ထွက်မလဲဆိုပြီး ကြောက်နေရတာ။ အပြင်မှာလည်း သွပ်တွေကပျံနေတယ်’’လို့ စစ်တွေမြို့ ကမ်းနားလမ်းအနီးမှာနေတဲ့ မဖြိုးက ဘီဘီစီကိုပြောပါတယ်။

မိုခါမုန်တိုင်းဟာ မလာခင်ကတည်းက သတင်းကြီးခဲ့လို့ မြို့ကနေ ရှောင်တိမ်းသူ အမြောက်အများရှိခဲ့ပေမယ့် မဖြိုးတို့ မိသားစုအပါအဝင် မြို့ခံတချို့ကတော့ အိမ်ဟာ အလုံခြုံဆုံးပဲလို့ မှတ်ယူခဲ့ကြပါတယ်။

လေကြမ်းလွန်းလို့ အိမ်ကမလုံခြုံတော့လို့ မုန်တိုင်းထဲ အသက်လုပြေးပြီး လုံခြုံတဲ့နေရာ ရှာခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။

နေ့ခင်းဘက် လင်းတဲ့အချိန်မှာ မုန်တိုင်းဝင်ရောက်ခဲ့လို့သာ thayဘေးကလွတ်ခဲ့တာလို့ စစ်တွေမြို့ခံတချို့က ပြောပါတယ်။

ခိုင်ခံ့တဲ့အဆောက်အအုံတွေမှာလည်း သွပ်တွေ မရှိတော့ပါဘူး။
မုန်တိုင်းရှောင်အဆောက်အအုံတွေမှာ သွားရောက်ခိုလှုံနေသူ တချို့ကတော့ သူတို့အိမ်တွေကိုပြန်လာတဲ့အချိန်မှာ အိမ်မရှိကြတော့လို့ ငိုယိုနေကြပါတယ်။

လေငြိမ်သွားတဲ့ မေလ ၁၄ ရက် ညနေမှာ စစ်တွေမြို့ခံတွေဟာ အိမ်အပြင်ကိုထွက်လာကြပြီး မြို့ကို ပတ်ကြည့်ကြတဲ့အခါ မြို့ဟာ ရစရာမရှိအောင်ပျက်စီးနေခဲ့ပါပြီ။

ဓာတ်တိုင်တွေဟာ လမ်းတွေပေါ်မှာလဲကျနေပြီး အလုံးလိုက်လဲပြိုနေတဲ့ အိမ်တွေနဲ့ အမြစ်ကကျွတ်နေတဲ့အပင်တွေလည်း အမြောက်အများတွေ့ရပါတယ်။

မုန်တိုင်းဒဏ်ခံနိုင်အောင်ဆောက်ထားတဲ့ ခိုင်ခံ့တဲ့အဆောက်အအုံတွေရဲ့အမိုးတွေမှာလည်း သွပ်တွေ မရှိတော့ပါဘူး။

တိုက်အိမ်တစ်လုံးဆို ရှေ့မျက်နှာစာက အကုန်ကွာကျသွားလို့ အိမ်ထဲကို ဟာလာဟင်းလင်းမြင်နေရတယ် လို့ စစ်တွေမြို့ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

‘’အဲဒီလောက်အထိ မြို့က ပျက်စီးသွားမယ်လို့ မထင်ထားခဲ့မိဘူး’’ လို့ မုန်တိုင်းမတိုက်ခင်ကတည်းက စစ်တွေကိုရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အချပ်လိုက်ပြိုကျနေတဲ့ အုတ်တံတိုင်းတွေ နဲ့ တစ်စစီပြန့်ကျဲနေတဲ့ အင်္ဂတေအပိုင်းအစတွေက မုန်တိုင်း နဲ့ မုန်တိုင်းဒီရေ ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတဲ့ သင်္ကေတတွေပဲ ဖြစ်ပါတယ်။

မေလ ၁၅ ရက် မနက်ပိုင်းမှာတော့ မြို့ခံအများစု အပြင် ပြန်ထွက်လာကြပြီး အပျက်အစီးတွေကြားကနေပဲ မြို့ကို လှည့်ပတ်ကြည့်ရှုခဲ့ကြပါတယ်။

‘’အရင်ကစစ်တွေနဲ့ ဘာမှမဆိုင်တော့လောက်အောင် မြို့ကပြောင်းလဲသွားခဲ့ပြီ။ မြို့မှာပုံမှန်လည်ပတ်နေတဲ့ ယန္တရားတွေအားလုံးရပ်သွားပြီ’’ လို့ မဖြိုးက ပြောပါတယ်။

စျေး၊ဆေးရုံ၊ကျောင်းနဲ့ ဘဏ်တွေ ရပ်တန့်သွားသလို လမ်းပေါ်က အပျက်အစီးတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်သွားခဲ့ရပါတယ်။

ရန်ကုန်-စစ်တွေ လမ်းမကြီး ပေါ်မှာ ဓာတ်တိုင်တွေလဲကျနေပြီး လမ်းတွေပိတ်ဆို့နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လေဆိပ်က ဆက်သွယ်ရေးတာဝါတိုင်တွေလည်း ပျက်စီးသွားလို့ ခရီးသည်တင် လေယာဉ်တွေ ဆင်းသက်လို့မရသေးပါဘူး။

မြို့ကအရေးပေါ်အခြေအနေကို ရောက်သွားပြီး ကူညီကယ်ဆယ်ရေးတွေ အမြန်လိုအပ်နေပြီဆိုတာ မြို့ခံတွေ နားလည်လိုက်ကြပါတယ်။

ဖုန်းလိုင်းတွေ ပြတ်တောက်နေလို့ ဒီအကြောင်းတွေကို ပြင်ပကမ္ဘာကို ချက်ချင်းပြောပြဖို့ အခွင့်အရေးမရှိခဲ့ကြပါဘူး။

စစ်တွေမြို့ဟာ နာရီပေါင်းများစွာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက် သွားခဲ့ပြီး မေလ ၁၅ ရက် နေ့လယ်ပိုင်းမှ ဖုန်းလိုင်းတွေပြန်ရခဲ့ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။