နတ်ဖွက်ခံရတဲ့ ၁၆ နှစ်အရွယ် ပလောင်ကောင်မလေး ၂ယောက်

Local News

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ တအာင်း (ပလောင်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့ နယ် လုံတောက်ကျေးရွာက အသက် (၁၆) နှစ်အရွယ် လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ (၂) ဦးဟာ ဒီ ဇင်ဘာလ (၆) ရက် မနက် (၅) နာရီမှာ ကျေးရွာရှိ နေ အိမ်ကို ပြန်လည် ရောက်ရှိလာတယ်လို့ သိရပါတယ်။

မနေ့က ဒီဇင်ဘာလ (၉) ရက် မနက်မှာ လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့ (၂) ဦးရဲ့နေအိမ်သို့ ရပ်ရွာလူ ကြီးတွေကို ခေါ်ပြီး အလှူတွေ လုပ်ပေးခဲ့တယ်လို့လည်း ၎င်းက ပြောပြလာခဲ့ပါတယ်။

လုံတောက် ကျေးရွာခံ တစ်ဦးဖြစ်တဲ့ ကိုဘဆွေက သူတို့ ဗေဒင် ဆရာတွေကို အကူညီ တောင်းပြီး အိမ်မှာ ခေါ်ထားလိုက်တယ်လို့ ပြောလာပါတယ်။ သူတို့နှစ်ယောက်လည်း ဟိုဘက် (ပျောက်တဲ့နေရာ) ပြန်သွားရမယ်လို့ ခဏခဏပြောပါတယ်။

မိဘတွေလည်း စိုးရိမ်ပြီးတော့ ဗေဒင် ဆရာတွေကို ခေါ်ထားလိုက်တာလို့ ပြောလာခဲ့ပါတယ်။ လွေးလဲ့လဲ့ဦးနဲ့ လွေးယဉ်ယဉ်ထွေးတို့က အိမ်ပြန်ရောက်တာနဲ့ နတ်တွေ ခေါ်သွားတဲ့ နေရာကို ပြန်သွားရမယ်လို့ မကြာခဏ ပြောဆိုနေကြပြီး ၎င်းတို့ (၂) ဦးကို နတ်တွေ ဖွက်လိုက်တာ ဖြစ်တယ်လို့ ရွာခံတွေက ပြောနေခဲ့ကြပါတယ်။

နိုဝင်ဘာလ (၂၆) ရက်နေ့ ညနေပိုင်း (၅) နာရီအချိန်မှာ လွေးလဲ့လဲ့ဦးက ပျောက်ဆုံးသွားခဲ့ပြီးနောက် နိုဝင် ဘာလ (၂၇) ရက်နေ့ ည (၉) နာရီမှာ လွေးယဉ်ယဉ်ထွေးက ထပ်မံ ပျောက်ဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ကျေးရွာအတွင်းမှာ အခုလို လူပျောက်တာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ ရွာခံတွေက ခုလိုဘဲ ပြောပြလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ပျောက်ဆုံးသွားခဲ့ ၎င်းတို့ နှစ်ယောက်ကို ထင်မြင် ချက်လေးတွေ ပြောခဲ့ပါအုံးနော်။ ဖက်ရူအားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင် ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် ခင်ဗျာ။ Credi

Leave a Reply