အမှန်တကယ် ထွက်ရှိလာတော့မယ့် Jackie Chan ရဲ့ The Myth sequel ရုပ်ရှင်

Celebrity International News
အမှန်တကယ် ထွက်ရှိလာတော့မယ့် Jackie Chan ရဲ့ The Myth sequel ရုပ်ရှင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမှန်တကယ် ထွက်ရှိလာတော့မယ့် Jackie Chan ရဲ့ The Myth sequel ရုပ်ရှင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမှန်တကယ် ထွက်ရှိလာတော့မယ့် Jackie Chan ရဲ့ The Myth sequel ရုပ်ရှင်

၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ သရုပ်ဆောင် Jackie Chan ရဲ့ action drama ရုပ်ရှင် The Myth ရုပ်ရှင်နဲ့ The Myth ရဲ့ ဇာတ်ဝင်တေး Endless Love ကိုတော့ ပရိသတ်တွေ ကြည့်ဖူး နားဆင်ဖူးကြမယ်လို့ထင်ပါတယ်။

The Myth နဲ့ ပတ်သက်ပြီး ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုထွက်လာပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးတဲ့နောက်မှာတော့ The Myth ဟာ နောက်ထပ် sequel တစ်ကား ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Jackie Chan Returning For The Myth Sequel The Legend. UPDATE: Poster -  M.A.A.C.

The Myth sequel နဲ့ ပတ်သက်ပြီး မူလက ကောလာဟလသဖွယ်သာ သတင်းထွက်နေပေမယ့်လည်း ယခုအခါမှာတော့ အမှန်တကယ်ဖြစ်လာနေပြီဖြစ်ပါတယ်။ The Myth sequel ဟာ ဘတ်ဂျက်ငွေ ကန်ဒေါ်လာ သန်း ၅၀ အသုံးပြုသွားမှာဖြစ်ပြီး Bona Film ကုမ္ပဏီက ဖြန့်ချိထုတ်လုပ်သွားမှာပါ။

The Myth sequel မှာ Jackie Chan ကို ရှေးဟောင်းသုတေသနပညာရှင် Professor Chan အဖြစ် တွေ့ရမှာဖြစ်ပြီး Kung Fu Yoga သရုပ်ဆောင် Yixing Zhang နဲ့ Police Story: Lockdown သရုပ်ဆောင် Coulee Nazha တို့လည်း ပါဝင်သွားမှာပါ။

ဇာတ်လမ်းအကျဥ်းကတော့ Professor Chan ရဲ့ ကျောင်းသားတချို့ ရေခဲမြစ်တစ်ခုကနေ တွေ့ရှိလာတဲ့ ကျောက်စိမ်းဘယက်တစ်ခုဟာ Professor Chan အိပ်မက်ထဲက ကျောက်စိမ်းဘယက်နဲ့ဆင်တူနေတာကိုတွေ့ရပြီး ဒီဘယက်ဟာ အိပ်မက်နဲ့လက်ရှိဘဝကြားက ပေါင်းကူးတံခါးချပ်ဖြစ်ကြောင်းကိုတွေ့ရှိသွားကာ ရေခဲမြစ်က ဘုရားကျောင်းတစ်ခုကိုသွားရောက်လေ့လာကြရင်း ကြုံရတဲ့အဖြစ်အပျက်တွေကို ဇာတ်အိမ်တည်ထားမှာဖြစ်ပါတယ်။

Jackie Chan ဟာ ၎င်းရဲ့ ၂၀၀၄ ရုပ်ရှင်တစ်ကားဖြစ်တဲ့ New Police Story ကိုလည်း နောက်ထပ် sequel ဖြစ်တဲ့ New Police Story 2 ဆိုပြီး ထုတ်လုပ်သွားမှာဖြစ်သလို သရုပ်ဆောင် Chris Tucker နဲ့ အတူ Rush Hour 4 လည်း ဆက်လက်ထုတ်လုပ်သွားဖို့ရှိပါသေးတယ်။

The Myth နဲ့ ပတ်သက်ပြီး Kung Fu Yoga တစ်ခုသာလက်ရှိမှာထွက်ရှိထားတာဖြစ်ပြီး The Myth sequel ရဲ့ ပြသရက်ကိုတော့မသိရသေးပါဘူး။

ရေးသားသူ – Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။