အစောင့်အရှောက် က သင့်အနားမှာ ရှိသလား?

Astrology
အစောင့်အရှောက် က သင့်အနားမှာ ရှိသလား?

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစောင့်အရှောက် က သင့်အနားမှာ ရှိသလား? ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစောင့်အရှောက် က သင့်အနားမှာ ရှိသလား?

လူအများစု မေးလေ့ရှိတဲ့ မေးခွန်းပါ။
သင့်အစောင့်အရှောက်က သင့်အနားမှာ ရှိနေလား ဆိုတာကို သိနိုင်တဲ့ အချက်များစွာ ရှိပါတယ်။

ရုပ်ရှင် တွေ သတင်း တွေ ထဲမှာ မကြာခန မြင်ဖူး၊ ကြားဖူး၊ ဖတ်ဖူးမှာပါ။
သေမဲ့ အန္တရာယ်က ရုတ်တရက် လွတ်မြောက်တာမျိုးတွေ ဉပမာ ကားတိုက်တော့ မဲ့ အခြေအနေ မှာ တစုံတယောက်က တွန်းလိုက်သလိုမျိုး၊ ရေနစ် တဲ့ အချိန် တယောက်ယောက်က တွန်းတင်ပေးလိုက်တာမျိုး စသည်ဖြင့် ဒါတွေကတော့ ထင်ရှားတဲ့ သက်သေတွေပါ။

အရင်ဆုံးသိသင့်တာက အစောင့်အရှောက် ဆိုတာမျိုးက လိုအပ်မှသာ ကူညီတာပါ သင့်ဟာ သင် အဆင်ပြေ နေရင် သူလည်း သူဟာ သူနေမှာပါ။
ဒါကြောင့် သူတို့က သူတို့ အနားမှာ ရှိကြောင်းပြမယ် ဆိုရင် သင့်မှာ အကူအညီလိုလို့ပါ။ ဥပမာ သင်လိုချင်နေတာတခု၊ သင်သွားချင်တဲ့နေရာ၊ လူတယောက်က သင့်အပေါ်ကောင်းမကောင်းသိချင်တာ စသည်ဖြင့်ပါ။

သူတို့ သင့်အနားရှိနေကြောင်း ကို သင်္ကေတ တွေ နဲ့ ပြသ လေ့ရှိပါတယ်။ အလွယ်ဆုံးသိနိုင်တာက တော့ နံပါတ်တူတွေကို မြင်တာပါဘဲ။
ဉပမာ နာရီ ချိန်က 11:11 , 03:03, 15:15. တို့ကို တွေ့မှာပါ။ Angle is watching you လို့အနောက်တိုင်း က ပြောလေ့ရှိပါတယ်။ နံပါတ်တွေ ထဲမှာ မှ 11:11 ကတော့ အထင်ရှားဆုံးပါ။ တခြား နံပါတ် တွေ တွေ့ရင်လည်း အလားတူပါဘဲ။

အိမ်နံပါတ် ကားနံပါတ်တွေမှာ နံပါတ်တူများ ၂၂၂ တို့ ၇၇၇ တို့ ကို သင်မြင်လိုက်မှာပါ။ အဓိပါယ် က သူတို့ သင့်အနားမှာ ရှိနေတာကို ပြတာပါ။
အဲဒီလို မြင်လိုက်တဲ့ အချိန် တွေမှာ သင့်ခေါင်းထဲမှာ ဘာတွေ တွေးနေသလဲ? ဘာအကြောင်းအရာ တွေကို စိတ်ပူပန် နေသလဲ? အဲဒါအတွက် အဖြေပေးတာပါ။
ဘာနံပါတ်ကို ဘဲ ကြုံသည် ဖြစ်စေ ခုလို သာ မကြာခန ကြုံနေရင်တော့ သင့်ဘဝမှာ မကြာခင် အပြောင်းအလဲ တခုဖြစ်ပါလိမ့်မယ်။

တခါတရံ သင်ရှာနေတဲ့ ပစ်စည်း သို့မဟုတ် အချက်အလက် တွေဟာ သင့်ရှေ့ကို အလိုလို ရောက်လာတယ် ဆိုရင် ဒါဟာလည်း သင့်ရဲ့ အစောင့်အရှောက်က သင့်ကို ကူညီလိုက်တာပါ။

အခုလို အစောင့်အရှောက်များထံက အကူအညီ ကိုလိုချင်ရင် သင့်ဖက်ကလည်း ပြင်ဆင်ထားသင့်ပါတယ်။
သင်ဟာ ဘာသာတရား လေးစားသူ သို့မဟုတ် ငါးပါးသီလ လို့ ခေါ်ကြတဲ့ လူကျင့်၀တ်များကို လိုက်နာ စောင့်ထိန်းသူ တယောက် ဖြစ်မယ် ဆိုရင် သင့်ရဲ့ အစောင့်အရှောက်များက သင့်အနားမှာ ကူညီ ရန် အဆင်သင့် ရှိနေပါလိမ့်မယ်။
မိတ်ဆွေအားလုံး ကျန်းမာ၊ပျော်ရွှင်၊ အောင်မြင် ကြပါစေ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။