ကိန်းရုပ်ရှင်ပွဲတော်မှာ ၇ မိနစ်ကြာ လက်ခုပ်တီး ဂုဏ်ပြုခံခဲ့ရတဲ့ ဂျွန်နီဒပ်ဖ်

Celebrity International News
ကိန်းရုပ်ရှင်ပွဲတော်မှာ ၇ မိနစ်ကြာ လက်ခုပ်တီး ဂုဏ်ပြုခံခဲ့ရတဲ့ ဂျွန်နီဒပ်ဖ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိန်းရုပ်ရှင်ပွဲတော်မှာ ၇ မိနစ်ကြာ လက်ခုပ်တီး ဂုဏ်ပြုခံခဲ့ရတဲ့ ဂျွန်နီဒပ်ဖ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကိန်းရုပ်ရှင်ပွဲတော်မှာ ၇ မိနစ်ကြာ လက်ခုပ်တီး ဂုဏ်ပြုခံခဲ့ရတဲ့ ဂျွန်နီဒပ်ဖ်

ကိန်းရုပ်ရှင်ပွဲတော်မှာ ပရိသတ်တွေက ဂျွန်နီဒပ်ဖ်ကို ၇ မိနစ်ကြာ လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အဖွင့်ည အခမ်းအနားမှာ ပြင်သစ် အတ္တုပ္ပတ္တိဒရာမာဇာတ်ကားဖြစ်တဲ့ Jeanne Du Barry ဇာတ်ကားကို ပြသခဲ့ပြီး အဲဒီဇာတ်ကားမှာ ပြင်သစ်ဘုရင် လူဝီ(၁၅)အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဂျွန်နီဒပ်ဖ်ရဲ့ သရုပ်ဆောင်မှုကို ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခဲ့ကြတာပါ။

76th Cannes Film Festival kicks off with Johnny Depp starrer 'Jeanne du  Barry' | Mint

ပရိသတ်တွေရဲ့ အားပေးဂုဏ်ပြုမှုကြောင့် ဂျွန်နီဒပ်ဖ် မျက်ရည်လည်ခဲ့ပြီး ဇာတ်ရုံ လသာဆောင်ကနေ ပရိသတ်တွေကို လက်ပြနှုတ်ဆက်ခဲ့တယ်လို့ Variety သတင်းဌာနက ဖော်ပြပါတယ်။

ဂျွန်နီဒပ်ဖ်ဟာ (သူ့ကို အိမ်တွင်းအကြမ်းဖက်မှုနဲ့ စွပ်စွဲခဲ့တဲ့) ဇနီးဟောင်း အမ်ဘာဟတ်ကို အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူမြင်ကွင်းကို ပြန်ထွက်လာခဲ့တာဖြစ်ပြီး တချို့တွေကလည်း ကိန်းရုပ်ရှင်ပွဲတော်မှာ ဂျွန်နီဒပ်ဖ် တက်ရောက်တာကို မလိုလားခဲ့ကြပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။