သင့်စိတ်ခံစားချက်တွေကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

Health
သင့်စိတ်ခံစားချက်တွေကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင့်စိတ်ခံစားချက်တွေကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင့်စိတ်ခံစားချက်တွေကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများ

တစ်ခါတရံ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာအြခေအနေတွေက ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်နဲ့ ဆက်စပ်နေတတ်ပါတယ်။ စိတ်ခံစားချက်မကောင်းတဲ့အခါ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ လူတစ်ယောက်က သူ့ရဲ့စိတ်ခံစားချက်ကို ထုတ်ပြလေလေ နေမကောင်းဖြစ်လာလေလေပါပဲ။ တချို့အဖြစ်များတဲ့ရောဂါတွေက စိတ်ပိုင်းဆိုင်ရာအကြောင်းအရင်း တချို့ကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုစိတ်ခံစားချက်တွေကြောင့် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို စာဖတ်ပရိသတ်တွေ ရှောင်နိုင်ဖို့ရာ ဖော်ပြပေးလိုက်ရပါတယ်။

ကြောက်ရွံ့မှုက အလဂျစ်နဲ့ အရေပြားရောင်ရမ်းခြင်းတွေ ဖြစ်နိုင်ပါတယ်

တချို့သုတေသီတွေက အဖြစ်များတဲ့ အလဂျစ်ပြဿနာတွေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ဆက်စပ်နိုင်တယ်လို့ ပြောပါတယ်။ အဖျားကြီးတာ၊ ပန်းနာရင်ကျပ်၊ အရေပြားရောင်ရမ်းခြင်းတွေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကြောင့် ဖြစ်နိုင်ပါတယ်။ သင်က နှစ်အကြာကြီး အလဂျစ်ရောဂါကို ခံစားရကောင်းခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ဘာလို့ ဓာတ်မတည့်ရတာလဲဆိုတာကို ဝေခွဲရခက်နေနိုင်ပါတယ်။ သင့်စိတ်ထဲမှာ ဖြစ်နေတဲ့ကြောက်ရွံ့မှုက ဒီအခြေအနေကို ဖြစ်လာစေတာဖြစ်ပါတယ်။ ပန်းနာရောဂါလက္ခဏာရပ်တွေ နဲ့ အရေပြားရောင်ရမ်းခြင်းက စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို လျော့ချခြင်းအားဖြင့် တိုးတက်မှုရှိအောင် လုပ်လို့ရပါတယ်။

အစွဲလမ်းကြီးခြင်းက ကိုယ်အလေးချိန်ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ်

ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေရှိနေရင် ဒါက သင်ကိုယ်တိုင်ဖြစ်နေတဲ့ အစွဲလမ်းကြီးတာကြောင့် ဖြစ်နိုင်ပါတယ်။ မျက်နှာအရေးအကြောင်း၊ ရင်သားသေးတာ (သို့) အခြားခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ပတ်သက်ပြီး အစိုးရိမ်လွန်တဲ့ အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပေးဖို့က အရမ်းအရေးကြီးပြီး အစွဲကြီးတာက မလိုလားအပ်တဲ့ရလဒ်ကို ဖြစ်လာစေနိုင်ပါတယ်။

စိတ်ဖိစီးမှုနဲ့ စိတ်အလိုမကျမှုတွေက အစာခြေပြဿနာကို ဖြစ်ပေါ်လာစေနိုင်တယ်

ကျွန်တော်တို့အစာအိမ်က ရှုပ်ထွေးတဲ့စနစ်တစ်ခုနဲ့ ထိန်းချုပ်ထားတာပါ။ အစာအိမ်ရောင်တာနဲ့ ဝမ်းချုပ်တာတွေက သင့်ခံစားချက် ရှုပ်ထွေးတာတွေကြောင့် ဖြစ်လာနိုင်ပါတယ်။ ဖြစ်ချင်တာတွေများပြီး ဖြစ်မလာတဲ့အခါ စဉ်းစားစရာတွေများလာပြီး စိတ်ဖိစီးမှုခံစားရကြောင့် အစာအိမ်ပြဿနာတွေ ဖြစ်လာစေတာပါ။

ကိုယ့်ကိုယ်ကို ဝေဖန်ခြင်းနဲ့ ကြောက်ရွံ့ခြင်းတွေက ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်တာတွေဖြစ်လာနိုင်တယ်

ကိုယ့်ကိုယ်ကို ဝေဖန်တာ၊ ယုံကြည်ချက်ရှိမှုအားနည်းတာ၊ ကြောက်ရွံ့တာတွေက တစ်ချိန်လုံး စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာတွေဖြစ်လာနိုင်တဲ့ အကြောင်းအရင်းတွေပါပဲ။ ကိုယ့်ကိုယ်ကိုအလိုမကျလို့ စဉ်းစားရတာများလာတဲ့အခါ ခေါင်းထဲရှုပ်ထွေးလာပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေ ဖြစ်လာရတာဖြစ်ပါတယ်။

စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတွေက နှလုံးရောဂါဖြစ်ပေါ်လာနိုင်တယ်

စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်ပူပန်ခြင်းတွေကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ များပါတယ်။ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်ပူပန်တာတွေ နေ့တိုင်းများများလာမယ်ဆိုရင် သင့်နှလုံးခုန်သံ အရမ်းမြန်လာတာကို ခံစားရပါလိမ့်မယ်။ ဒီလိုဖြစ်လာရင် နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာပြဿနာတွေမဖြစ်အောင် ဘယ်လိုရှောင်ရှားမလဲ

၁ ရုပ်ပိုင်းဆိုင်ရာလက္ခဏာရပ်တွေအတွက် ဆရာဝန်ပြတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာပြဿနာအတွက်လည်း စိတ်ပညာရှင်ကို သွားတွေ့ဖို့ အရေးကြီးပါတယ်

၂ တရားထိုင်တာက စိတ်ဖိစီးမှုကို လျော့ချပေးနိုင်တဲ့ အကောင်းဆုံးနည်းပါ။ သင့်စိတ်ကို ဘယ်လိုပြန်စုစည်းရမလဲဆိုတာကို သင်ကြားပေးပါတယ်။

၃ ကိုယ့်ကိုယ်ကို နဲ့ သူများကို မဝေဖန်ဖို့အရေးကြီးပြီး တစ်ခါတရံ သင့်စိတ်ကို ဖြေလျော့ထားပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။