သွားကိုက်ခြင်း၊ သွားဖုံးနာခြင်းကနေ ကင်းဝေးစေမယ့် အစွမ်းထက်နည်းလမ်းများ

Health
သွားကိုက်ခြင်း၊ သွားဖုံးနာခြင်းကနေ ကင်းဝေးစေမယ့် အစွမ်းထက်နည်းလမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သွားကိုက်ခြင်း၊ သွားဖုံးနာခြင်းကနေ ကင်းဝေးစေမယ့် အစွမ်းထက်နည်းလမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သွားကိုက်ခြင်း၊ သွားဖုံးနာခြင်းကနေ ကင်းဝေးစေမယ့် အစွမ်းထက်နည်းလမ်းများ


သွားကိုက်တာ၊ သွားဖုံးနာတာတွေကို မဖြစ်ဖူးတဲ့မရှိသလောက်ပါပဲ။ အကြောင်းအရင်းအမျိုးမျိုးကြောင့် သွားကိုက်တာ၊ သွားဖုံးနာတာတွေဖြစ်လာရပါတယ်။ ဘယ်လိုအကြောင်းအရင်းကြောင့်ပဲ သွားကိုက်၊ သွားဖုံးနာတာဖြစ်ဖြစ် ဒီလိုဖြစ်လာရင် တော်တော်လေး ခံရခက်စေပြီး အစားအစာရတာ၊ စကားပြောရတာ၊ အလုပ်အာရုံစိုက်ရတာတွေတောင် အခက်အခဲဖြစ်စေပါတယ်။

နာကျင်မှုကို သည်းမခံနိုင်တဲ့အဆုံး ကျွန်တော်တို့ သွားဆရာဝန်နဲ့ သွားပြရပါတယ်။ ဒါပေမဲ့ သွားကိုက်တာ၊ သွားဖုံးနာတာ အရမ်းမပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ အလွယ်တကူကုသနိုင်ပါတယ်။ သွားကိုက်တာ၊ သွားဖုံးနာတာကနေ အလျင်အမြန်သက်သာသွားချင်ရင် အောက်မှာဖော်ပြပေးမယ့် နည်းလမ်းတွေကို လိုက်လုပ်ကြည့်လို့ရပါတယ်။

ဆားရည်

ဆားရည်က ဘတ်တီးရီးယားပိုးမွှားတွေကို သဘာဝအလျောက်သတ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး သွားကြားမှာညက်နေတဲ့ အစားအစာအမှုန့်အမွှားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆားရည်နဲ့ ပလုတ်ကျင်းပေးခြင်းကလည်း နီမြန်းရောင်ရမ်းခြင်းကို ပြေလျော့စေတဲ့အပြင် သွားဖုံးမှာရှိနေတဲ့ အန္တရာယ်ဖြစ်စေတဲ့ဘတ်တီးရီးယားပိုးတွေကို သတ်ပေးနိုင်ပါတယ်။

အသုံးပြုနည်း

ရေနွေးနွေးတစ်ခွက်ထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ထည့်လိုက်ပြီး နှံ့အောင်မွှေလိုက်ပါ။ အဲဒီနောက် ဆားရည်ကို ငုံပြီး စက္ကန့်အနည်းငယ်လောက် ပလုတ်ကျင်းပြီးနောက် ထွေးထုတ်လိုက်ပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ဆေးဝါးဆိုင်ရာဂုဏ်သတ္တိများစွာနဲ့ အစွမ်းထက်အစားအစာဖြစ်ပါတယ်။ အအေးမိဖျားနာခြင်းအတွက် အသုံးများတဲ့ ကြက်သွန်ဖြူက ဘတ်တီးရီးယားတွေကို တိုက်ဖျက်ပေးတဲ့ အယ်လီဆင် (Allicin) ဓာတ်တွေ ပါဝင်ပြီး သွားကိုက်တာ၊ သွားဖုံးနာတာတွေကို ကုသတဲ့နေရာမှာ အတော်လေးထိရောက်ပါတယ်။ သွားကိုက်တာ၊ သွားဖုံးနာတာတွေကို ဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို သတ်ပေးပြီး အကိုက်အခဲပျောက်ဆေးအနေနဲ့လည်း လုပ်ဆောင်ပါတယ်။

အသုံးပြုနည်း

ကြက်သွန်ဖြူအမွှာတွေကို ချေမွှလိုက်ပြီး အချိန်အနည်းငယ်လောက် သွား (ဒါမှမဟုတ်) သွားဖုံးပေါ်မှာ ချေမွထားတဲ့ကြက်သွန်ဖြူအနှစ်တွေကို လိမ်းလိုက်ပါ။ ကြက်သွန်ဖြူကို ဝါးစားလို့လည်းရပါတယ်။

လက်ဖက်ရည်အိတ်

တချို့လက်ဖက်ရည်အိတ်တွေမှာ တန်နင်း (tannins) လို့ခေါ်တဲ့ဒြပ်ပေါင်းတစ်ခုပါဝင်ပါတယ်။ တန်နင်းက ပါးစပ်အတွင်းမှာ ရှိနေတဲ့ ဘတ်တီးရီးယားတွေကို သတ်ပေးခြင်းအားဖြင့် သွားဖုံးနာခြင်းကို လျော့ချပေးနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ လက်ဖက်စိမ်း၊ ဘလက်ခ်ကော်ဖီတွေက တန်နင်းဒြပ်ပေါင်းတွေနဲ့ ထုပ်ပိုးထားပြီး သွားကိုက်တာ၊ သွားဖုံးနာတာတွေကို ဖယ်ရှားတဲ့နေရာမှာ အသုံးပြုကြပါတယ်။

အသုံးပြုနည်း

ရေပွက်ပွက်ဆူတဲ့အထဲ လက်ဖက်ရည်အိတ်ကို (၅) မိနစ်လောက် ထည့်ထားပါ။ အဲဒီနောက် ဖယ်ရှားလိုက်ပြီး ခဏလောက် အအေးခံလိုက်ပါ။ လက်ဖက်ရည်အိတ် နွေးနေတုန်းမှာ နာတဲ့နေရာမှာ လက်ဖက်ရည်အိတ်ကို (၅) မိနစ်လောက် ကပ်ထားလိုက်ရုံပါပဲ။

ရှားစောင်းလတ်ပက်

ရှားစောင်းလတ်ပက်ကလည်း ရောဂါပိုးမွှားတွေကို ဖျက်စီးပစ်နိုင်တဲ့ သဘာဝဂုဏ်သတ္တိတွေရှိပြီး သွားယိုယွင်းပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သွားကိုက်တာ၊ သွားဖုံးနာတာတွေခံစားရတဲ့အခါ ရှားစောင်းလတ်ပက်ကို အသုံးပြုလို့ရပါတယ်။

အသုံးပြုနည်း

သဘာဝရှားစောင်းလတ်ပက်ဂျယ်လ်အနည်းငယ်ယူပါ။ အဲဒီနောက် နာကျင်တဲ့နေရာကို လိမ်းပြီး ညင်ညင်သာသာနှိပ်နယ်ပေးပါ။

သာမန်သွားကိုက်တာ၊ သွားဖုံးနာတာမျိုးတွေက အိမ်မှာ ကုသရတာလွယ်ကူပါတယ်။ ဒါပေမဲ့ (၅) ရက်လောက်ထိ နာကျင်နေတုန်းဆိုရင် သွားဆရာဝန်နဲ့သွားပြကြည့်သင့်ပါတယ်နော်..။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။