နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဟု ဆိုသော်လည်း ခန္ဓာဖြစ်စဉ်ပေါ်မူတည်၍ သတိပြုသုံးစွဲတတ်ဖို့လို

Health
နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဟု ဆိုသော်လည်း ခန္ဓာဖြစ်စဉ်ပေါ်မူတည်၍ သတိပြုသုံးစွဲတတ်ဖို့လို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဟု ဆိုသော်လည်း ခန္ဓာဖြစ်စဉ်ပေါ်မူတည်၍ သတိပြုသုံးစွဲတတ်ဖို့လို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဟု ဆိုသော်လည်း ခန္ဓာဖြစ်စဉ်ပေါ်မူတည်၍ သတိပြုသုံးစွဲတတ်ဖို့လို

နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဟု ဆိုသော်လည်းလောကနိယာမ သဘောအရ အကောင်းနဲ့အဆိုးကတော့ အမြဲဒွန်တွဲလျက် ရှိနေကြစမြဲပါ။ တချို့သစ်ပင်တွေမှာလူသားတို့၏ကျန်းမာရေးအတွက်အားသာချက်တွေ တော်တော်များများရှိကြပါတယ်။

သို့သော် လူတစ်ဦးနဲ့တစ်ဦးကြံ့ခိုင်မှုစွမ်းရည်ချင်း မတူညီကြတာကြောင့် ၎င်းအပင်တွေရဲ့ ဆေးဝါးများဟာ ကိုယ်ထဲကိုရောက်ရှိလာတဲ့အခါ ခန္ဓာကိုယ်တွင်း သွေးသားစနစ်နဲ့ အပြောင်းအလဲကို ဖြစ်စေတတ်တာကြောင့် သတိပြုသုံးစွဲတတ်ဖို့လိုပါတယ်။သို့ပါ၍ သတ်မှတ်ဖော်ညွှန်းထားသော ပမာဏထက်ပို၍ မမှီဝဲမသုံးစွဲသင့်ကြောင်း အောက်ပါအတိုင်း အသိပေး မျှဝေလိုက်ရပါတယ်။

ရှားစောင်းလက်ပတ်

(က) ရှားစောင်းလက်ပပ်ပင်၏ ဂျယ်လီ (အနှစ်) ထဲတွင် ပါဝင်သော အောက်ဆီဂျင်ဓာတ်တစ်မျိုးက အရေပြားပေါ်ရှိ ဆဲလ်များကို အလိုလိုပြုပြင်ပေးနိုင်စွမ်းရှိတာကြောင့် မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာတို့ကို ကောင်းစွာကုသပေးနိုင်ပါတယ်။ သို့သော် ခွဲစိတ်အနာ ချုပ်ရိုးများ ကိုတော့ အနာကောင်းစွာမကျက်သေးခင်မှာ မလိမ်းသင့်ပါဘူး။ အနာကျက်နှေးသွားစေပါတယ်။

(ခ) အပင်၏ Enzymes များထဲတွင် ဝမ်းသက်စေသောအစွမ်းသတ္တိပါရှိခြင်းကြောင့်အူမကြီးနံရံရှိ အချွဲအကျိများကိုတိုးပွားစေကာ အူကိုသန့်စင်စေပြီးဝမ်းမချုပ်စေပါဘူး။

သို့သော် အပင်ကိုအခြောက် ထား၍ ဝမ်းပျော့ဆေးအဖြစ် အမြဲစားသုံးလျှင်တော့ ကျင့်ပါသွားတတ်ပါတယ်။

စမုန်မျိုးနှင့်စမုန်နက်

စမုံမျိုးက နှလုံးကိုငြိမ်းအေးစေပြီး အော့အန်ခြင်းကို ပျောက်ကင်းစေတဲ့အပြင် အစာကိုကြေညှက်စေပါတယ်။ စမုန်နက်က အအေးမိခြင်း၊ ဝမ်းသွားခြင်း၊ ရေငတ်ခြင်း၊ ဝမ်းကိုက်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။

သို့သော် ဆရာဝန်၏ ကြီးကြပ်လမ်းညွှန်ချက်မပါဘဲ ၎င်းတို့ကို ရက်သတ္တ ၆ ပတ်ထက်ပို၍ မစား သင့်ပါဘူး။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ဟင်းလျာအစားအစာများအတွက် အဓိကကျသော ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် ဖြစ်ပါတယ်။ သို့သော်(က) ကြက်သွန်ဖြူဟာသွေးကျွဲစေတာကြောင့် သွေးမခဲဆေး စားနေရသူ များဟာ ခွဲစိပ်ကုသမှုမပြုမီ ကြက်သွန်ဖြူကိုမစားသင့်ပါဘူး။(ခ) သွေးထဲမှာဂလူးကို့စ်နည်း၍ ဆေးစားနေရသူများဟာ ကြက်သွန်ဖြူကို လုံးဝမစားသင့်ပါဘူး။

ငရုတ်ကောင်း

ငရုတ်ကောင်းက ပန်းနာ၊ သလိပ်၊ လေထိုးလေအောင့်တို့ကို ချေဖျက်ပေးနိုင်သလို သည်းခြေရောဂါ၊ ဝမ်းကိုက်ခြင်း၊ ချွေးမထွက်ခြင်း၊ဝမ်းချုပ်ခြင်း၊ သွေးဆုတ် သွေးပုပ်အတွင်းပူသော အနာတို့ကိုလည်း သက်သာဖြေလျော့ပေးနိုင်ပါတယ်။

သို့သော်(က) ငရုတ်ကောင်းကို နေ့စဉ် ၃၀၀ မီလီဂရမ်ထက်ပို၍ မစားသင့်ပေ။(ခ) အရက်သေစာနှင့်တွဲ၍ မမှီဝဲပါနှင့်။(ဂ) အသည်းရောဂါသမားများဟာငရုတ် ကောင်းစားခြင်းမှ ရှောင်သင့်ပါတယ်။(ဃ) ငရုတ်ကောင်းဟာ ကြွက်သားတွေကို ပျော့ပျောင်းနိုင်စွမ်းရှိတာကြောင့် ယာဉ်မောင်းသူများနှင့် စက်ကိရိယာကိုင်တွယ်ရသူများဟာလည်း ငရုတ်ကောင်း မစား သင့်ပါဘူး။

နွယ်ချို

နွယ်ချိုက အသံကိုကြည်လင်စေပြီး ချောင်းဆိုးနဲ့သလိပ်နာရောဂါကို ပျောက်စေပါတယ်။ လေနာရောဂါ ကိုနိုင်ပါတယ်။ လူကိုဆူဖြိုးစေပြီး အားဖြစ်စေပါတယ်။

သို့သော်(က) နွယ်ချိုကို ရက်သတ္တ ၄-၆ ပတ် ထက်ပို၍ စွဲမစားသင့်ပါဘူး။ ပို၍စားမိပါက ခန္ဓာကိုယ်ထဲမှာ ရေအောင်းနိုင်ပါတယ်။(ခ) ဆီးချိုသွေးတိုးနှလုံးအသည်းနဲ့ကျောက်ကပ်ရောဂါရှိသူများ အထူးရှောင်ရှားသင့်ပါတယ်။(ဂ) နွယ်ချိုဟာ ခန္ဓာ ကိုယ်တွင်း ပိုတက်စီယမ်ဓာတ်ကို လျော့နည်းစေတာကြောင့် ပိုတက်စီယမ်အားနည်းသူများ မစားသင့် ပါဘူး။

တရုတ်နံနံ

တရုတ်နံနံပင်ထဲမှာ ဘေးဥပဒ်ဖြစ်စေသော ကိုလက်စထရော လုံးဝမပါရှိဘဲ ကောင်းကျိုးပြုသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင်သတ္တုဓာတ်များနဲ့ ချေဖျက်လွယ်သောအမျှင်ဓာတ်တို့ ကြွယ်ဝ စွာပါရှိတဲ့အပြင် ကင်ဆာကိုတိုက်ဖျက်နိုင်သော accetylenics, phenolic acids နှင့် coumarins ဓာတ်ပေါင်းစုများ ပါဝင်နေတာကြောင့် ကင်ဆာအဖုအကျိတ်များ ကြီးထွားပျံ့နှံ့ခြင်းမှ ကာကွယ်ပေးပြီး အံ့သြဖွယ်ကောင်းစွာ အနာများကိုလည်း ကျက်စေပါတယ်။

အထူးသဖြင့် အူမကြီးကင်ဆာ၊ အစာအိမ် ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် အမျိုးသားများဆီးကျိတ်ကင်ဆာတို့ကို ဟန့်တားပေးနိုင်ပါတယ်။သို့သော် တရုတ်နံနံပင်က ဆေးအဖြစ်မှီဝဲရင် ဆီးများများသွားစေတာကြောင့် ကျောက်ကပ်ရောဂါ သည်များနဲ့ သည်းခြေအိတ်ဝေဒနာသည်များအတွက် အထူးရှောင်ရှားသင့်ပါတယ်။

ပင်စိမ်းပင်

ပင်စိမ်းရွက်ထဲတွင်ပါရှိသော သဘာဝဓာတ်ပေါင်းစုတစ်မျိုးက ဦးနှောက်စွမ်းဆောင်ချက်ကို တိုးတက် ကောင်းမွန်စေသည့်အပြင်စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကို ထိထိ ရောက်ရောက် ကုသပေးနိုင်ပါတယ်။ ဒါ့ပြင် ပင်စိမ်းရွက်ဟာ

ကလေးငယ်များရဲ့ ဉာဏ်ရည်စွမ်းအားကို တိုးတက်မြင့်မားစေနိုင်လို့ အရွယ်သုံးပါးမရွေး စားသုံးသင့်ပါတယ်။

သို့သော် သွေးထဲမှာ ဂလူးကို့စ်နည်းနေသူများ၊ အတက်ရောဂါရှိသူများနဲ့ ဝက်ရူးပြန်ရောဂါရှိသူများကတော့ ပင်စိမ်းကို မစားသင့်ပါ ဘူး။

ချင်း (ဂျင်း)

ချင်းဟာ အစာကြေညက်လွယ်ခြင်း၊ ဆီးနဲ့ဝမ်းကိုရွှင်စေခြင်း၊ ခံတွင်းမြိန်ခြင်း၊ သုက်ကိုပွားစေခြင်း၊

အဆိပ်အတောက်ကို ပြေပျောက်စေခြင်း၊ ချောင်းဆိုးပန်းနာကို ပျောက်စေခြင်း၊ ရောင်ရမ်းနာများကို ပျောက်ကင်းခြင်း၊ အသံကြည်လင်ခြင်း၊ လေနာရောဂါကိုနိုင်ခြင်းစတဲ့ ကျန်းမာရေးအာနိသင်တွေ ပေး စွမ်းနိုင်ပါတယ်။သို့သော် ချင်းဟာ

သည်းခြေရည်ကို ပိုထွက်စေတာကြောင့် သည်းခြေဖြစ်စေ ဆေးအဖြစ်မှီဝဲလိုရင် ကျွမ်းကျင်သူ ဆရာဝန်တို့၏ လမ်းညွှန်မှုဖြင့်သာ သုံးစွဲသင့်ပါတယ်။

နနွင်း

လေ့လာဆန်းစစ်မှု မှတ်တမ်းများအရ ကမ္ဘာပေါ်မှာ နနွင်းမှုန့် အစားဆုံးသူများဟာ အိန္ဒိယလူမျိုးများ ဖြစ်ကြရာ ၎င်းလူမျိုးတွေမှာ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဖြစ်နိုင်ချေလွန်စွာနည်းပါးကြောင်း၊ နနွင်းမှုန့်ကို

ပန်းဂေါ်ဖီ(အဖြူ)နှင့် တွဲဖက်၍ချက်စားခြင်းက ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း၊အိန္ဒိယမှာ နနွင်းမှုန့်ကို မိရိုးဖလာအရ စားသုံးလာခဲ့ကြတာကြောင့်လည်းကလေးငယ်တွေမှာ သွေး ကင်ဆာဖြစ်ပွားနှုန်း နည်းပါးကြောင်း၊အဆိပ်အတောက်ပြေစေကာ အသည်းကိုကောင်းကျိုးပြုကြောင်း၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများအတွက် လွန်စွာဆေးဖက်ဝင်ကြောင်း၊ အမျိုးသမီးများရဲ့ သားအိမ်ကိုသန့်စေကြောင်း၊ နနွင်းမှုန့်ကို နေ့စဉ်ဟင်းလျာတွေမှာ စားသုံးလေ့ရှိတာကြောင့်လည်း အိန္ဒိယလူမျိုးတွေမှာ ဦးနှောက်ဇရာရောဂါ (ခေါ်) အယ်လ်ဇိုင်းရောဂါ ဖြစ်သူဦးရေ လွန်စွာနည်းပါးကြောင်း လေ့လာတွေ့ရှိရပါတယ်။

သို့သော် အစာအိမ်အက်ဆစ်အထွက်များသူများ၊ အူယဉ်းနာရောဂါ၊ သည်းခြေကျောက်နှင့် သည်းခြေအိတ် ပိတ်ဆို့သူများကတော့ နနွင်းစားသုံးမှုကို ရှောင်ရှားသင့်ပါတယ်။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။