John Wick: Chapter 5 ထွက်ရှိမှာဖြစ်ကြောင်း Lionsgate ဥက္ကဌအတည်ပြုလာ

Celebrity International News
John Wick: Chapter 5 ထွက်ရှိမှာဖြစ်ကြောင်း Lionsgate ဥက္ကဌအတည်ပြုလာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ John Wick: Chapter 5 ထွက်ရှိမှာဖြစ်ကြောင်း Lionsgate ဥက္ကဌအတည်ပြုလာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

John Wick: Chapter 5 ထွက်ရှိမှာဖြစ်ကြောင်း Lionsgate ဥက္ကဌအတည်ပြုလာ

မင်းသား Keanu Reeves ရဲ့ John Wick: Chapter 4 ဟာ ယခုနှစ်ရဲ့ရုပ်ရှင်ရုံတွေမှာ မင်းမူခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်သလို အက်ရှင်ပရိသတ်တွေရဲ့အားပေးမှုကိုလည်း တခဲနက်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့လပိုင်းက John Wick: Chapter 4 ဟာ John Wick Franchise ရဲ့ အဆုံးသတ်ဖြစ်သွားနိုင်ပြီး Keanu Reeves ဟာလည်း John Wick ဇာတ်ကောင်ကို လက်ပြနှုတ်ဆက် အဆုံးသတ်သတ်သွားနိုင်ကြောင်း ဒါရိုက်တာ Chad Stahelski က ပြောခဲ့ပါတယ်။ ယခုအခါမှာတော့ Lionsgate ဘက်က John Wick ကို လက်လွှတ်လိုက်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ပုံပါပဲ။

 

John Wick ဟာ နောက်ထပ် John Wick: Chapter 5 ထပ်မံထွက်ရှိလာမှာဖြစ်ပြီး ကနဦးအဆင့်ဇာတ်လမ်းတည်ဆောက်ဆဲအနေအထားမှာရှိနေကြောင်း Lionsgate ကုမ္ပဏီ ရဲ့ Q4 2023 ကနဦးအစည်းအဝေးမှာ Lionsgate ရဲ့ Motion Pictures Group ဥက္ကဌ John Drake က အတည်ပြုလာခဲ့တာပါ။

 

“ကျွန်တော်တို့ အဲဒီ franchise ကို ရှေ့ဆက်နေပါတယ်။ AAA ဗွီဒီယိုဂိမ်းအဆင့်တင်မကပဲ ပုံမှန် spin-off တွေ၊ ဇာတ်လမ်းတွဲတွေကိုလည်း ထုတ်လုပ်ဖို့ရှိပြီး အဲဒါမှသာ တည်ငြိမ်တဲ့ Franchise တစ်ခုဖြစ်လာမှာဖြစ်ပြီး ပရိသတ်ရဲ့အားပေးမှုကိုရရှိနိုင်မှာဖြစ်ပါတယ်။ တရားဝင်အတည်ပြုနိုင်တာကတော့ လာမယ့်နှစ်ထဲမှာ ပထမဆုံး spin-off အနေနဲ့ Ballerina ထွက်မယ်။ John Wick 5 အပါအဝင် နောက်ထပ်သုံးကားကိုလည်း ဇာတ်လမ်းတည်ဆောက်နေတယ်၊ ဇာတ်လမ်းတွဲ The Continental ရောပေါ့။”

Lionsgate ရဲ့ Motion Pictures Group ဥက္ကဌ John Drake ရဲ့ မှတ်ချက်အရ Lionsgate ဟာ John Wick နဲ့ ပတ်သက်ပြီး အစီအစဥ်တွေများစွာရှိနေပုံပါပဲ။

John Wick ရုပ်ရှင်တွေဟာ စုစုပေါင်း လေးကားအထိ ထွက်ရှိထားတာဖြစ်ပြီး ကျန်သုံးကားဖြစ်တဲ့ John Wick ဟာ ကန်ဒေါ်လာ ၈၁ သန်း၊ John Wick: Chapter 2 ဟာ ကန်ဒေါ်လာ ၁၇၄.၃ သန်း၊ John Wick: Chapter 3 – Parabellum ကတော့ ကန်ဒေါ်လာ ၃၂၇.၇ သန်း နဲ့ John Wick: Chapter 4 ကတော့ ကန်ဒေါ်လာ ၄၂၆ သန်းကျော် အသီးသီးရရှိခဲ့ပါတယ်။ John Wick franchise တစ်ခုလုံးရဲ့ ရုံတင်ငွေစုစုပေါင်း ပမာဏကတော့ ကန်ဒေါ်လာ ၁ ဘီလျံကျော်ခဲ့ပြီဖြစ်ပါတယ်။

သရုပ်ဆောင် Ana De Armas အဓိကပါဝင်ထားတဲ့ Ballerina ကို Underworld ဒါရိုက်တာ Len Wiseman က တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး John Wick: Chapter 3 – Parabellum မှာ ပါဝင်ခဲ့တဲ့ ဘဲလေးသင်တန်းကျောင်းနဲ့ အဲဒီကျောင်းက အမျိုးသမီး assassin တစ်ယောက်အကြောင်းအဓိကပြသမှာဖြစ်ပါတယ်။

Ballerina ကို ဇူလိုင် ၇၊ ၂၀၂၄ မှာ ရုံတင်ပြသမှာဖြစ်ပြီး Ana De Armas က Ballerina သင်တန်းက assassin တစ်ယောက်အဖြစ်၊ Ian McShane က Winston အဖြစ်၊ ဆုံးပါးသွားတဲ့ Lance Reddick က Charon အဖြစ်နဲ့ John Wick: Chapter 3 – Parabellum က သရုပ်ဆောင် Anjelica Huston အပြင် The Walking Dead သရုပ်ဆောင် Norman Reedus လည်း ပါဝင်ထားသလို Keanu Reeves ကိုလည်း John Wick အဖြစ် တွေ့ရဦးမှာပါ။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။