ချမ်းသာမယ့်ဇာတာပါမပါကိုယ်တိုင်တွက်ကြည့်ရအောင်

Astrology
ချမ်းသာမယ့်ဇာတာပါမပါကိုယ်တိုင်တွက်ကြည့်ရအောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချမ်းသာမယ့်ဇာတာပါမပါကိုယ်တိုင်တွက်ကြည့်ရအောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချမ်းသာမယ့်ဇာတာပါမပါကိုယ်တိုင်တွက်ကြည့်ရအောင်

မွန်မြန်မာ – ရိုးရာဗေဒင်တွက်ကိန်းတွေထဲမှာ မွေးဖွားတဲ့ခုနှစ်ပေါ် မူတည် ပြီး ဘ၀မှာ ဘယ်လောက် ချမ်းသာနိုင်သလဲဆိုတာ အဖြေရှာတွက်ချက်ကြည့်နိုင်တဲ့ တိုင်လေးပါးဟောကိန်းဆိုတာ ရှိပါတယ်။

တွက်နည်းက လွယ်ပါတယ်။
ကိုယ့်ရဲ့မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ၄ နဲ့ စားပါ။ အကြွင်းအဟောတွေအရ
(၁) ကြွင်းရင် ရွှေတိုင်
(၂) ကြွင်းရင် စပါးတိုင်
(၃) ကြွင်းရင် ဖွဲတိုင်
(၄) ကြွင်းရင် ဆန်တိုင်
လို့ ခွဲခြားသတ်မှတ်ပြီး အောက်ပါဟောကိန်းကို ကြည့်နိုင်ပါပြီ။

(သက္ကရာဇ် ၁၃၀၀ နောက်ပိုင်း မွေးဖွားသူများ ထောင်နှင့် ရာကိုပယ်ပြီး၊ ဆယ်နှင့်ခုကိုသာ ၄ နှင့်စားပါက အကြွင်းမှာ တူတူပင်ဖြစ်သည်။ ဥပမာ – ၁၃၁၇ ခု မွေးဖွားသူကို တွက်ပါက ၁၃၀၀ ကို ပယ်ပြီး ၁၇ ကို ၄ နှင့်စားပါက အကြွင်း ၁ (ရွှေတိုင်ကို ရပါမည်။)
(အကြွင်း ၄ နှင့် အကြွင်း ၀ မှာ (ဆန်တိုင်) အတူတူဖြစ်ပါသည်။)

၁ ကြွင်း ရွှေတိုင်အဟော

ရွှေတိုင်လို့ ခေါ်တဲ့အတိုင်း တိုင်လေးပါးထဲမှာ အမြင့်ဆုံးနဲ့ အတောက်ပဆုံးကံဇာတာ ပါလာသူတွေ ဖြစ်ပါတယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် နောက်ခံကံတရားကလည်း ပံ့ပိုးနေမှာဖြစ်လို့ ဘ၀ မှာ ရွှေနဲ့ငွေနဲ့ ပြည့်စုံသူ၊ ချမ်းသာကြွယ်ဝသူတွေ ဖြစ်လာနိုင်ပါတယ်။ ငွေကြေးဥစ္စာရော လူနေမှုအဆင့်အတန်းပါ မြင့်မားတတ်ပါတယ်။

၂ ကြွင်း စပါးတိုင်

ရွှေတိုင်လောက် ပြည့်စုံချမ်းသာမှု မရှိတတ်ပေမယ့် အခက်အခဲတွေ ကြားက အောင်မြင် ကြီးပွားလာနိုင်သူ ဖြစ်ပြီးမိတ်ကောင်းဆွေကောင်း၊ အသိုင်းအဝိုင်းကောင်းရဲ့ကူညီမစမှုတွေ ရရှိတတ်ပါတယ်။ အိုးပိုင်အိမ်ပိုင် ရနိုင်သူမျိုး ဖြစ်ပြီး သားသမီးတွေ၊ မိတ်ဆွေတွေ၊ အခြံအရံတွေနဲ့လည်း သိုက်သိုက်ဝန်းဝန်း အတူနေထိုင်ရတတ်ပါတယ်။

၃ ကြွင်း ဖွဲတိုင်

တိုင်လေးပါးမှာ အားအနည်းဆုံး တိုင်အမျိုးအစား ဖြစ်ပါတယ်။ အားကိုးအားထားပြုနိုင်တဲ့ အသိုင်းအဝိုင်းရယ်လို့မရှိဘဲ ကိုယ့်ဘာ သာရုန်းကန်ကြိုးစားရတတ်ပါတယ်။ သူများထက် ခက်ခဲပင်ပန်းစွာ စီးပွားရှာရတတ်ပြီး ကြိုးစားမှု အချည်းနှီး ဖြစ်တတ်ပါတယ်။ အိုးအိမ်ပိုင်ဆိုင်ခွင့်နည်းပြီး ဘဝအတက်အကျလည်း မျိုးစုံပြောင်းလဲတတ်ပါတယ်။

၄ ကြွင်း ဆန်တိုင် (အကြွင်း – ၀ )

လူတန်းစေ့နေနိုင်တဲ့ဇာတာလို့ ဆိုရပါလိမ့်မယ်။ ဘ၀မှာ ဘယ်လောက်ပဲ ချမ်းသာပြည့်စုံပြီး ပိုက်ဆံရှိနေပါစေ၊ အရာရာကို အပင်ပန်းခံ လုပ်တတ်တဲ့လူမျိုး ဖြစ်ပါတယ်။ ချမ်းသာလွန်း၊ မွဲတေလွန်းတဲ့ အစွန်းနှစ်ဖက်ကနေလွတ်ပြီး သူလိုငါလို နေနိုင်စားနိုင်သူ ဖြစ်သလို အပေါင်းအသင်း၊ အသိုက်အဝန်းလည်း ပေါများတတ်ပါတယ်။

တိုင်လေးပါးအဟောတွေကို လက်တွေ့သုတေသန လုပ်ကြည့်တဲ့အခါ ကမ္ဘာကျော်ဘီလျံနာသူကြွယ်ကြီးတွေဖြစ်တဲ့ အီလွန်မတ်စ်၊ ဘီလ်ဂိတ်၊ ဂျက်ဖ်ဘီဇော့ သုံးယောက်ဟာ ရွှေတိုင်ဇာတာရှင်တွေ ဖြစ်နေကြပါတယ်။

ရွှေတိုင်အဟောအတိုင်း သူတို့ရဲ့မူလဇာတာနောက်ခံအကြောင်းတရားတွေ ကောင်းကြသလို သူတို့ရဲ့ဇွဲလုံ့လနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေကလည်း သူတို့ကို ဒီလို ထိပ်ဆုံးနေရာကို တွန်းပို့ခဲ့တာလည်း ဖြစ်ပါတယ်။

မိတ်ဆွေတို့ရော ကိုယ့်မွေးခုနှစ်အရ ဘယ်တိုင်မှာ မွေးဖွားလာသလဲ၊ ဘယ်လောက်ချမ်းသာကြီးပွားခွင့်ရှိသလဲဆိုတာ တွက်စစ်ကြည့်လိုက်ပါဦး။ ယေဘုယျအဟော ဆိုပေမဲ့ တိုက်ဆိုင်မှုတွေလည်းရှိနေလို့ ကိုယ့်ဘ၀မှာ ဘယ်လောက်ထိ ချမ်းသာနိုင်မလဲ ဆိုတာ ကိုယ်တိုင် တွက်ကြည့်သိရှိနိုင်ပါတယ်။

ရေးသားသူ –မောင်ညွန့်လွင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။