လယ်ကန်းစွန်ရွက်နီနဲ့ ကုလို့ရတဲ့ ရောဂါ(၅)မျိုး

Health
လယ်ကန်းစွန်ရွက်နီနဲ့ ကုလို့ရတဲ့ ရောဂါ(၅)မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လယ်ကန်းစွန်ရွက်နီနဲ့ ကုလို့ရတဲ့ ရောဂါ(၅)မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လယ်ကန်းစွန်ရွက်နီနဲ့ ကုလို့ရတဲ့ ရောဂါ(၅)မျိုး

မြန်မာဆေးကျမ်းတွေမှာ ကန်စွန်းရွက်နီဟာ ရေမှာဖြစ်တဲ့ ပိုးတွေကို ပယ်တယ်လို့ဖော်ပြထားပါတယ်။ ကန်စွန်းရွက်နီရဲ့အရေဟာ အဆိပ်ကိုလည်းပြေစေပြီး မီးလောင်နာတွေနဲ့ ဆီးရောဂါတွေကို ပျောက်ကင်းစေတယ်လို့ ဖော်ပြထားပါတယ်။

၁။ ငန်းမန်းရှိရင် ဗူးရွက်နဲ့ ကန်စွန်းနီရွက်ကို ရေစိမ်ပါ။

ရောစပ်ကြိတ်ပြီး အရည်ကို အနာမှာ ဆွတ်လိမ်းပေးလိုက်မယ်ဆိုရင် အနာမန်းသိသိသာသာကျပါတယ်။

၂။ ဆီးရောဂါ ရှိတဲ့လူတွေအတွက် ကျိုသောက်လို့ရပါတယ်။

ကန်စွန်းနီရွက်ကို ထန်းလျက်၊ မန်ကျည်းမည့်နဲ့ ဆားထည့်ပြီး ကျိုသောက်ရမှာဖြစ်ပါတယ်။ ဆီးကျောက်တည်တဲ့ လူတွေအတွက် အထူးကောင်းမွန်ပါတယ်။

၃။ ကန်စွန်းနီရွက် သက်သက်ကိုပဲ ပြုတ်သောက်တယ်ဆိုရင် ရင်ပြည့်ဝမ်းကျရောဂါ ပျောက်ပါတယ်။

၄။ ဆီးမသွားတဲ့ လူတွေအတွက် ဗူးရွက်နဲ့ ကန်စွန်းနီရွက်ကို ဆတူရောပြီး ကျိတ်ပါ။ ရလာတဲ့အရည်ကို ဆန်မှုန့်ညက်နဲ့ဖျော်ပြီး ဆီးခုံပေါ် တင်ထားပေးလိုက်ပါ။ ၁၅ မိနစ်အတွင်း ဆီးသွားပါတယ်။ ဓမ္မတာလွန်တဲ့လူတွေလည်း ဒီနည်းအတိုင်းလုပ်လို့ရပါတယ်။

၅။ အရွက်သက်သက်ကိုပဲ ဟင်းချက်စားမယ်ဆိုရင်တော့ သွေးဝမ်းရောဂါ ပျောက်ပါတယ်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။