ကင်ဆာကို အနိုင်ယူခဲ့တဲ့ ဆရာကို တပည့်တွေက ဆီးကြိုဂုဏ်ပြု

International News
ကင်ဆာကို အနိုင်ယူခဲ့တဲ့ ဆရာကို တပည့်တွေက ဆီးကြိုဂုဏ်ပြု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကင်ဆာကို အနိုင်ယူခဲ့တဲ့ ဆရာကို တပည့်တွေက ဆီးကြိုဂုဏ်ပြု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကင်ဆာကို အနိုင်ယူခဲ့တဲ့ ဆရာကို တပည့်တွေက ဆီးကြိုဂုဏ်ပြု

ကင်ဆာရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ ဆရာကို တပည့်တွေ၊ မိသားစုတွေ၊ မိတ်ဆွေတွေက ဆီးကြိုဂုဏ်ပြုခဲ့ကြတဲ့ မြင်ကွင်းပါ။ ဘရင်ဒန်ဟာရစ်ဆန်ဟာ မစ်ချီဂန်ပြည်နယ် Bay City Western အထက်တန်းကျောင်းမှ ကျောင်းဆရာ၊ ဘတ်စကတ်ဘောနည်းပြ ဖြစ်ပါတယ်။

သူဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ အူမကြီးကင်ဆာရောဂါ ခံစားခဲ့ရပြီး ဓာတ်ရောင်ခြည်ကုသမှု ခံယူခဲ့ရသူပါ။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာတော့ ၁၂ ကြိမ်မြောက်နဲ့ နောက်ဆုံး ဓာတ်ရောင်ခြည်ကုသမှု ခံယူပြီး ဆေးရုံကနေ ထွက်လာချိန်မှာ သူ့တပည့် ဘတ်စကတ်ဘော အသင်းသားတွေက အခုလို ဆီးကြိုနှုတ်ဆက် ဂုဏ်ပြုခဲ့ကြတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။