ချစ်သူတို့ကို ကိုယ်စားပြုသော Camellia ပန်း

Knowledge
ချစ်သူတို့ကို ကိုယ်စားပြုသော Camellia ပန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချစ်သူတို့ကို ကိုယ်စားပြုသော Camellia ပန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချစ်သူတို့ကို ကိုယ်စားပြုသော Camellia ပန်း

Camellia ဆိုတဲ့ပန်းရဲ့ မွေးဖွားရာ ဇာတိဟာ တရုတ်နိုင်ငံဖြစ်ပါတယ်။ ဒီပန်းတွေဟာ နွေဦးကာလအစောပိုင်းမှာ အထူးကို မြိုင်ဆိုင်စွာပွင့်တတ်ပြီး တရုတ်မှာဆို ကွင်းပြင်ကြီးတွေ တစ်ခုလုံးကို အရောင်စုံ ဖုံးလွှမ်းသွားအောင် လှပစွာပွင့်ကြတယ်။ ဂျပန်နိုင်ငံဟာလဲ Camellia ပန်းကို အထူးမြတ်နိုးတန်ဖိုးထား လေးစားကြတယ်။ ဒါကြောင့် Camellia ကို ဂျပန်နှင်းဆီလို့လဲ ခေါ်ကြတယ်။

တရုတ်ပြည်မှာဆိုရင် Camellia ပန်းဟာချစ်သူနှစ်ဦးရဲ့ ပေါင်းစည်းခြင်းကို ကိုယ်စားပြုတဲ့ပန်း ဖြစ်တယ်။ နူးညံ့လှတဲ့ အလွှာအထပ်ထပ်နဲ့ ဖွဲ့စည်းထားတဲ့ ပွင့်ချပ်တွေဟာ အမျိုးသမီးကိုကိုယ်စားပြုတယ်။ ပွင့်ချပ်ကို အပြင်ဘက်ကနေ ကာရံထားပြီး ပင်စည်ကနေထိုးထွက်နေတဲ့ အစိမ်းရောင် သစ်ရွက်လိုပွင့်ဖတ်အုံဟာ အမျိုးသားကို ကိုယ်စားပြုတယ်။ အမျိုးသားဟာ အမျိုးသမီးကို ကာကွယ်ထားတဲ့ ပုံစံလေးပေါ့။ အံ့သြဖို့ကောင်းတာက အဲဒီမဆိုင်တဲ့အပိုင်းနှစ်ခုက ချိတ်ဆက်နေပါတယ်။ ဘယ်လိုပုံစံမျိုးလဲ?

ယေဘုယျအားဖြင့် ပန်းပင်တွေမှာ ပွင့်ချပ်တွေကြွေသွားတဲ့အခါ သူ့ကိုကာရံထားတဲ့ အစိမ်းရောင် သစ်ရွက်ပွင့်ဖတ်အုံဟာ ကျန်ရစ်ခဲ့လေ့ရှိပါတယ်။ အကြောင်းက အဲဒီပွင့်ဖတ်အုံဟာ သစ်ပင်ရဲ့ ပင်စည်ကနေ ထိုးထွက်နေတာကြောင့် ပွင့်ချပ်ကြွေတဲ့အခါ ပွင့်ဖတ်အုံဟာ ပင်စည်မှာပဲ ချိတ်ဆက်ပြီး ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမယ့် Camellia ပန်းမှာတော့အဲလိုမဟုတ်ပါဘူး။ ပွင့်ချပ်တွေကြွေကျတဲ့ ဒီဘာမှမဆိုင်တဲ့ ပွင့်ဖတ်အုံကပါ ပွင့်ချပ်လေးတွေနဲ့လိုက်ပြီး အတူတူကြွေကျသွားလေ့ရှိပါတယ်။ Camellia ပန်းမှာ ယေဘုယျအားဖြင့် ဘာမှမဆိုင်တဲ့အပိုင်းနှစ်ခုဟာ သေဆုံးသည့်တိုင်အောင် အတူတူဆက်စပ်နေပါတယ်။

ဒါကြောင့် Camellia ပန်းဟာ ချစ်သူနှစ်ဦးရဲ့ မခွဲမခွာ အမြဲအတူ ထာဝရတည်မြဲတဲ့ အချစ်ကို ကိုယ်စားပြုတဲ့ပန်းဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။

ရေးသားသူ –Thoughts

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။