June လ အတွက် ၁၂ ရာသီခွင်များ ကံကြမ္မာ အပိုင်း-(၃)

Astrology
June လ အတွက် ၁၂ ရာသီခွင်များ ကံကြမ္မာ အပိုင်း-(၃)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ June လ အတွက် ၁၂ ရာသီခွင်များ ကံကြမ္မာ အပိုင်း-(၃) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

June လ အတွက် ၁၂ ရာသီခွင်များ ကံကြမ္မာ အပိုင်း-(၃)
Taurus

Taurus တွေအတွက် June ဟာ ကံဆိုးကံကောင်းတဲ့ရောနှောတဲ့ လတစ်လဖြစ်ပါလိမ့်မယ် ။ အားတက်စရာအနေနဲ့ အကျိုးပေးကောင်းတွေရှိနေတယ် ၊ ဒါပေမယ့် Mixed ဖြစ်တဲ့အဖြေမျိုးယှဥ်တွဲတွေ့ရတာမို့ စင်းလုံးချောတော့ဖြစ်မနေလောက်ဘူး ။ သူ့ရဲ့ Energy က လွယ်လွယ်မရဘူး ၊ အားထုတ်ပေးရမယ် ။ စိန်ခေါ်မှုလေးတွေ အရင်ကြုံရမယ် ။ ကြန့်ကြာတာလေးတွေ စိတ်ကသိကအောက်ဖြစ်ရတာလေးတွေကြုံရပြီး အောင်မြင်တာ ၊ အမြတ်အစွန်းကြီးကြီးရတာမျိုး ပိုဖြစ်ပါလိမ့်မယ် ။

ပိုတိတိကျကျလေး ပြောရအောင် ။ June ဟာ ၂၀၂၃ ရဲ့ငွေသုံးများတဲ့ကာလတစ်ခုပါ ။ အကျိုးရှိတာတွေရော အပျော်အပါးကိစ္စတွေရော စိတ်ပါလက်ပါသုံးခွင့်ရမယ် ။ ရင်းနှီးမြုပ်နှံချင်သူတွေ ၊ လုပ်ငန်းချဲ့ထွင်မယ့်သူတွေ ရှေ့ဆက်တိုးလို့ရတယ် ။ လဆန်းပိုင်းထက်စာရင် ဖြစ်နိုင်ရင်တော့ လကုန်ပိုင်းကိုစီစဥ်ပါ ။ ဒီအတောအတွင်း သတင်းကောင်းမျှော်နေတာရှိရင်လည်း လာမယ်ကြာမယ် ၊ စိတ်ပူရပြီးမှရောက်လာတတ်တယ် ။ ဒီတစ်လမှာစပ်တူအလုပ်တွေထက် ဝန်ထမ်းအလုပ် ၊ ကိုယ်ပိုင်အလုပ်က ပိုစိတ်ပျော်စေပါလိမ့်မယ် ။

ကျန်းမာရေးကိုကြည့်တဲ့အခါမှာ အနည်းငယ်လေးတော့အညံ့ဝင်တတ်တာသိထားပါ ။ ကြီးကြီးမားမားရယ်တော့ မမြင်မိဘူး ။ အဆုတ် ၊ လည်ချောင်း ၊ နှာခေါင်းနဲ့ပတ်သက်လို့ တရှောင်ရှောင်ဖြစ်နေတတ်တယ် ။ Mental ပိုင်းမှာတော့ စိတ်မွန်းကြပ်မှုများတတ်လို့ တစ်ယောက်ထဲမနေဖို့တိုက်တွန်းတယ် ။ လေဝင်လေထွက်နည်းတဲ့နေရာ ၊ အခန်းကျဥ်း ၊ အမှောင်များတဲ့နေရာတွေမှာ အကြာကြီးမနေပါနဲ့ ။ ခံစားချက်တွေမြိုသိပ်မထားပါနဲ့ ။ ထုတ်ပြောပါ တိုင်ပင်ပါ ရင်ဖွင့်ပါ ။ အားလပ်ရက်ခရီးအတိုလေးဖြစ်ဖြစ် သွားစေချင်တယ် ။ June မှာ ရပ်ဝေးခရီးသွားခြင်းလည်းအားသာတာမို့ နယ်ဝေးပြည်ပအလည်အပတ်စီစဥ်နေသူတွေ စိတ်ကျေနပ်ရဖို့မြင်တယ် ။

လူမှုရေးဟာတော့ စိတ်လျော့ထားရမယ့်ကာလမျိုး ဖြစ်ပါလိမ့်မယ် ။ မိသားစုရေး ၊ အနီးကပ်မိတ်ဆွေနဲ့ပတ်သက်လို့ စိတ်အခန့်မသင့်လေးကြုံရတတ်တယ် ။ မြင်တဲ့အတိုင်း မပြောသင့်တဲ့ကာလပါ ။ ကိုယ့်အလွန်ရယ်တော့ မဟုတ်ဘူး ၊ မထင်ပဲထိခိုက်သွားတာ လွှတ်ခနဲထွက်သွားတဲ့စကားတွေ ဒါမှမဟုတ် ပြောသင့်တယ်ထင်လို့ကိုပြောလိုက်တာမျိုး ကြုံလာစေတတ်တယ် ။ ခနအကြာ ကိုယ်ပဲစိတ်မကောင်းဖြစ်ရတတ်လို့ ကြိုတင်ကာကွယ်လိုက်တာ ပိုပြီး Safe ဖြစ်ပါလိမ့်မယ် ။

June ရဲ့အချစ်ရေးကိုလည်း ဒီသဘောပဲသွယ်ဝိုက်သက်ရောက်ပြန်တယ် ။ စိတ်အလိုမကျတုန်းခန စကားအကုန်ပြောလိုက်တာ ၊ ရွဲ့လိုက်တာ ခနဲ့လိုက်တာမျိုးရှောင်ပါ ။ ချစ်ခင်ရသူ (သို့) ချစ်ရဖူးသူတစ်ယောက်ဆီက မုန့်ဖိုးရတာ ၊ လက်ဆောင်ရတာ ၊ အသိအမှတ်ပြုခြင်းရတာ ၊ သတိတရသတင်းမေးလာတာမျိုး မြင်မိတယ် ။ အချစ်ရေးမှာ စိတ်ကြည်နူးစရာလေးနဲ့ စိတ်နှစ်ခွဖြစ်စရာလေးတွေ ရောနေတတ်လို့ Flirt ပါ ချစ်ပါ ပျော်လို့ရပါတယ် ။ Rush ဖြစ်တဲ့ Decision ကြီးကြီးမားမားတော့ အချိန်ဆွဲထားလိုက်ပါဦး ။

Scorpio

Scorpio ရာသီခွင်လေးတွေ ကျန်းမာရေးသတိပြုရမယ့်ကာလဖြစ်ပါတယ် ။ သွေးနဲ့ပတ်သက်တာ လေးဖက်နာ ၊ အစာအိမ်နဲ့ပတ်သက်လို့ အရင်ကရောဂါအခံမျိုးရှိရင် ဂရုစိုက်ရမယ် ။ မရှိဘူးဆိုရင်လည်း အရည်ပြားယားယံတာ ၊ လေထိုးတာ ၊ သေးသေးမွှားမွှားဖျားနာတာ အားကုန်လွယ်တာလေးတွေ ရှိနေတတ်တယ် ။ စိုးရိမ်စရာတော့မရှိပေမယ့် Progress ကောင်းကောင်းရှိမယ့်လမို့ စိတ်သွားတိုင်းကိုယ်လိုက်နိုင်အောင် အိပ်ချိန်စားချိန်မှန်နေဖို့ တိုက်တွန်းပါတယ် ။

June ရဲ့အားအင်ဟာ အလုပ်ပြီးမြောက်စေသလို စိတ်ရှည်ထားရမယ့်အပိုင်းအခြားလည်း ဖြစ်ပါလိမ့်မယ် ။ ငွေသုံးများရမယ် ။ အလုပ်အတွက်ရော မထင်ထားတဲ့ယိုပေါက်လေးတွေအတွက်ရော ငွေပြန်ထွက်နေမယ် ။ ရင်းနှီးမြုပ်နှံဖို့ ၊ အိမ်ခြံမြေဝယ်ဖို့တွေ အဆင်ပြေပါတယ် ။ ခရီးကံရှိတယ် ၊ အပျော်အပါးကိစ္စလေးတွေလည်း များနေတတ်တယ် ။ ငွေချေးပေးရတာ ၊ ရုတ်တရက်အသုံးပေါ်လာတတ်လို့ လက်ထဲငွေအစောင့်လေးတော့ ထားပါ ။

Career အရပြောရင် အောင်မြင်တိုးတက်တဲ့သဘော ရှိနေတယ် ။ ချက်ချင်းသိသာတာမျိုးတော့ မဟုတ်သေးဘူး ။ လတ်တလောအနစ်နာခံရမယ် ၊ ရေရှည်အတွက်အရေးပါတဲ့ Step တွေ ချလာနိုင်လိမ့်မယ် ။ လုပ်ငန်းနဲ့ပတ်သက်လို့ နှစ်ခါပြန်လုပ်ရတာ ၊ နှစ်ခါရှင်းပြရတာလေးတွေ များနေမယ် ။ စာချုပ်စာတမ်းကိစ္စ လုပ်ကိုင်လို့ရပါတယ် ။ လူယုံကြောင့်လွဲချော်တတ်လို့ အရေးကြီးကိစ္စ ကိုယ့်ဒူးပဲကိုယ်ယုံပါ ။ အထပ်ထပ်အခါခါ စစ်ဆေးပါ ။

လူမှုရေးမှာစိတ်များရသလို ဝင်လာသမျှအာရုံကိုအစာမကြေဖြစ်နေတတ်လို့ မဆိုင်တဲ့ Drama တွေရှောင်ပါ ၊ ဆိုင်တဲ့ Drama လည်း ရသလောက်ရှောင်ပါ ။ အရင်ကထက်ပိုပြီး အကြည်ဓာတ်မရှိတဲ့လူတွေကို သည်းခံမှုနည်းနေတဲ့အတွက် ဝေးလေကောင်းလေနေတာ အကောင်းဆုံးဖြစ်လိမ့်မယ် ။ ဒီတစ်လအတွင်း လူမှုရေးပိုင်း Transform ဖြစ်တဲ့ပုံစံလေးတွေ့မိလို့ မိတ်ဆွေသစ်ရမယ် ၊ မိတ်ဆွေဟောင်းတစ်ချို့လည်း တစ်နည်းနည်းနဲ့စိတ်ပျက်စေတတ်တယ် ။

နှလုံးသားရေး အားမရတဲ့ဖက်မှာရှိနေပါတယ် ။ လက်ရှိပြသနာများနေရင် ပိုပြီးသတိပြုပါ ။ အထူးသဖြင့် လဆန်းပိုင်းကာလတွေပေါ့ ။ ညှိမရပြုမရသဘောလေး ရှိလာတတ်တယ် ။ ဒါကိုကျော်လွန်ဖို့ဆို တစ်ယောက်နဲ့တစ်ယောက် စိတ်ဒုက္ခအပြန်အလှန်မပေးပါနဲ့ ။ ကြီးကြီးမားမားမဟုတ်ရင် မဖြေရှင်းနဲ့ဦး ။

ကောင်းတဲ့ Memories လေးတွေပဲ Focus လုပ်ထားသင့်တယ် ။ မယုံကြည်သလို အတင်းအကြပ်မေးတာ ၊ သံသယထားတာမျိုးရှောင်ပါ ။ June ရဲ့သဘောကတော့ အလုပ်အရကောင်းပေမယ့် Emotional ပိုင်းမှာ ကိုယ်မှီထားသူကနေ စိတ်ရှုပ်ရစေတတ်တယ် ။ ဒါကြောင့် Positive Mindset လေးထိန်းထားပြီး အခြားသူတွေကို မနီးလွန်းမဝေးလွန်းမှာပဲနေရာပေးထားတာ ပိုကောင်းပါလိမ့်မယ် ။

Capricorn

June မှာတော့ Capricorn တွေအတွက် တာဝန်ဝတ္တရားတွေများသလို သီးသန့်အနားယူချိန်လေးတွေ လိုလိမ့်မယ် ။ စိတ်ရောကိုယ်ရောအတွက်ပေါ့ ။ Productivity အရတော့ အားရစရာကောင်းမယ့်လပါ ၊ ဒါကိုမှစိတ်လောပြီး အပြည့်အဝ Enjoy မလုပ်နိုင်တာမျိုးတော့ရှိတယ် ။ ဥပမာပေးရရင်- ဒီအတောအတွင်းကိုပဲ ကိုယ့်ကိုကိုယ်စိတ်တိုင်းမကျဖြစ်တာတွေ ပြန်ပြီး Correct လုပ်မယ် ၊ အားထုတ်ကြိုးစားလာဖို့ရှိမယ် ။

တချို့ရက်တွေမှာအလုပ်နှစ်ဆပြီးသလို တချို့ရက်တွေမှာတော့ Creative Blocked ဖြစ်ပြီး ဘာအကြံဥာဏ်မှထွက်မလာတာမျိုး မလုံလောက်သေးဘူး ၊ ဒီထက်အများကြီးလုပ်နိုင်သေးတယ် လုပ်ရဦးမယ်ဆိုတာမျိုး ခံစားနေရတတ်တယ် ။ အဓိကအကြောင်းတရားကတော့ ကောင်းမွန်တဲ့ Routine တစ်ခုလိုနေတာပါ ။ ကိုယ်ဟာစနစ်တကျလည်းနေတယ် ၊ ဒါကိုမှ ဒီလိုကြုံနေရတယ်ဆိုရင် (၁)အချက်အနေနဲ့ ကိုယ့်အချိန်ဇယားကို အလုပ်ချိန်ပြန်လျော့ပြီး စိတ်အနားယူတဲ့အပိုင်းအခြားတွေ ထပ်တိုးစေချင်တယ် ။ June ဟာဖြည်းဖြည်းမှန်မှန် အောင်ပွဲခံပုံစံမျိုးဖြစ်ပါတယ် ။

(၂)အချက် အထိုင်မများဖို့ ၊ အိပ်ချိန်စားချိန်မှန်ဖို့ ဂရုစိုက်ရပါမယ် ။ ဘာဖြစ်လို့ဆို ဒီတလောထဲကျန်းမာရေးအညံ့ရှိပါတယ် ။ ကြီးကြီးမားမားမဟုတ်ပေမယ့် သေးသေးကွေးကွေးလေးတွေ တစ်ခုပြီးတစ်ခုဖြစ်နေတတ်တယ် ။ ရာသီပေါ်ရောဂါ ၊ လေအောင့်တာ ဝမ်းကိုက်တာ ၊ ခေါင်းအုံခေါင်းခဲနေတာမျိုးတွေရှိတယ် ။ ဒီအတွက်အပူအအေးမျှတပြီး ကိုယ်ခံအားကောင်းနေဖို့လိုမယ် ။ Life Decision ကြီးကြီးချစရာရှိရင် စိတ်အားတက်ကြွနေတဲ့အချိန်ကိုရှောင်ပါ ။ တစ်ရက်နှစ်ရက်အချိန်ယူပါ ။ အနည်းဆုံးတော့ Calm ဖြစ်တဲ့အချိန် စိတ်ကြည်လင်တဲ့အချိန်မျိုးမှာ လက်တွေ့ဆန်ဆန်သွားဖို့လိုတယ် ။

Career အရ သူ့အရှိန်လေးအတိုင်းပဲသွားနေဦးမယ် ။ ပြောင်းလဲမှုကြီးကြီးမားမားလုပ်ချင်ရင် Gym ဆော့တာ မနက်ပိုင်းထပြေးတာ ဒါမှမဟုတ် ပုတီးစိပ် အဓိဠာန်ဝင်တာမျိုးဖြစ်ဖြစ် အားကစားနဲ့ဘာသာရေးဖက်ကိုအချိန်ပိုပေးပါ ။ ဒီတစ်လဟာ အသုံးအစွဲများရတတ်တယ် ။ ငွေအောင်းတဲ့ပုံစံမျိုးမို့လို့ အနာဂတ်အတွက် ပညာရေးအရရင်းနှီးမြုပ်နှံတာ ဝယ်ခြမ်းရတာမျိုးဖြစ်ဖြစ် ၊ လိုအပ်လို့သုံးရတာမျိုး ပိုများလိမ့်မယ် ။ အထူးသဖြင့် ကျန်းမာရေးနဲ့ပတ်သက်လို့ပေါ့ ။ မိသားစုဝင်နဲ့ ကိုယ်ချစ်ခင်ရင်းနှီးရဆုံးသူတွေထဲ ကျန်းမာရေးအညံ့ရှိလာတတ်တယ် ။

Steady Pace လေးတစ်ခုထိန်းထားရမယ့်အထဲ နှလုံးသားရေးလည်း ပါဝင်နေတယ် ။ ဘာမဟုတ်တာလေးကို စိတ်တိုင်းမကျဖြစ်နေတာ ငြင်းနေရတာ ၊ ဖြေရှင်းနေရတာမျိုးရှိလို့ စိတ်ထွက်ပေါက်တစ်ခုရှိနေမှရမယ် ။ Emotionally အရ တအားကြီးသွားမှီထားတာမျိုးမှာလည်း စိတ်ရှုပ်ရတတ်သလို ကိုယ့်ဖက်က Distant အရမ်းဖြစ်နေပြန်ရင်လည်း သူ့ဖက်ကအဆင်မပြေပြန်ဘူး ။ ဒါကြောင့်မို့ အတူနေအချစ်ရေးနဲ့အိမ်ထောင်ရေးမှာ Work-Life Balance လေး အင်မတန်လိုတယ် ။

June ဟာ သူ့နည်းသူ့ဟန်နဲ့အနာဂတ်အောင်မြင်မှုကို အထောက်အပံ့ပေးလိမ့်မယ် ။ Ellie အမြင်အရတော့ တကုပ်ကုပ်ကြိုးစားတဲ့နည်းထက် Routine တစ်ခုပြုပြင်ယူခြင်း ၊ ကျန်းမာရေးဂရုစိုက်ခြင်း ၊ အကြည်ဓာတ်ကိုထိန်းထားနိုင်ခြင်းက ဒီတစ်လအတွက်သင်ခန်းစာလို့ မြင်ပါတယ် ။

Libra

Libra တွေအတွက်ကံကောင်းတဲ့ကာလမို့ ကောင်းမွန်တဲ့အချိုးအကွေ့ အပြောင်းအလဲတွေ June လထဲရှိနေပါတယ် ။ အလုပ်အပြောင်းအရွေ့ ၊ Career Change လုပ်ချင်တဲ့သူတွေ ဒါမှမဟုတ် တက်လမ်းအရ ပညာရေးအရ ဘယ်ဆက်သွားရမလဲလမ်းပျောက်နေသူတွေ ဒီလအတွင်းကိုပဲ စိတ်ကူးအကြံဥာဏ်လည်းပွင့်လာမယ် ၊ တံခါးတွေလည်းပွင့်လာမယ် ။ ကိုယ့်ဖက်က Effort ကောင်းကောင်းပေးရင် ပစ်မှတ်မရောက်တောင်မှ ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုကို ပစ်မလွဲနိုင်မယ့်အပိုင်းအခြားခုဖြစ်ပါတယ် ။

ကျန်းမာရေးကို စကြည့်ကြမယ် ။ ကျန်းမာရေးစိတ်ပူစရာမရှိပါဘူး ။ ဒါပေမယ့် ပိုပြီးတော့ Improve လုပ်စေချင်သေးတယ် ။ ဖြစ်သလိုနေမိရင် ဆင်ခြင်ပါ ။ အထူးသဖြင့် Mental Health နဲ့ပတ်သက်ပြီး ကိုယ့်အလုပ်စားပွဲပတ်ဝန်းကျင်နဲ့ ကိုယ့်အိပ်ခန်း ၊ အချိန်ဖြုန်းတတ်တဲ့နေရာတွေကို သန့်ရှင်းစေချင်တယ် ။ ဖြစ်နိုင်ရင် နေရာအပြောင်းအလဲလုပ်တာ ၊ အစိမ်းရောင်များတဲ့ပန်းချီကား အစိမ်းရောင်အပင်သေးသေးလေးတွေ စိုက်ထားတာမျိုးအားပေးတယ် ။ စိတ်သစ်လူသစ်နဲ့ ရှုထောင့်အသစ်တွေရလာမယ့်လတစ်လ ဖြစ်ပါတယ် ။

လူမှုရေးနဲ့ပတ်သက်လို့အားရမှုရှိပါတယ် ။ မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့သူတွေ မိတ်ဆွေဟောင်းတွေ ကိုယ့်ကို Reach Out လုပ်လာတတ်တယ် ။ ကိုယ့်ဖက်ကလည်း အလုပ်အကိုင်အခွင့်အလမ်းကို အဆက်အသွယ်နဲ့ပတ်သက်ပြီးရတတ်လို့ အသိုင်းအဝိုင်းကိုချဲ့ထွင်ပါ ၊ Social Activity လေးတွေ များများလုပ်ပေးပါ ။ မိသားစုမှာတော့ ပြသနာလေးရှိတတ်တယ် ။ စိတ်ကြဥ်းကြပ်မှုပေးတာ ၊ ကိုယ်လိုချင်တဲ့ Comfort နေရာတစ်ခုဖြစ်မနေတတ်လို့ June အတွင်းတော့ သူငယ်ချင်းတွေနဲ့နေပါ ။ အပြင်များများထွက်လည်နိုင်ရင် ပိုစိတ်ပျော်ရလိမ့်မယ် ။

အချစ်ရေးကိုကြည့်တဲ့အခါမှာတော့ ပျော်စရာလေးအနောက်မှာ စိတ်အလိုမကျစရာလေးတွေ ပူးတွဲရှိတတ်တယ် ။ သူ့ဖက်ကတအားခေါင်းမာတာ ၊ တစ်ကိုယ်ကောင်းဆန်တာမျိုးဆို ပိုပြီး Risk ရှိပါတယ် ။ ကိုယ့်ဖက်ကသည်းခံနိုင်စွမ်း နည်းနေမယ် ။ တော်ရုံဖြေရှင်းလို့ရတဲ့ကိစ္စကို ပုံကြီးချဲ့မိပြီး Break ယူတဲ့သဘောမျိုးဖြစ်လာတတ်တယ် ။ ဒါကိုရှောင်ဖို့အတွက်ဆို June အတွင်းမှာ အဓိက Focus ကကိုယ်ပဲဖြစ်နေသင့်တယ် ။ လျှောက်သွားလျှောက်စား အတူတူပျော်လို့ရတယ် ။ ဒါပြီးရင်တော့ ကိုယ်ပိုင်အချိန်ယူပါ ။ အိမ်ထောင်ရှိသူတွေ ၊ အတူနေတဲ့သူတွေဆိုလည်း တစ်စုံတစ်ခုအကြောင်းပြပြီး သီးသန့်စိတ်အနားယူချိန်လေးတွေ ရှိထားသင့်တယ် ။

June ဟာ စိန်ခေါ်မှုတချို့ရှိပေမယ့် Libra တွေအတွက် ကံကောင်းတဲ့ကာလဖြစ်ပါတယ် ။ Emotion များတာလေးတွေရှောင်ပါ ။ Energy လျော့ပါးစေသူတွေကိုရှောင်ပါ ။ မျက်စိပွင့်နားပွင့်လေးထားပြီး ဘဝတက်လမ်းကိုအားစိုက်ရမယ် ။ တက်ချင်တဲ့သင်တန်း ကျောင်းတွေနဲ့ပတ်သက်လို့ ငွေသုံးပါ ။ ဒီတစ်လအတွင်းစတင်တဲ့ Project တွေ ရေရှည်အကျိုးဖြစ်ပါလိမ့်မယ် ။ ဒီတစ်လအတွက် Focus က အချစ်ရေးမဟုတ်ပါဘူး ။ ကိုယ့်ကိုကိုယ်ပြန်တည်ဆောက်ရမယ် ။ နေရာထိုင်ခင်းရှင်းလင်းဖို့ရယ် ၊ စိတ်ရှင်းလင်းဖို့ရယ် ဖြစ်နိုင်ရင် တံမြက်စည်းလှည်းပါ ။ လက်ရှိခေါင်းဦးစွပ် အိပ်ရာခင်း ၊ ခန်းဆီးလိုက်ကာစတာမျိုး အဖြူ(သို့)အရောင်နုတဲ့အသစ်မျိုး လဲလှယ်လိုက်စေချင်တယ် ။

ရေးသားသူ –Ellie

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။