(၅) စက္ကန့်နဲ့ စိုးရိမ်ပူပန်မှုတွေကို ကျော်လွှားနိုင်ဖို့ရာ

Health Knowledge
(၅) စက္ကန့်နဲ့ စိုးရိမ်ပူပန်မှုတွေကို ကျော်လွှားနိုင်ဖို့ရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ (၅) စက္ကန့်နဲ့ စိုးရိမ်ပူပန်မှုတွေကို ကျော်လွှားနိုင်ဖို့ရာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

(၅) စက္ကန့်နဲ့ စိုးရိမ်ပူပန်မှုတွေကို ကျော်လွှားနိုင်ဖို့ရာ

ဘဝမှာ ခက်ခဲတွေကြုံလာရင် ဘဝနဲ့ပတ်သက်ပြီး ဆုံးဖြတ်ကို မဖြစ်မနေချရတော့မယ်ဆိုရင် လူတော်တော်များများက စိုးရိမ်ပူပန်လာတာ၊ စိတ်သောကရောက်တာတွေဖြစ်လာတတ်ကြပါတယ်။ စိုးရိမ်ပူပန်မှုကို ခံစားနေရတဲ့ သူတွေက အဲဒါကို ထိန်းချုပ်ဖို့ရာ ခက်ခဲကြပါတယ်။ သင်က စိုးရိမ်ပူပန်မှုတွေကို အမြဲတမ်းတွန်းလှန်ခဲ့ရဖူးရင် အကြောက်တရားတွေ၊ စိုးရိမ်သောကတွေက ရုတ်တရက်ပေါ်ပေါ်လာတတ်ကြမှာပါ။

သင့်စိတ်ထဲ အတွေးပေါင်းသောင်းခြောက်ထောင်ဝင်လာတာနဲ့ စိုးရိမ်ပူပန်တာ၊ သောကရောက်ရာတွေဖြစ်ရပါတယ်။ သင့်စိတ်ထဲကို စိုးရိမ်ပူပန်မှုတွေဖြစ်စေတဲ့ အတွေးတွေ၊ ကိစ္စတွေ ရုတ်တရက်ဝင်လာရင် ရုန်းထွက်ဖို့ ခက်ခဲနိုင်ပါတယ်။ စိတ်ထဲကို စိုးရိမ်ပူပန်မှုကိုဖြစ်စေမဲ့အတွေးတွေဝင်လာတာနဲ့ (၅) စက္ကန့်နဲ့ ကျော်လွှားပစ်နိုင်မယ့် အထိရောက်ဆုံးနည်းတစ်ချို့တော့ရှိပါတယ်။ အဲဒီနည်းတွေကို အောက်မှာဖော်ပြပေးလိုက်ရပါတယ်။

ပြောင်းပြန်ရေတွက်ခြင်း

သင်က စိုးရိမ်ပူပန်စေမဲ့အတွေးဝင်လာပြီလို့ ခံစားရရင် (၅) ကနေစပြီး (၁) ထိ အသံကျယ်ကျယ်ထွက်ပြီး ရေတွက်ကြည့်လိုက်ပါ။ ဒီလိုရေတွက်တာက သင့်အတွေးတွေကို ထိန်းချုပ်နိုင်အောင် ကူညီပေးသလို စိုးရိမ်ပူပန်နေရတဲ့စိတ်တွေလည်း ရပ်တန့်သွားပါလိမ့်မယ်။ အခုလိုရေတွက်ခြင်းနည်းကို လိုအပ်ရင်လိုအပ်သလို အကြိမ်အရေအတွက်များများလုပ်ပေးလို့ရပါတယ်။

စည်းမျဉ်းသုံးခု

စိုးရိမ်ပူပန်တာ၊ စိတ်ပူပန်တာတွေ ဖြစ်လာပြီဆိုရင် ဘေး၊ ဘယ်ညာကြည့်ပါ။ မိမိမျက်စိရှေ့မြင်ရတဲ့အရာ (၃) ခုရဲ့ အမည်ကို အော်ပြောပါ။ အဲဒါပြီးရင် သင် ရှင်းရှင်းလင်းလင်းကြားရတဲ့ အသံ (၃) သံကို အသံထွက်ပြီး ပြောပါ။ ဒီနည်းက သင့်ရဲ့စိုးရိမ်ပူပန်စေတဲ့အတွေးတွေကို အနှောင့်အယှက်ဖြစ်သွားစေပြီး သင့်စိတ်တည်ငြိမ်သွားအောင် ကူညီပေးပါလိမ့်မယ်။

အသံကျယ်ကျယ်ထွက်ပြောခြင်း

စိုးရမ်ပူပန်စေမဲ့ အတွေးတွေဝင်လာပြီးဆိုတာနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာကို နားလည်တယ်ဆိုတဲ့အကြောင်းကို အသံထွက်ပြောပါ။ မစဉ်းစားဖို့တော့အရေးကြီးပါတယ်။ ဒါပေမဲ့ သင့်ကိုယ့်ကိုယ်ကို အနှောင့်အယှက်ဖြစ်သွားအောင် စကားတွေပြောပေးပါ။ “ငါ စိုးရိမ်ပူပန်ရုံပါပဲ။ ဒီခံစားချက်က အဝေးကိုထွက်သွားမှာပါ”၊ “အခု ကျွန်မမကြိုက်တဲ့အရာကို ခံစားမိနေတယ်”ဆိုတဲ့စကားတွေကို ကိုယ့်ကိုယ့်ကိုပြောကြည့်ပါ။
“ငါ အလုပ်ကိုအာရုံစိုက်ရမယ်၊ စိုးရိမ်ပူပန်မှုတွေ ပျောက်သွားမှာပါ”၊ “ငါ အဆင်ပြေသွားမှာပါ”၊ “ငါ့ခံစားချက်တွေက အမြဲတမ်းမှန်နေတာမဟုတ်ဘူး၊ ငါ စိတ်သက်သာရရတော့မှာပါ။ စိတ်တည်ငြိမ်ငြိမ်ထား၊ အရာအားလုံးအဆင်ပြေသွားလိမ့်မယ်” စတဲ့စကားတွေကိုလည်း ပြောဖို့ ကြိုးစားကြည့်လို့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။