ကြက်ဥကို ပုံမှန်အချိန်တွေထက် နံနက်ခင်းမှာစားသင့်တဲ့ အကြောင်းရင်း (၇) ချက်

Health
ကြက်ဥကို ပုံမှန်အချိန်တွေထက် နံနက်ခင်းမှာစားသင့်တဲ့ အကြောင်းရင်း (၇) ချက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြက်ဥကို ပုံမှန်အချိန်တွေထက် နံနက်ခင်းမှာစားသင့်တဲ့ အကြောင်းရင်း (၇) ချက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြက်ဥကို ပုံမှန်အချိန်တွေထက် နံနက်ခင်းမှာစားသင့်တဲ့ အကြောင်းရင်း (၇) ချက်

ကြက်ဥကို အခြားသော အချိန်တွေမှာ စားခြင်းထက် နံနက်ခင်းမှာ နံနက်စာအဖြစ် စားခြင်းဟာ အောက်ဖော်ပြပါအကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။

၁။ နွားနို့ ပေါင်မုန့် မီးကင် စတာတွေနဲ့ ကြက်ဥကို စိတ်ကြိုက် တွဲဖက်စားခြင်းဖြင့် ခန္ဓာကိုယ်အတွက် အာဟာရဓာတ် ကြွယ်ဝစေပါတယ်။

၂။ ကြက်ဥကို နံနက်ခင်းမှာ စားခြင်းဖြင့် အဝ မလွန်အောင် ကာကွယ်နိုင်ခြင်းနှင့် ဝိတ်ကျစေခြင်း စတဲ့ အကျိုး ကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

၃။ ကြက်ဥဟာ ပရိုတိန်းဓာတ် များစွာပါဝင်တဲ့ အစားအစာဖြစ်လို့ ဝိတ်မနေသူများ နံနက်ခင်းမှာ စားခြင်းဖြင့် ပိုမိုထွားကြိုင်းသော ကြွက်သားများကို ပိုင်ဆိုင်စေနိုင်မှာ ဖြစ်ပါတယ်။

၄။ ကြက်ဥဟာ အခြားသော အစားအစာတွေလို ဈေးမကြီးလို့ နံနက်ခင်းမှာ နံနံစာ အဖြစ် စားခြင်းဖြင့် ဝင်ငွေချွေတာရာလည်း ရောက်ပါတယ်။

၅။ နှလုံးရောဂါ ရှိသူများအဖို့ စိုးရိမ်စရာ မလိုဘဲ ကြက်ဥကို စားနိုင်ပါတယ်။

၆။ နံနက်ခင်း ကြက်ဥစားခြင်းဟာ သင့်၏ ဦးနှောက်နှင့် အာရုံကြောများ အတွက် ကောင်းမွန်စေပါတယ်။

၇။ အမြင်အာရုံ အတွက်တော့ ပြောစရာမလိုအောင် ကောင်းတဲ့ ကြက်ဥပါ။

ရေးသားသူ – shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။