၁၂ နှစ်အရွယ်ကတည်းက တက္ကသိုလ်တက်ခွင့်ရခဲ့ပြီး ၁၉ နှစ်အရွယ်မှာ ပါရဂူဘွဲ့ ရတော့မယ့် ကျောင်းသားလေး

International News
၁၂ နှစ်အရွယ်ကတည်းက တက္ကသိုလ်တက်ခွင့်ရခဲ့ပြီး ၁၉ နှစ်အရွယ်မှာ ပါရဂူဘွဲ့ ရတော့မယ့် ကျောင်းသားလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၂ နှစ်အရွယ်ကတည်းက တက္ကသိုလ်တက်ခွင့်ရခဲ့ပြီး ၁၉ နှစ်အရွယ်မှာ ပါရဂူဘွဲ့ ရတော့မယ့် ကျောင်းသားလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၂ နှစ်အရွယ်ကတည်းက တက္ကသိုလ်တက်ခွင့်ရခဲ့ပြီး ၁၉ နှစ်အရွယ်မှာ ပါရဂူဘွဲ့ ရတော့မယ့် ကျောင်းသားလေး

၇ နှစ်သား အရွယ်ကတည်းက ဒေသကောလိပ် တက်ခွင့်ရခဲ့တဲ့ အေဘရာဟမ်ဟာ အသက် ၁၉ နှစ်အရွယ်မှာတော့ ဇီဝဆေးပညာဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်နဲ့ Ph.D ဘွဲ့ ယူနိုင်တော့မှာပါ။ အေဘရာဟမ်ဟာ ၄ နှစ်သားအရွယ်မှာတင် ဉာဏ်ရည်မြင့်သူများ အဖွဲ့အစည်း Mensa ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့တာပါ။( ဖြေဆိုမှုတွေမှာ ရမှတ်အများဆုံး ၂ ရာခိုင်နှုန်းကိုပဲ Mensa က အဖွဲ့ဝင်အဖြစ် လက်ခံတာဖြစ်ပါတယ်။)

အသက် ၇ နှစ်အရွယ် အထက်တန်းကျောင်းသားဘဝကတည်းက ဒေသကောလိပ် တက်ခွင့်ရခဲ့တဲ့ အေဘရာဟမ်ဟာ ၁၀ နှစ်သားအရွယ်မှာ အထက်တန်းကျောင်း ပြီးဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်မှာ ကယ်လီဖိုးနီးယားတက္ကသိုလ် တက်ခွင့် ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလမှာ ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး ပါရဂူစာတမ်း ပြုစုမှု ပြီးမြောက်ခဲ့တာကြောင့် လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာတော့ ပါရဂူဘွဲ့ (Ph.D) ရတော့မှာပါ။

မိဘနှစ်ပါးနဲ့ အစ်မဖြစ်သူရဲ့ အားပေး ပံ့ပိုးမှုတွေကြောင့် အခုလို စွမ်းဆောင်နိုင်ခဲ့တာလို့ အေဘရာဟမ်က ဆိုခဲ့ပါတယ်။ သူဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ရောဂါဗေဒနဲ့ ဆေးဝါးဓာတ်ခွဲခန်းဌာနမှာ ဒီဂျစ်တယ်ရောဂါဗေဒဆိုင်ရာ အနုမြူမှန်ပြောင်းကြည့်နည်းစနစ်တွေအတွက် မှတ်ဉာဏ်တုနည်းပညာအသုံးပြုနိုင်ရေးကို သုတေသနလုပ်သွားဖို့ ရှိနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။