ကန်ဒေါ်လာ ၆ သန်းကျော် အိမ်ခြံမြေလိမ်လည်တယ်လို့စွပ်စွဲခံခဲ့ရတဲ့ အဆိုတော်မင်းသား Rain

Celebrity International News
ကန်ဒေါ်လာ ၆ သန်းကျော် အိမ်ခြံမြေလိမ်လည်တယ်လို့စွပ်စွဲခံခဲ့ရတဲ့ အဆိုတော်မင်းသား Rain

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကန်ဒေါ်လာ ၆ သန်းကျော် အိမ်ခြံမြေလိမ်လည်တယ်လို့စွပ်စွဲခံခဲ့ရတဲ့ အဆိုတော်မင်းသား Rain ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကန်ဒေါ်လာ ၆ သန်းကျော် အိမ်ခြံမြေလိမ်လည်တယ်လို့စွပ်စွဲခံခဲ့ရတဲ့ အဆိုတော်မင်းသား Rain

ဒိတ်ဒိတ်ကြဲကေပေါ့ပ်အဆိုတော်မင်းသား Rain ဟာ အီထယ်ဝန်ရပ်ကွက်က အိမ်တစ်အိမ်ကို ကန်ဒေါ်လာ ၆ သန်းကျော်နဲ့ ရောင်းချရာမှာ အိမ်ခြံမြေလိမ်လည်တယ်လို့ စွပ်စွဲခံခဲ့ရတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ လူတစ်ဦးက ပိုင်ဆိုင်မှုအတုအယောင်ရောင်းချမှုအတွက် Rain ကို တိုင်ကြားခဲ့တယ်လို့ Korea JoongAng Daily သတင်းဌာနက စက်တင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားခဲ့တာပါ။

စွပ်စွဲတဲ့သူ မစ္စတာအေရဲ့အပြောအရဆိုရင် ဟွာဆောင်းမြို့က သူ့ရဲ့Namyang New Town အဆောက်အဦးကို အဆိုတော် Rain ဆီ ကန်ဒေါ်လာ ၁၈ သန်းနဲ့ရောင်းချဖို့ သဘောတူညီမှုလုပ်ခဲ့ကြတယ်။ သဘောတူညီချက်အနေနဲ့ မစ္စတာအေက ကန်ဒေါ်လာ ၆ သန်းကျော်နဲ့ အီထယ်ဝန်က Rain ရဲ့အိမ်ကို ဝယ်ယူခဲ့ပါတယ်။ မစ္စတာအေက Rain ကို အဲဒီအိမ်ကို ကြည့်လို့ရမလားလို့ တောင်းဆိုတော့ Rainက အကြည့်မခံခဲ့ဘူးလို့ ပြောပါတယ်။

သဘောတူညီချက်ချုပ်ဆိုပြီးတဲ့နောက်မှာ Rain ပြောထားတဲ့အိမ်ပုံစံ၊ အိမ်ခြံမြေအကျိုးဆောင်ပြထားတဲ့ပုံထဲက အိမ်ပုံစံနဲ့ လုံးဝကွာခြားနေတယ်လို့ ဆိုပါတယ်။

တကယ်အဆောက်အဦးမှာ ပုံထဲပြထားသလို ရေကူးကန်မပါခဲ့ဘူး၊ အတွင်းဒီဇိုင်းတွေလည်း လုံးဝတခြားစီဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ မစ္စတာအေက အိမ်ခြံမြေအကျိုးဆောင်နဲ့ဆက်သွယ်တော့ အိမ်ပုံတွေကို Rain က ပေးပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဩဂုတ်လက မစ္စတာအေက အဆိုတော် Rain ကို Yongsan Police Precint မှာ တိုင်ချက်ဖွင့်ခဲ့တာပါ။

အဆိုတော် Rain က သူ့ရဲ့အေဂျင်စီ Rain Company ကတဆင့် ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး အိမ်ကို လာကြည့်ပြီးမှ ငွေချေတာဖြစ်ကြောင်း၊ အိမ်ပုံကိုလည်း မှားပြီးမပို့ဖူးကြောင်း၊ ဒီလိုတန်ဖိုးကြီးအိမ်ကို ရောင်းဝယ်ရာမှာ ပုံအမှားပို့တယ်ဆိုတာ လုံးဝယုတ္တိမရှိကြောင်း ငြင်းဆိုထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။