အသင်းသမိုင်းမှာ ပထမဆုံး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ မန်စီးတီး

International News Sports
အသင်းသမိုင်းမှာ ပထမဆုံး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ မန်စီးတီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသင်းသမိုင်းမှာ ပထမဆုံး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ မန်စီးတီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသင်းသမိုင်းမှာ ပထမဆုံး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ မန်စီးတီး
မန်စီးတီး ၁-၀ အင်တာမီလန်

အမှားစောင့်ပြီး ခံစစ်သတိပြု ကစားခဲ့လို့ ပထမပိုင်းက ခြောက်ကပ်ခဲ့တယ်။ ဟာလန်း အခွင့်အရေးတစ်ကြိမ်ရပေမဲ့ အိုနာနာလက်ထိထွက်ခဲ့လို့ မန်စီးတီး ဂိုးမရခဲ့တာပါ။ ပထမပိုင်းမှာ မန်စီးတီးရဲ့ အဓိကကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်း ဒဏ်ရာရသွားလို့ ဖိုဒင်နဲ့ လူစားလဲခဲ့ရတယ်။ ပွဲချိန် (၆၈)မိနစ်မှာ ဘာနာဒိုဆေးလ်ဗား ဧရိယာထဲ ချိုးပေးလိုက်တဲ့ဘောလုံး လူထိပြန်ထွက်လာတာကို ရိုဒရီက ကန်သွင်းပြီး မန်စီးတီးအတွက် ဂိုးသွင်းပေးခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက်မှာ အင်တာမီလန် တိုက်စစ်မြင့်လာခဲ့ပြီး ဒီမာကိုရဲ့ ခေါင်းတိုက်ချက် ဘားထိထွက်ခဲ့သလို လူကာကူရဲ့ခေါင်းတိုက်ချက်လည်း အီဒါဆန် ကာကွယ်နိုင်ခဲ့လို့ ချေပဂိုး မရခဲ့တာပါ။ ပွဲချိန်နှောင်းပိုင်းမှာလည်း အီဒါဆန်က အင်တာမီလန်ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့ပါတယ်။

မန်စီးတီးဟာ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလား အစရှိတဲ့ ဖလား (၃)လုံး ဆွတ်ခူးနိုင်ခဲ့တာပါ။

ရေးသားသူ –Yoyarlay Sports

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။