ဆွဲချရေစီးကြောင်းထဲ မျောပါသွားချိန်မှာ သားငယ်ကို အသက်ပေးကယ်တင်ခဲ့တဲ့ ဖခင်

International News
ဆွဲချရေစီးကြောင်းထဲ မျောပါသွားချိန်မှာ သားငယ်ကို အသက်ပေးကယ်တင်ခဲ့တဲ့ ဖခင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆွဲချရေစီးကြောင်းထဲ မျောပါသွားချိန်မှာ သားငယ်ကို အသက်ပေးကယ်တင်ခဲ့တဲ့ ဖခင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆွဲချရေစီးကြောင်းထဲ မျောပါသွားချိန်မှာ သားငယ်ကို အသက်ပေးကယ်တင်ခဲ့တဲ့ ဖခင်

ပင်လယ်ထဲ ဆွဲချတဲ့ ရေစီးကြောင်းနဲ့ ကြုံခဲ့ချိန်မှာ ၃ နှစ်အရွယ် သားငယ်ကို ကယ်တင်ရင်း ဖခင်ဖြစ်သူ ရေနစ် thayဆုံးသွားခဲ့ပါတယ်။ ဒေးဗစ်ကိုးလ်နဲ့ သားငယ်ဟာ ဇွန်လ ၁၁ ရက်က West Mersea မြို့ ကမ်းခြေမှာ ရေကစားနေတုန်း ပင်လယ်ထဲဆွဲချတဲ့ ရေစီးကြောင်းထဲ ပါသွားခဲ့တာပါ။

ဒေးဗစ်ကိုးလ်ဟာ သားဖြစ်သူ ဦးခေါင်း ရေပေါ် ပေါ်နေနိုင်အောင် လုပ်ပေးခဲ့ပြီး သူကိုယ်တိုင်ကတော့ ရေနစ်thayဆုံးခဲ့ပါတယ်။ ဒေးဗစ်ကိုးလ်နဲ့ ၃ နှစ်အရွယ် သားငယ်တို့ ဆွဲချ ရေစီးကြောင်းထဲ ပါသွားချိန်မှာ သူ့ဇနီး မက်ဒေါ်နယ်နဲ့ တစ်နှစ်အရွယ် ကလေးငယ်ကတော့ ကမ်းခြေမှာ ရှိနေကြတာပါ။

အဲဒီနောက်မှာတော့ သူ့သားငယ်ကို Royal National Lifeboat Institution (RNLI)ရဲ့ အဖွဲ့ဝင်တွေက ကယ်တင်ပေးခဲ့တာပါ။ ဒေးဗစ်ကိုးလ်ရဲ့ ဇနီးသည် မက်ဒေါ်နယ်က RNLI အဖွဲ့ဝင်တွေရဲ့ အားထုတ်ကြိုးပမ်းမှုကို ချီးကျူးခဲ့ပြီး သူတို့သာ မကယ်ရင် သူ့သား အသက်ရှင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၆ ရက်မှာ မက်ဒေါ်နယ်က RNLI အတွက် ရန်ပုံငွေပေ့ချ်တစ်ခု ထူထောင်ခဲ့ပြီး အလှူငွေ ပေါင် ၃၅၀၀ ကျော် ရရှိခဲ့ပါတယ်။ သူတို့မိသားစု ဆေးကုသမှု ခံယူခဲ့တဲ့ ကိုလ်ချက်စတာဆေးရုံအတွက်လည်း ငွေလှူဒါန်းပေးချင်တယ်လို့ မက်ဒေါ်နယ်က ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။