ကုသဖို့ ခက်ခဲသူများအတွက် အဖုအကျိတ် ပျောက်စေတဲ့မြန်မာဆေးနည်း

Health
ကုသဖို့ ခက်ခဲသူများအတွက် အဖုအကျိတ် ပျောက်စေတဲ့မြန်မာဆေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကုသဖို့ ခက်ခဲသူများအတွက် အဖုအကျိတ် ပျောက်စေတဲ့မြန်မာဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကုသဖို့ ခက်ခဲသူများအတွက် အဖုအကျိတ် ပျောက်စေတဲ့မြန်မာဆေးနည်း

ဒီတစ်ခါမှာတော့ ကုသဖို့ ခက်ခဲသူများအတွက် အဖုအကျိတ် ပျောက်စေတဲ့နည်းလမ်းကို ဖော်ပြပေးချင်ပါတယ်။အဖုအကျိတ်ဖြစ်၍ သိပ္ပံဆေးဝါးဖြင့် ကုသရန် ခက်ခဲနေသူများအား ထိလည်းထိရောက် ငွေကုန်ကြေးကျ နည်းပါးလှသည့် မြန်မာတိုင်းရင်းဆေးမြီးတို နည်းလေးအား လွပ်လပ်စွာပြန်လည်မျှဝေလို့လည်းရပါတယ်။ဒီဆေးနည်းကိုတော့ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှ အဖုအကျိတ်အတွက် မန်ကျည်း၊ ထုံး၊ပျားကိုသုံးကြမှထုတ်နုတ်ဖေါ်ပြပါသည်။

ပါဝင်ပစ္စည်းများ

(၁) ထုံး(ကွမ်းစားထုံး) ။ (၂) မန်ကျည်းမှည့်(အစေ့မပါ) ။ (၃) ပျားရည်စစ် ။ ထိုသုံးမျိုးကို အဖုအကျိတ် အရွယ်ပမာဏပေါ်မူတည်ပြီး ဆတူရော၍ လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီး နယ်ပေးပါ ။လက်ဖဝါးပေါ်တင်ကာ နယ်ထားသော ထုံး၊မန်ကျည်းမှည့်၊ပျားရည်တို့မျှတစွာ ရောစပ်သွားသော ဆေးကိုအဖုအကြိတ် ပေါ်တင်ရန်ဖြစ်ပါသည် ။ အဖုအကျိတ်ပေါ်ဆေးတင်သောအခါ ပူသောအရသာနှင့် အတွင်းသို့ဆွဲစုပ်သကဲ့သို့ခံစားရပါမည် ပြန်ပြီးမခွာရပါ ။


တစ်နေ့လျှင် ထိုဆေးကို(၃)ကြိမ်မျှ တင်ပေးနိုင်ပါသည် ။

အဖုအကျိတ်ဖြစ်ကာစ ဆိုပါလျှင် ဆေးတင်လိုက်ပါက (၃/၄)ရက်အတွင်း သက်သာပျောက်ကင်းပါသည် ။ အဖုအကျိတ်ရင့်ပြီး ကိုက်ခဲနေလျှင်လည်း ဆေးတင်ပေးပါက ပြည်ပေါက်ပြီးအနာကို အမြန်ကျက်စေပါသည် ။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။