ဖမ်းဆီးပြီး ၂လအကြာမှာ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံလိုက်ရတဲ့ မေပန်းချီ

Celebrity Local News
ဖမ်းဆီးပြီး ၂လအကြာမှာ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံလိုက်ရတဲ့ မေပန်းချီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖမ်းဆီးပြီး ၂လအကြာမှာ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံလိုက်ရတဲ့ မေပန်းချီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖမ်းဆီးပြီး ၂လအကြာမှာ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံလိုက်ရတဲ့ မေပန်းချီ

မေပန်းချီကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ( က) နဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ရုံးချိန်း ၂ ခါထုတ်အပြီးမှာ အခုလိုအမိန့်ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။
မနေ့က အမိန့်ချလိုက်တယ်ပဲသိလိုက်ရတယ်၊အလုပ်ကြမ်းပါ လား မပါလားတောင် သေချာ မသိရသေးဘူး။ ရုတ်တရက် ကြီးချလိုက်တာ။ သူနဲ့အတူအဖမ်းခံရသူတွေ အမိန့်ချသံမ ကြားသေးဘူး “လို့ မေပန်းချီ မိသားစုနဲ့နီးစပ်သူ အနုပညာရှင် တစ်ဦးကပြောပါတယ်။

သရုပ်ဆောင် မေပန်းချီကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်က သူရဲ့ နေအိမ်ရှိရာ ဒဂုံမြို့သစ်မြောက်ပိုင်းက နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး ဧပြီလ ၂၀ ရက်နေ့ ဒဂုံမြို့သစ်မြောက်ပိုင်း ရဲစခန်းမှာ ပုဒ်မ ၅ဝ၅ ကနဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

မေပန်းချီဟာ ဧပြီလအတွင်းက စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ်၊ ပဇီကြီးကျေးရွာမှာဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့ကြသူတွေကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်း တွေနဲ့ ပြည်သူတွေ ပြစ်မှုကျူးလွန်စေဖို့ ရည်ရွယ်ကာ မမှန် သတင်းတွေ ရေးသားဖြန့်ဝေခဲ့တယ်ဆိုပြီး နစက ဘက်က အမှု ဖွင့်အရေးယူခဲ့တာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။

မေပန်းချီနဲ့အတူ အဆိုတော်ရွှေရည်သိန်းတန် ၊The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ၊ အဆိုတော် မေလသံစဉ် ၊ သရုပ်ဆောင် မြတ်သူသူကျော် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ မေပန်းချီ တစ် ဦးတည်းကို ထောင်ဒဏ် ပထမဆုံးချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။