ပတ်စ်ပိုစ့်မှားနေရင် မက်ဆီမကလို့ ဘာကောင်ကြီးဖြစ်ဖြစ်ပေးမဝင်ဘူး

Celebrity International News Sports
ပတ်စ်ပိုစ့်မှားနေရင် မက်ဆီမကလို့ ဘာကောင်ကြီးဖြစ်ဖြစ်ပေးမဝင်ဘူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပတ်စ်ပိုစ့်မှားနေရင် မက်ဆီမကလို့ ဘာကောင်ကြီးဖြစ်ဖြစ်ပေးမဝင်ဘူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပတ်စ်ပိုစ့်မှားနေရင် မက်ဆီမကလို့ ဘာကောင်ကြီးဖြစ်ဖြစ်ပေးမဝင်ဘူး

အာဂျင်တီးနားနဲ့အတူ တရုတ်ကို ရောက်လာတဲ့ မက်ဆီတယောက် ဘေဂျင်းလေဆိပ်မှာ တိုင်ပတ်ခဲ့ပါသေးတယ်။ ခြေစမ်းပွဲကစားဖို့အတွက် ရောက်လာတာဖြစ်ပြီး စပိန်ပတ်ပို့စ်ပဲ ယူလာတဲ့ မက်ဆီကို လေဆိပ်မှာ တာဝန်ရှိသူတွေက ဝင်ခွင့်မပေးခဲ့တာပါ။မက်ဆီက အာဂျင်တီးနားပတ်ပို့စ်ကို မယူလာခဲ့ဘူးလို့ဆိုပါတယ်။

ဖြစ်ချင်တော့ သူ စပိန်ပတ်ပို့စ်နဲ့ ထိုင်ဝမ်ကို သွားခဲ့တဲ့ မှတ်တမ်းကလည်းရှိနေပါတယ်။ မက်ဆီက တရုတ်နဲ့ထိုင်ဝမ်ကို အတူတူပဲလို့ ထင်နေခဲ့ပြီး “တရုတ်နဲ့ထိုင်ဝမ်က အတူတူပဲမဟုတ်ဘူးလား” လို့လည်း မေးခဲ့ပါသေးတယ်။ (ထိုင်ဝမ်ကို တရုတ်က သူတို့အစိတ်အပိုင်းလို့ ပြောထားတာပါ။ ဒါပေမယ့် ထိုင်ဝမ်က သူတို့က သီးခြားလွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံလို့ ကြေညာထားပြီး အငြင်းပွားနေကြပါတယ်။)

ဗီဇာရဖို့အတွက် မက်ဆီတယောက် ၂ နာရီလောက် လေဆိပ်မှာ သောင်တင်နေခဲ့ရပါတယ်။ သူ့ကိုယ်ံရံတော်တွေ၊ အာဂျင်အသင်းဖော်တွေနဲ့အတူ မက်ဆီက တရုတ်ကို သွားခဲ့တာပါ။ အာဂျင်တီးနားပတ်ပို့စ်နဲ့ဆိုရင် သူ အေးအေးဆေးဆေးဖြစ်ခဲ့မှာပါ။ အခု စပိန်ပတ်ပို့စ်နဲ့မို့ တိုင်ပတ်ခဲ့ပြီး တရုတ်ကလည်း မက်ဆီမှန်းသိပေမယ့် တာဝန်က တာဝန်ပဲမို့ လေဆိပ်မှာ အချိန်နည်းနည်းကုန်ခဲ့ရပါတယ်။

ရေးသားသူ –Sports Culture

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။