ရောမခေတ်ရဲ့အင်ဂျင်နီယာပညာရပ်ကို ထင်ဟပ်ပြနေတဲ့ ရေသွယ်ပြွန်

International News Knowledge
ရောမခေတ်ရဲ့အင်ဂျင်နီယာပညာရပ်ကို ထင်ဟပ်ပြနေတဲ့ ရေသွယ်ပြွန်

အချိန်ကာလရဲ့ တိုက်စားမှုကို အံ့တုပြီး ဆက်လက်တည်မြဲနေတဲ့ ရောမခေတ် ရေသွယ်ပြွန်ကို တူနီးရှားနိုင်ငံ ဇာဂေါအန်မြို့မှာ မြင်တွေ့ရတဲ့ မြင်ကွင်းပါ။ ဇာဂေါအန်မြို့ ရေရင်းမြစ်ကနေ ကာသာဂျီမြို့ကို ရေသွယ်တန်းဖို့ တည်ဆောက်ခဲ့တဲ့ ရေသွယ်ပြွန်ဟာ ၁၃၂ ကီလိုမီတာ ရှည်လျားပြီး ရောမအင်ပါယာရဲ့ အရှည်လျားဆုံး ရေသွယ်ပြွန်တစ်ခု ဖြစ်ပါတယ်။

ဇာဂေါအန် ရေသွယ်ပြွန် တည်ဆောက်ခဲ့တဲ့ အချိန်ကာလကို တိတိကျကျ မသိရပေမဲ့ ရောမဧကရာဇ် ဟာဒရီယန် လာရောက်ခဲ့တဲ့ ၁၂၈ ခုနှစ်မှာ ၅ နှစ်ကြာ မိုးခေါင်ရေရှားမှုကို အဆုံးသတ်ဖို့ အဲဒီရေသွယ်ပြွန်ကို တည်ဆောက်ခဲ့တာဆိုတဲ့ ရေးသားဖော်ပြမှုတွေတော့ ရှိခဲ့ပါတယ်။

ရေသွယ်ပြွန်တွေဟာ ရောမအင်ပါယာရဲ့ အထင်ရှားဆုံး အင်ဂျင်နီယာပညာရပ်ကို ထင်ဟပ်ပြသမှုဖြစ်ပါတယ်။ ဇာဂေါအန်ရေသွယ်ပြွန်ဟာ ရေရင်းမြစ်ရှိရာဘက်မှာ အမြင့် ၂၆၄ မီတာရှိပြီး စစချင်း ၆ ကီလိုမီတာအကွာအဝေးမှာ ရေစီးကောင်းအောင် အမြင့် ၁၃၀ မီတာအထိ ခြားနားထားပါတယ်။ နောက်ပိုင်းမှာတော့ ဝ.၃ % နိမ့်ဆင်းပြီး ပြေပြေပြစ်ပြစ် တည်ဆောက်ထားတာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။