ဒီကနေ့မှာကျရောက်တဲ့ ချစ်ဇနီးလေးရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မြတ်သူသူရဲ့ခင်ပွန်း

Celebrity Local News
ဒီကနေ့မှာကျရောက်တဲ့ ချစ်ဇနီးလေးရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မြတ်သူသူရဲ့ခင်ပွန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒီကနေ့မှာကျရောက်တဲ့ ချစ်ဇနီးလေးရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မြတ်သူသူရဲ့ခင်ပွန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာကျရောက်တဲ့ ချစ်ဇနီးလေးရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မြတ်သူသူရဲ့ခင်ပွန်း

ပရိသတ်ကြီးရေ မြတ်သူသူကတော့ပရိသတ်တွေရဲ့ ချစ်ခင် မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ မကြာသေးခင် ကတော့ ချစ်သူလေးနဲ့ ရွှေလက်တွဲခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့ ကြင်နာမှုအပြည့်နဲ့အချစ်ခံရတာကြောင့် ပရိသတ်တွေက အားကျနေခဲ့ရပါသေးတယ်။

ဒီနေ့ ဇွန်လ (၁၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ မင်းသမီးချောလေး မြတ်သူသူရဲ့ အသက် (၃၃)နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနေ့မှာကျရောက်တဲ့ မြတ်သူ သူရဲ့ မွေးနေ့အတွက်ကိုတော့ ခင်ပွန်းဖြစ်သူက သူ့ရဲ့လူမှု ကွန်ရက်စာမျက်နှာကနေ “14.6.2023 မှာကျရောက်တဲ့ ချစ်ဇနီး ချစ်သူ မီးမီးလေး။ မွေးနေ့ စပြီး စိတ်ပျော်ရွှင် ဝမ်းမြောက် ကြည်နူးမှု များနဲ့ လိုအင်ဆန္ဒတွေ တစ်လုံး တစ်ဝထဲပြည့်စုံပြီး အနုပညာ လုပ်ငန်း မှာလည်း အောင် မြင် တိုးတက် ကျော်ကြား ပါစေ။

ကိုကို နဲ့ ရာသက်ပန် အမြဲရွှေလက်တွဲပြီး ကိုကို နဲ့ အတူ အတူ ဘာသာ သာသနာ လူမှု အကျိုးသယ်ပိုးထမ်းဆောင် လှူဒါန်းနိူင်ပါရစေလို့ ကိုး ကမွေးနေ့ ဆုတောင်းပေးပါတယ် ကိုး အရမ်းချစ်ရတဲ့ ချစ်ဇနီး ချစ်သူ မီးမီးလေး” ဆိုပြီး အထဲမှာရောက်နေတဲ့ ဇနီးသည်အတွက် မွေးနေ့ဆုတောင်း ပေးထားခဲ့ပါသေးတယ်။ ပရိသတ် ကြီးရေ မြတ်သူသူရဲ့ မွေးနေ့မှာ အချုပ်အနှောင်တွေက ကင်းလွတ်အောင်မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။