မျက်စိကျန်းမာရေးထိန်းသိမ်းရန် လွယ်ကူရိုးရှင်းသောနည်းလမ်းများ

Local News

မျက်စိကျန်းမာရေးထိခိုက်စေနိုင်သည့် နေထိုင်စားသောက်ပုံများကိုနားလည်ရန် အရေးကြီးပြီး

မျက်စိကျန်းမာရေးနှင့်ပတ်သက်၍ ပေါ့ပေါ့တန်တန်သဘောမထားသင့်ကြောင်း ပညာရှင်များက ပြော ကြားသည်။

မျက်စိကျန်းမာရေးကို လူအများက များစွာဂရုစိုက်လေ့မရှိဘဲ အခြေအနေဆိုးရွားလာမှသာ

ဆေးခန်း ပြလေ့ရှိကြသည်။ ယင်းမှာ မှားယွင်းသောလုပ်ရပ်ဖြစ်ပြီး

အမြင်အာရုံပိုဆိုးမလာခင်ကပင် မျက်စိကျန်းမာ ရေးကို ထိန်းသိမ်းထားသင့်သည်။

မျက်စိကျန်းမာရေးသည် စားသောက်သောအစားအစာမှအစပြုပြီး

အိုမီဂါ (၃) ဖက်တီးအက်စစ်များ၊ ဇင့်နှင့် လူတိန်း၊ ဗီတာမင်စီနှင့် အီး တို့ကဲ့သို့

အာဟာရဓာတ်များက မျက်စိကျန်းမာရေးကို အထောက်အကူ ပြုနိုင်သည်။

အသက်အရွယ်ကြီးရင့်လာပါက မျက်စိကျန်းမာရေးအရည်အသွေး

ယုတ်လျော့လာတတ်သော ကြောင့် ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်နှင့် ဒေါက်ခွရွက်တို့ကဲ့သို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊

သစ်သီးများနှင့် ဆယ်လ်မွန်ငါး၊ တူနာငါးများနှင့် အခြားအဆီပါသောငါးများကို ပုံမှန်စားပေးသင့်သည်။

ထို့ပြင် ဗာဒံစေ့ကဲ့သို့ အစေ့အဆန်များလည်း ပုံမှန်စားပေးသင့်ကာ

လိမ္မော်သီးကဲ့သို့ ဗီတာမင်စီကြွယ်ဝသော သစ်သီးများ စားပေးသင့်သည်။

ဆေးလိပ်သောက်ခြင်းကြောင့် အမြင်အာရုံဆိုင်ရာအာရုံကြောများ၊

ကြွက်သားများကို ထိခိုက်စေ နိုင်သောကြောင့် ဆေးလိပ်သောက်တတ်ပါက ဆေးလိပ်ဖြတ်ရန် အရေးကြီးသည်

အပြင်ထွက်ချိန်တွင် အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ မျက်စိများကိုကာကွယ်ရန်

နေကာမျက်မှန်တပ်သင့်ပြီး အလုပ်နေရာများ၌ လေထုညစ်ညမ်းမှုအမှုန်များ

မျက်စိထဲမဝင်စေရန်ကာကွယ်ရေးမျက်မှန်များ တပ်ဆင်သင့်သည်။

ကွန်ပျူတာနှင့် ဖုန်းမျက်နှာပြင်များကြည့်ချိန်ကို လျှော့ချ သင့်ပြီး ကြာမြင့်စွာအသုံးပြုနေသူများအနေဖြင့်

အဝေးတစ်နေရာသို့ မကြာခဏကြည့်ပေးရန်လိုအပ်သည်။

ထို့ပြင် အရေးကြီးသောနောက်တစ်ချက်မှာ အိပ်ရေးဝအောင်အိပ်စက်ရန်ဖြစ်သည်။

-Ref : WebMD

Source : 7Day NEWS

Plz Like & Share

 

Leave a Reply