” သံမနိုင်ကျောက်မနိုင်ပင် “အစွမ်း

Health
” သံမနိုင်ကျောက်မနိုင်ပင် “အစွမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့” သံမနိုင်ကျောက်မနိုင်ပင် “အစွမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

” သံမနိုင်ကျောက်မနိုင်ပင် “အစွမ်း

မြန်မာ့ဆေးကျမ်းများအလိုအရ သံမနိုင်ကျောက်မနိုင်သည် ချုပ်သော သတ္တိရှိသည်။ ဖောရောင်ခြင်းကို ကျစေသည်။ ထိုင်းမှိုင်းစေသည်။ ဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်း၊ ဆီးချုပ်၊
ကျောက်တည်ရောဂါများကို ပျောက်ကင်းစေ၍ အနာများကို ပြည်ပေါက်စေပါသည်။

(၁) ပုံတွင်ပါသော သံမနိုင်ကြောက်မနိုင်ပင်၏ ပဉ္စငါးပါး (အပင်၊အရွက်၊အမြစ်၊ အသီးအပွင့်၊အကိုင်း)အားလုံးကို လက်တဈဆုပ်ခန့် ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညှစ်ယူပါ။

(၂) ၎င်းသတ္တုရည်ကို လက်ဖက်ရည်တစ်ဇွန်းခန့် မနက်၊ ည တစ်ရက် ၂ ကြိမ် သောက်ပါ။

(၃) သံမနိုင်ကျောက်မနိုင်ပင်ကို ပြုတ်၍ ပြုတ်ရည်ကို

လက်ဖက်ရည်ခွက် တစ်ခွက်ခန့် တစ်ရက် ၃ ကြိမ် သောက်ပါ။သံမနိုင်ကျောက်မနိုင်ပင်ကို နေရိပ်တွင်အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့သို့ ရေနွေးခတ်သောက်ပါ။ရေများများသောက်ပါ။ ၅ ရက် သို့မဟုတ် တစ်ပတ်ခန့် ၎င်းဆေးကို သောက်သုံးပေးပါက ကျောက်ကပ်မှကျောက်သည် နံနက်ပိုင်း အပေါ့စွန့်သည့်အချိန်တွင် အတူကျလာပါလိမ့်မည်။

သံမနိုင်ကျောက်မနိုင် ရေနွေးသည် ဆီးကျောက်တည်ခြင်းအပြင် ဝမ်းသွား ခြင်း ၊ သွေးဆင်းခြင်း၊ မီးယပ်ဖြူ ဆင်းခြင်း စသည်တို့ကို ပျောက်ကင်း စေ၏။ ငွေကုန်ကြေးကျနည်း၍ ထိရောက်သည့် ဆေးမြီးတိုနည်းဖြင့်ကျောက်သည်ရောဂါများ ပျောက်ကင်းနိုင်ကြပါစေ။

အသုံးပြုပုံမှာ အရွက်ကို အရည်ညှစ်၍ နို့နှင့် ရောသောက်ပါက ကလေးသူငယ်များ ဝမ်းဗိုက် အောင့်ခြင်းကို သက်သာစေ၏ ။ အရွက်ခြောက်များကို ရေစိမ်၍ သောက်ပါက ဝမ်းသွားခြင်း ၊ သွေးဆင်းခြင်း၊ မီးယပ်ဖြူ ဆင်းခြင်း စသည်တို့ကို ပျောက်ကင်းစေ၏ ။

ပဉ္စငါးပါးကို အရည်ညှစ်ပြီး ကျိုချက်၍ လည်းကောင်း၊ အခြောက်ကို လက်ဖက်ရည် ကဲ့သို့ ပြုလုပ်၍လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ ၊ ကျောက်တည် ရောဂါများပျောက်ကင်းစေ၏။ ပဉ္စငါးပါး အစိုကို ထမင်းနှင့် ဆတူ ရော၍ ကြိတ်ပြီး နံနက် ည နှစ်ကြိမ် အုံပေးပါက နို့နာများ ပြည်ပေါက်ပြီး ပျောက်ကင်း၏။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။