တစ်ရက်ထဲနဲ့ ကိုဗစ်ကူးစက်သူ ၁ သိန်းကျော်သွားပီ ကမ္ဘာ့စံချိန်သစ်ချိုးသွားတဲ့ အမေရိကား

Health

အမေရိကားမှာ အောက်တိုဘာ ၃၀ရက် သောကြာနေ့က တစ်ရက်ထဲကုးစက်မှု တစ်သိန်း ကျော်သွားခဲ့တဲ့လို့ ရိုက်တာ စာရင်းကဖော်ပြလိုက်ပါတယ်။

အဲဒီ့လက်ရှိစာရင်းဟာ အမေရိကန်နိုင်ငံ တစ်နိုင်ငံထဲမှာတင်မကပဲ ကမ္ဘာ့နိုင်ငံအသီးသီး မှာပါ တစ်ရက်ထဲ ကူးစက်မှုနှုန်း အမြင့်ဆုံး အနေနဲ့ စံချိန်တင်သွားခဲ့တာပါ။

အဲဒီ့နေ့တုန်းက အမေရိကန်မှာ ကူးစက်သူ အရေအတွက် ၁၀၀၂၃၃ ဦးရှိခဲ့ပြီး ကပ်ရောဂါ ဖြစ်ပွားနေဆဲအတွင်း အိန္ဒိယနိုင်ငံက စံချိန်တင်ထားတဲ့ တစ်ရက်ထဲကူးစက်မှု ၉၇၈၉၄ ထက် များပြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့၁ဝရက်တုန်းက ကူးစက်မှုတွေထက် ၅ဆ ကူးစက်မှုပိုများလာခဲ့တာဖြစ်ပြီး အမေရိကန်ရဲ့သမ္မတရွေးကောက်ပွဲနေ့မတိုင်မီ လေးရက်အလိုမှာ အခုလိုကူးစက်မှုနှုန်းတွေ တိုးများလာခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ COVID-19ကူးစက်သူစုစုပေါင်း ၉ဒသမ၃သန်းကျော်သွားခဲ့ပြီး ဗိုင်းရပ်စ်ကြောင့်သေဆုံးသူစုစုပေါင်းကတော့ ၂၃၅၀၀၀ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

Leave a Reply