မီတာ ၅၀၀ အဝန်းအဝိုင်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး သီဟိုဠ်သရက်ပင်ကြီး

International News Knowledge
မီတာ ၅၀၀ အဝန်းအဝိုင်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး သီဟိုဠ်သရက်ပင်ကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မီတာ ၅၀၀ အဝန်းအဝိုင်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး သီဟိုဠ်သရက်ပင်ကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မီတာ ၅၀၀ အဝန်းအဝိုင်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး သီဟိုဠ်သရက်ပင်ကြီး

ဘရာဇီးနိုင်ငံ ရီယိုဂရန်ဒီဒိုနော့တေးပြည်နယ်မှာ ရှိတဲ့ ပီရန်ဂီသီဟိုဠ်သရက်ပင်ဟာ ကမ္ဘာ့အကြီးဆုံး သီဟိုဠ်သရက်ပင်ကြီး ဖြစ်ပါတယ်။ စတုရန်းမီတာ ၇၃၀၀ ကနေ ၈၄၀၀ ကြား အကျယ်အဝန်းအထိ နေရာယူထားပြီး သာမန်သီဟိုဠ်သရက်ပင် ၇၀ စာ အရွယ်အစား ရှိပါတယ်။ ပီရန်ဂီသီဟိုဠ်သရက်ပင်ရဲ့ အဝန်းအဝိုင်းက မီတာ ၅၀၀ ရှိပါတယ်။

ပီရန်ဂီသီဟိုဠ်သရက်ပင်ရဲ့ အကိုင်းအခက်တွေဟာ လေးလံလွန်းတာကြောင့် မြေပြင်ပေါ် ကိုင်းညွတ်ကျနေပြီး မြေပြင်နဲ့ ထိမိတဲ့နေရာမှာ နောက်ထပ်အမြစ်သစ်တွေ ပေါ်ပေါက်လာပြီး ထပ်ပွားသွားတာကြောင့် အခုလို အရွယ်အစားကြီးမားလာတာ ဖြစ်ပါတယ်။ ဒီအပင်ကြီးဟာ နှစ်တစ်ထောင်ကျော် သက်တမ်းရှိပြီး နှစ်စဉ်နှစ်တိုင်း သီဟိုဠ်သရက်သီး ၆၀၀၀၀ သီးနေဆဲပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။