ဇက်ကြောတက်ခြင်း အမျိုးမျိုးအတွက်

Health
ဇက်ကြောတက်ခြင်း အမျိုးမျိုးအတွက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဇက်ကြောတက်ခြင်း အမျိုးမျိုးအတွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇက်ကြောတက်ခြင်း အမျိုးမျိုးအတွက်

ခေါင်းငုံ့၍အလုပ်လုပ်ရသူ၊အချိန်အကြာကြီးစာဖတ်သူ၊တို့တွင်အဖြစ်များသောရောဂါ။

ဗာဒံရွက်ကို မီးပြပြီးဇက်ကြောတက်ရာနေရာတွင်ကပ်ပေးပါ။
အာလူးပါးပါးလှီးကပ်ပါ။
ကွမ်းရွက် မီးပြပြီးကပ်ပါ။
ကြေးဇွန်းကိုမီးနွေးနွေးပြ ပြီးဖိပေးပါ။

မိဿလင်အခြောက်မှုန့်ကို အဝတ်ဖြင့်ထုပ် ရေနွေးငွေ့ခံပြီးကြပ်ထုပ်ထိုးပေးပါ။

လက်မနှင့်လက်ညိုးခွကြားရှိ ကြွက်သားကို ကျန်လက်တဖက်၏လက်ညိုးလက်မဖြင့် ဖျစ်၍နှိပ်ပေးပါ။

မျက်နှာသစ်လျှင် ရေကိုလက်ခုပ်ဖြင့်ယူပြီး ဇက်ပိုးတွင်ပုတ်ပေးလျှင် ဇက်ကြောတက်သက်သာသည်။

ဇက်ခိုင်လျှင်ခေါင်းအုံးအမာဖြင့်အိပ်သူ၊တန်းလျားခုံတန်းပေါ်ဇက်တင်အိပ်မိသူများ။

မင်သော်ဆီ၊လေးညှင်းဆီ၊ပရုတ်ဆီ၊တို့ကို ပျားဖယောင်းနှင့်ရောစပ်ကျိုပြီး ဇက်ပေါ်လိမ်းပေးပါ။

ဆားကြမ်း ရေနွေးနှင့်ဖျော်ပြီး မျက်နှာသုတ်ပုဝါစိမ်ရေညှစ်ပြီးဇက်ပေါ်တင်ပေးလျှင် ဇက်ခိုင်ခြင်းသက်သာစေသည်။

ဇက်လေးလျှင်မုန်ညှင်းဆီနှင့်နှမ်းဆီကိုမီးနွေးပြီးဇက်ပေါ်လိမ်းကာ ဘယ်ညာလှည့်ပေးပါ။

ဇက်လှည့်မရ(အုံးလွဲလျှင်)မုန်ညင်းဆီကို မီးနွှေးပြီး ဇက်နှင့်လက်ပြင်တွင် လိမ်းပေးပါ။

ဆားကြမ်းကိုအဝတ်ဖြင့်ထုပ် ရေနွေးငွေ့ခံကြပ်ထုပ်ထိုးပေးပါ။

ကြေးဖလားကိုမီးပြပြီးဇက်ပိုးတွင်အုပ်ပေးလျှင်အုံးလွဲခြင်းကိုသက်သာစေသည်။

ခေါင်းအုံးကိုနေပူလှန်းပြီး(လက်ပြင်ငုပ်သူက)တုတ်ဖြင့်ရိုက်လျှင်သက်သာသည်။(ရှေးနည်း)

လက်ပြင်ပေါ် အဝတ်ပါးတင်ပြီးကြောင်၏လက်သည်းဖြင့်အသားကိုမထိအောင်ကုတ်ပေးလျှင်သက်သာသည်။

(ရှေးနည်း)

ဇက်ကျီးပေါင်းကြောင့်ဇက်ကြောတက်လျှင်

သင်္ဘောရွက်ကို ပျော့အောင်မီးပြ/ရေနွေးစိမ်ပြီး ဇက်ပိုးတွင်ကပ်ပေးပါ။

ကျီးပေါင်းအဖုထွက်နေလျှင်မုန်ညင်းဆီလိမ်းပြီး ရဲယိုရွက်မီးပြကာဇက်ပိုးမှာကပ်ပေးပါ။

မုန်ညင်းဆီတွင် ချင်းနှင့်မိဿလင်ထုထောင်းထည့်၍ မီးနှင့်ချက်အပူပေးပြီးလိမ်းပေးပါ။

နနွင်းမှုန့်၊သက်ရင်းကြီးမြစ်အမှုန့်နလင်ကျော်ခေါက်အမှုန့်တို့ကို မီးကျီးခဲပေါ်ဖြူး၍ မှိုင်းရှူပေးလျဇင် ကျီးပေါင်းကြောင့်ဇက်ကြောတက်ခြင်းကိုသက်သာစေသည်။

ကျီးပေါင်းကိုက်လျင် ချင်းခြောက်မှုန့်နှစ်ဆ လင်းလေမြစ်အမှုန့်တဆ၊ရောစပ်ပြီးရေနွေးလက်ပြင်ငုပ်ပြီးလက်တလျှောက်တို့ကိုသွေးလိမ်းပေးပါကသက်သာစေသည်။

ကြည်လွင်မြင့်(မုဒြာ)(ဆေးနည်းတိုကုထုံးများမှ)

ရှောက်သီးတလုံးကို အရည်ညစ်ယူပြီး၎င်း အရည် အခွံ အစေ့ပါသုံးမျိုးစလုံးကြွေရည်သုတ်ဇလုံတွင်ထည့် ဆားသင့်ရုံဖြင့်ပွက်ပွက်ဆူနေသော ရေနွေးပူကရားတလုံးစာထည့်ပါ။အအေးခံပြီး နံက်တကြိမ် ညတကြိမ်သင့်ရုံသောက်ပါ။တပတ်အတွင်းသက်သာပျောက်ကင်းပါသည်။

ရှိန်းခို မန်ကျည်းစေ့ခန့်ကို ရေနှင့်သောက်ပြီးထန်းလျက်တလုံးစားပါ။

ရေသောက်ပါ။နံက်တကြိမ် ညတကြိမ်(၁၅)ရက်ခန့်စားပါ။သက်သာပျောက်ကင်းစေသည်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။